Sunday, 20 May 2012

အကောင်းဆုံးအသင်း ရှုံးနိမ့်သွားတာပါ - သောမတ်စ်မူလာ
အကောင်းဆုံးအသင်း ရှုံးနိမ့်သွားတာပါ - သောမတ်စ်မူလာ
ဘေယန်မြူးနစ်တိုက်စစ်မှူး သောမတ်စ်မူလာက အကောင်းဆုံးအသင်းသည် အမြဲတမ်းအနိုင်မရကြောင်း မနေ့ညက ချယ်လ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲအပြီးတွင် ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ဂျာမန်တိုက်စစ်မှူးသည် ပွဲပြီးရန် ခုနှစ်မိနစ်အလိုတွင် ဘေယန်မြူးနစ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သော်လည်း၊ နောက် ငါးမိနစ်အကြာတွင် ဒရော့ဘာက ပြန်လည်ချေပသွားခဲ့ပြီး၊ ပင်နယ်တီအဆုံးအဖြတ်တွင် ဘေယန်မြူးနစ်မှာ ချယ်လ်ဆီးအသင်းအား (၄-၃)ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။

“ဒါဟာ ဘောလုံးပါပဲ၊ ဒီလိုအဖြစ်အပျက်မျိုးတွေ ကျွန်တော်တို့အတိတ်မှာလည်း မြင်ခဲ့ဖူးပါတယ်၊ ပိုကောင်းတဲ့အသင်းဟာ အမြဲတမ်းအနိုင်မရပါဘူး၊ ခင်ဗျားဟာ ကိုယ့်ရဲ့ပရိသတ်တွေ ရှေ့မှောက်မှာပဲ ဂိုးသွင်းယူခဲ့ပြီး၊ အောင်ပွဲနဲ့နီးစပ်ခဲ့တယ်၊ ပြီးတော့ ချယ်လ်ဆီးအသင်း ဖလားကိုင်မြှောက်တာကို ကြည့်ခဲ့ရတယ်၊ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့တာကို ခင်ဗျား တွေ့ပါလိမ့်မယ်”

“အဲဒီအဖြစ်အတွက် စကားလုံး ရှာမရပါဘူး၊ ဒါပေမယ့် ဘောလုံးဟာ အရာအားလုံး မဟုတ်ပါဘူး”ဟု သောမတ်စ်မူလာက ပြောကြားသွားခဲ့သည်။

ချန်ပီယံလိဂ်တွင် ဒုတိယရရှိခဲ့သည့် ဘေယန်မြူးနစ်သည် ဘွန်ဒက်လီဂါ အမှတ်ပေးပြိုင်ပွဲနှင့် ဂျာမန်ပိုကယ်လ်ဖလားပြိုင်ပွဲများတွင်လည်း ဒုတိယဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

0 comments:

Post a Comment