
ပြီးခဲ့သည့် စနေနေ့တွင် ချယ်လ်ဆီးအသင်းသားအချို့သည် အောင်ပွဲများအထိမ်းအမှတ် ပါတီပွဲကို လန်ဒန်မြို့ရှိ
Boujis nightclub ၌ဆင်နွဲခဲ့ကြောင်း သတင်းများကဖော်ပြခဲ့သည်။ ထူးခြားမှုအနေနှင့် ယင်းပွဲကို
နာမည်ကြီး Celebrity အဆိုတော် Rehinna က အသင်းမှ ကစားသမားများဖြစ်သည့် မီရားလက်စ်၊ အက်ဆီယံ၊
ဒရော့ဘာ၊ ကာလူးတို့နဲ့အတူ ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။
ကစားသမားများမှာ ပွဲတက်ရောက်ရန် သီးခြားစီရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အားလုံး၏ပုံစံမှာ လန်းဆန်းပြီး
ပေါ့ပါးလျက်ရှိနေကြကြောင်း၊ ပါတီချိန်အတွင်းအပြည့်အ၀ပျော်ရွှင်ခဲ့ကြသော်လည်း Rehinna မှာ အရက်မူးနေသည့် အနေအထားဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ Rehinna သည် ပြီးခဲသည့်နှစ်အတွင်း မူးယစ်ဆေးဝါးနှင့်
အရက်အလွန်အကျွံသုံးစွဲမှုကြောင့် အရက်ဖြတ်ဆေးရုံသို့တက်ရောက်ခဲ့ဘူးသူဖြစ်သည်။ ညသန်းခေါင်ကျော်တွင်
၎င်း၏ တွစ်တာမှတစ်ဆင့် ဒရော့ဘာနှင့်တွဲရိုက်သည့်ပုံကိုလည်း ချက်ချင်းတင်ခဲ့သည့်အပြင်
“THEE DIDIER DROGBA #thereisaGod” ဟုရေးသားခဲ့သည်-

သို့သော် Rehinna မှာချယ်လ်ဆီးအားပေးသူ ဟုတ်မဟုတ်ကိုမူ ကွဲကွဲပြားပြားမဖော်ပြထားပေ၊ ပါတီပွဲအပြီး
လမ်း၌ဆုံတွေ့သည့်သူများကို ကစားသမားများက အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ကြောင်းသိရှိရသည်။
0 comments:
Post a Comment