
၈ရာသီ ကြာပြီးနောက်မှာတော့ ချန်ပီယံလိဂ်အောင်မြင်မှုနှင့်အတူ ကြီးမားတဲ့ ၀မ်းနည်းမှုနဲ့တကွ အသင်းက စွန့်ခွာရပါတော့မယ်။ အရမ်းကောင်းတဲ့ ပုံပြင်တောင်မှ နောက်ဆုံးမှာတော့ အဆုံးသတ်ရပါတယ်။ ကျွှန်တော့်ရဲ့ စာချူပ်က ကုန်သွားပါပြီ။ Blues ကနေ ထွက်ခွာဖို့ ပြင်ဆင်ရပါတော့မယ်။ ဒါဟာ တကယ်ကို ၀မ်းနည်းစရာ အလွန်ကောင်းပြီး ချယ်လ်ဆီးကထွက်ခွာတော့မယ်ဆိုတာ ကြေငြာချင်ပါတယ်။
ကျွှန်တော်ရဲ့ နောက်ဆုံးပွဲကို မြူးနစ်မှာ ကစားပေးခဲ့ပြီး နောက်ဆုံးမှာ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ခဲ့တဲ့အတွက် အရမ်းကို ကျေနပ်မိပါတယ်။ ခွဲခွာခြင်းဟာ ဘောလုံးသမားတွေနဲ့ မကင်းပေမယ့် ကျွှန်တော်ဝမ်းနည်းနေပါတယ်။ ဒါကို လက်ခံရပါမယ်။ နောက်ဆုံးအနေနဲ့ ဒီမှာ ဖြတ်သန်းခဲ့တဲ့ အကောင်းဆုံးရာသီတွေကို အမြဲ အမှတ်ရနေမှာပါ။ ဖြစ်ပျက်ခဲ့သမျှတွေ အားလုံးဟာ ကျွှန်တော်မှတ်ညဏ်ထဲမှာ ထာဝရရှိနေမှာပါ။
ကျွှန်တော်ကို အားပေးတဲ့ ပရီတ်သတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကလပ်အောင်မြင်မှုတွေ ဆက်လက်ရရှိပါစေလို့ ဆုတောင်းပေးပြီး တစ်ချိန်မှာ ကလပ်ကို တခြားပုံစံနဲ့ ပြန်ရောက်လာနိုင်မှာပါ။
Blue is the Color!!
Regards,
Didier
0 comments:
Post a Comment