
ချဲလ်ဆီး
အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ခ်ျသည် ရီးရဲလ် နည်းပြ မော်ရင်ဟိုကို
ပြန်လည်ခေါ်ယူရန် ဆန္ဒပြင်းပြနေဆဲ ဖြစ်သည်။
မော်ရင်ဟိုသည် ၎င်းအနေဖြင့် လာလီဂါ ချန်ပီယံ ရီးရဲလ် အသင်းတွင် နောက်ထပ်
တစ်ရာသီခန့် ထပ်နေဦးမည် ဆိုသော်လည်း အေဘရာမိုဗစ်ခ်ျက လက်လျှော့မည်
မဟုတ်ပေ။ အဆိုပါ ချဲလ်ဆီး အသင်းပိုင်ရှင်သည် အသင်းကို အပြောင်းအလဲ လုပ်ရန်
အတွက် အတွေ့အကြုံရင့် နည်းပြတစ်ဦးကို ခေါ်ယူခန့်အပ်ရန် မျှော်လင့်နေပြီး
မော်ရင်ဟိုသာလျှင် ၎င်း၏ စိတ်ကို ပြောင်းလဲနိုင်မည်ဟု မျှော်လင့်နေသည်။
မော်ရင်ဟိုသည် ချဲလ်ဆီးအသင်းတွင် ရှိစဉ်က အလွန်အောင်မြင်သည့် နည်းပြ
ဖြစ်ခဲ့ပြီး ကြာသပတေးနေ့တွင် ရီးရဲလ် အသင်း၏ ယခုရာသီ လာလီဂါ
ဖလားရရှိခြင်းအတွက် အမိုးဖွင့်ကားဖြင့် ၎င်းတို့ အသင်းမှ ကစားသမားများနှင့်
အတူ အောင်ပွဲခံခဲ့သည်။ မော်ရင်ဟိုသည် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်က
ရိုဆင်ဘော့ဂ် အသင်းနှင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သော ချန်ပီယံလိဂ်
ပွဲစဉ်အပြီးတွင် ချဲလ်ဆီး အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီး
လျော်ကြေးငွေ ပေါင် ၁၈ သန်းခန့် ရရှိခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment