Friday, 25 May 2012

ချယ်ဆီး အသင်းမှာ ဆက်နေသွားဖို့ ဆုံးဖြတ် ခဲ့တဲ့ တောရက်စ်

  ချယ်ဆီး အသင်း၏ စပိန် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ် သည် ချယ်ဆီး အသင်းမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး နောက်တွင် ချယ်ဆီး အသင်း တွက် ဆက်လက် ကစား သွားရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့သည်။
တောရက်စ် သည် ၂၀၁၀ ခုနှစ် ဆောင်း ရာသီ အပြောင်း အရွေ့က မှ လီဗာပူး အသင်းထံမှ ချယ်ဆီး အသင်းထံ သို့ ပေါင် သန်း ၅၀ ဖြင့် ပြောင်းရွေ့ လာခဲ့သူ ဖြစ်ပြီး ၊ ပြီးခဲ့သည့် ဘောလုံး ရာသီက ချယ်ဆီး အသင်း တွင် ပွဲထွက် ကစားခွင့် များများ မရရှိ ခဲ့ပေ။ ထို့ပြင် တောရက်စ် သည် မြူးနစ် မြို့တွင် ကစား ခဲ့သည့် ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ်တွင် ဒီမက်တီယို ၏ ချယ်ဆီး အသင်း ပွဲထွက် လူစာရင်း တွင် မပါဝင်ခဲ့ပဲ လူစားဝင် ကစား သမား အဖြစ်သာ ကစား ခဲ့ရသလို ၊ အဆုံး အဖြတ် ပင်နယ်တီ ကန်သွင်းမှု စာရင်းတွင်လည်း တောရက်စ် မပါ ၀င်ခဲ့သဖြင့် မပျော် မရွင် ဖြစ်မိကြောင်း အင်တာဗျူး တစ်ခုတွင် ထုတ်ဖော် ပြောကြား ခဲ့သူလည်း ဖြစ်သည်။

သို့သော် ယခု အခါတွင် ချယ်ဆီး အသင်းမှ တာဝန်ရှိသူ များနှင့် တောရက်စ်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်တွင် ချယ်ဆီး အသင်းတွင် ဆက်လက် ကစား သွားရန် ဆုံးဖြတ် ခဲ့ကြောင်း ပြောကြား သွားခဲ့သည်။
တောရက်စ် က “ပြီးခဲ့တဲ့ ဘောလုံး ရာသီဟာ ကျွန်တော့် အတွက် ခက်ခဲတဲ့ ဘောလုံး ရာသီ တစ်ခုပါ။ ကျွန်တော်ဟာ ရိုလာ ကိုစတာ စီးနေ ရသလို ခံစား ခဲ့ရပြီး ကျွန်တော့် ခံစားမှုက တစ်ခါ တစ်လေ ထိပ်ဆုံး  ကို ရောက် သွားခဲ့သလို ၊တစ်ခါ တစ်လေ ကျပြန်တော့ စိတ်ဓာတ် အကြီး အကျယ် ကျ ခဲ့ရပြန် ပါတယ်။ လီဗာပူး အသင်းကနေ ချယ်ဆီးကို ပြောင်းလာ ခဲ့စဉ်က ကျွန်တော့် စိတ်ထဲမှာ အများကြီး မျှော်လင့်ခဲ့ပြီးမှ ဒီကို ပြောင်းရွေ့ လာခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီက ပုံမှန် ပွဲထွက်ခွင့် မရရှိ ခဲ့တဲ့ အတွက် အများကြီး စိတ်ပျက်ခဲ့ ရပါတယ်။ အခု အချိန်မှာ ကျွန်တော် ဟာ ချယ်ဆီး အသင်းမှာ ကစား ရတာကို ပျော်ရွှင်နေတာကြောင့် ဒီအသင်းကနေ ထွက်ခွာ လိုခြင်း မရှိပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အသင်းက တာဝန်ရှိသူတွေနဲ့ ကျွန်တော့်ရဲ့ ချယ်ဆီး အသင်းမှာ ကစားရတဲ့ အနာဂတ် အတွက် ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးမှုဟာ အောင်မြင်တယ်လို့ ဆိုရမှာ ဖြစ်ပြီး ကျွန်တော်ဟာ နောက်ရာသီမှာ အသင်းမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ပြောကြား သွားခဲ့သည်။
လက်ရှိ အချိန်တွင် ချယ်ဆီး အသင်းမှ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်သူ ဒရော့ဘာမှာ အသင်းမှ ထွက်ခွာရန် ဆုံးဖြတ် ခဲ့သဖြင့် ယခုကဲ့သို့ တောရက်စ် အသင်းတွင် ဆက်နေသွားရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းမှာ ချယ်ဆီး အသင်းအတွက် သတင်းကောင်း တစ်ရပ် ဖြစ်ခဲ့သည်။ ဆက်လက်၍ တောရက်စ် က “ အခု ချယ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်သူ ဒီမက်တီယို နဲ့လည်း ကျွန်တော့်မှာ ကောင်းမွန်တဲ့ ဆက်ဆံ ရေး ရှိပါတယ်။ သူဟာ ကျွန်တော် အခက်အခဲ ဖြစ်နေတဲ့ အချိန်တွေမှာ အများကြီး ကူညီပေးခဲ့တဲ့ အတွက် ကျေးဇူးတင် မိပါတယ်။ အခု ဆိုရင် ကျွန်တော်ဟာ သူ့ရဲ့ နည်းစနစ်တွေမှာ အသုံးဝင်မယ့် ကစားသမား တစ်ဦး အဖြစ် အသင်းမှာ ဆက်ရှိ သွားမှာပါ” ဟု ပြောကြား သွားခဲ့သည်။
Source:ESPN

0 comments:

Post a Comment