
ချယ်လ်ဆီးနည်းပြ တာဝန်မယူမီ မိုဗစ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောချင်သည် ဆိုသည့် ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာ..
ဥရောပ ချန်ပီယံ ချယ်လ်ဆီးအသင်းသည် တစ်နှစ်လုပ်ခ ပေါင် ၁၁ သန်းပေးမည်ဟူသည့် ကမ်းလှမ်းမှုဖြင့် ဂွါဒီယိုလာကို နည်းပြတာဝန်ပေးရန် ပြင်ဆင်လျှက် ရှိသည်။
လာမည့် တနင်္လာနေ့တွင် စပိန်နိုင်ငံ၌ အပြာရောင်အသင်း တာဝန်ရှိသူများနှင့် ဂွါဒီယိုလာတို့ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ပြီး ဂွါဒီယိုလာ ကိုယ်တိုင်ကမူ မိုဗစ်နှင့်ပါ တွေ့ဆုံလိုလျှက် ရှိနေသည်။
မိုဗစ်ကိုယ်တိုင် အနေဖြင့်လည်း ဂွါဒီယိုလာနှင့် တွေ့ဆုံရန် လွန်ခဲ့သည့်နှစ်ကတည်းက အဆင်သင့်ရှိနေခဲ့ပြီး ဖြစ်သည်။ ချယ်လ်ဆီးအသင်း အတွင်းလူတစ်ဦးက "မိုဗစ်နဲ့ တွေ့ပြီးတာနဲ့ အားလုံးကိစ္စ ပြီးသွားမှာပါ။ သူ ချယ်လ်ဆီးနည်းပြ ဖြစ်လာလိမ့်မယ်။" ဟု ဆိုခဲ့သည်။
ယခုအချိန်အထိမူ ယာယီနည်းပြ အနေဖြင့် တစ်နှစ်အတွင်း ချယ်လ်ဆီးအသင်းကို အက်ဖ်အေဖလား နှင့် ဥရောပသရဖူရယူပေးခဲ့သည့် နည်းပြ ဒီမက်တီယို၏ အနာဂတ်မှာ ရှင်းလင်းပြတ်သားခြင်း မရှိသေးပေ။
ဒီမက်တီယို အနေဖြင့်မူ တစ်နှစ်သက်တမ်းဖြင့် ကာလတို နည်းပြပေးရမယ့် အခွင့်အရေးအတွက် စိတ်ဝင်စားခြင်း မရှိကြောင်း ပြောဆိုခဲ့ပြီး ဖြစ်သည်။
1 comments:
ဘာဖြစ်ဖြစ်ချဲလ်ဆီးပဲ
ဒီမက်တီယိုကိုကျေးဇူးတင်ပါတယ်
Post a Comment