Sunday, 20 May 2012

ချဲလ်ဆီးအသင်းနဲ့ အားပေးသူ ပရိသတ်တို့ရဲ့ ပျော်ရွှင်ကြည်နူးဖွယ် စနေညချမ်း ချန်ပီယံလိဂ် အောင်ပွဲ

ချဲလ်ဆီးအသင်းနဲ့ အားပေးသူ ပရိသတ်တို့ရဲ့ ပျော်ရွှင်ကြည်နူးဖွယ် စနေညချမ်း ချန်ပီယံလိဂ် အောင်ပွဲ
ချဲလ်ဆီးအသင်းနဲ့ အားပေးသူ ပရိသတ်တို့ရဲ့ ပျော်ရွှင်ကြည်နူးဖွယ် စနေညချမ်း ချန်ပီယံလိဂ် အောင်ပွဲ
    စနေနေ့ရဲ့ ညချမ်းလေးကတော့ အိပ်ရေးပျက်ခံပြီး စောင့်စားခဲ့ရတဲ့ အပြာရောင် အဖွဲ့သားတွေနဲ့ ဘောလုံးချစ် ပရိသတ်တွေအဖို့ ရင်ခုန်စရာ အံ့အားသင့်စရာတွေနဲ့ ဘောလုံးအားကစားရဲ့ ရသတစ်ခုကို ခံစားမိစေခဲ့ပါတယ်။ ၀မ်းသာ ပျော်ရွှင်ရပါတယ် ချဲလ်ဆီးပရိသတ်တို့ရေ... ဂုဏ်ယူပါတယ်ဗျာ။ ချဲလ်ဆီးအသင်းရဲ့ ရုရှားသူဌေး မိုဗစ် လိုချင်တောင့်တနေတဲ့ အိပ်မက်လေး တစ်ခုတော့ ပြည့်ဝသွားပြီဖြစ်သလို ချဲလ်ဆီးအသင်းရဲ့ သမိုင်းမှာတော့ ပထမဆုံးသော ချန်ပီယံလိဂ်ဖလား ဆုကြီးကို ရရှိခဲ့တဲ့ သမိုင်းတွင်ရစ် သွားခဲ့ပြီ ဖြစ်ပါတယ်။
စနေနေ့ရဲ့ သူရဲကောင်းတွေကတော့ နည်းပြကို အရင်ဆုံး ပြရမှာဖြစ်ပြီး တိုက်စစ်မှူး ဒရော့ဘာနဲ့ ချဲလ်ဆီးအသင်းရဲ့ ဂိုးပေါက်ကို လုံခြုံမှု အပြည့်အ၀ပေးခဲ့တဲ့ ပီတာချက်တို့ပါပဲ။ အဲဒီအထဲမှာ ချဲလ်ဆီးအသင်းကို အားပေးသူ ပရိသတ်တွေကိုလည်း ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ဘေယန်အသင်းတို့မှာ ကျွန်တော် သတိထားမိတဲ့ ကစားသမားနှစ်ဦးကတော့ ချဲလ်ဆီးရဲ့ တိုက်စစ်မှူး ဒရောဘာနဲ့ ဘေယန်ဂိုးသမား နူအာတို့ပဲ ဖြစ်ပါတယ်။ ဒရော့ဘာရဲ့ သွင်းဂိုးတွေကို ဘေယန်ဂိုးသမား ထိန်းချုပ်နိုင်မလား? ဘေယန်ဂိုးသမားရဲ့ တာဝန်တွေကိုရော ဒရော့ဘာက ဖျက်ဆီးပစ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေက စာရေးသူအတွက် ဘယ်သူနိုင်မယ်ဆိုတာ ခန့်မှန်းရခက်စေခဲ့ပါတယ်။nextChelsea supporters celebrate the victory of their team after the Champions League final soccer match against Bayern Munich in Munich

ဘေယန်မြူးနစ်အသင်းရဲ့ Allianz Areanကွင်းကြီးမှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီကို လာရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်ဟာ ၆၉,၉၀၁ ဦးအထိ ရှိခဲ့ပါတယ်။ နှစ်သင်းစလုံး ဒဏ်ရာပြဿနာတွေ ၊ ပွဲပဲခံရမှုတွေ ကြားထဲက အကောင်းဆုံး ကစားသမားတွေကို အသုံးပြုခဲ့ကြပါတယ်။ ဘေယန်မြူးနစ်ရဲ့ ကစားသမား စာရင်းမှာ ဂိုး - နူအာ ၊ နောက်တန်း - ဖီးလစ်လန်းစ် ၊ ဘိုတန် ၊ တီမိုရှဟတ် ၊ ကွန်တန်တို၊ အလယ်တန်း - ရှဝိန်းစတိုင်ဂါ ၊ သောမတ်စ်ကူးစ် ၊ အာဂျန်ရော်ဘင် ၊ သောမတ်စ်မူလာ၊ ရီဘာရီ ၊ ရှေ့တန်း - ဂိုမက်စ်တို့ ပါဝင်ကစားခဲ့ကြပါတယ်။ ဂိုမက်စ်ကို အထောင်ထားကာ တောင်ပံမှ ရော်ဘင်နဲ့ ရီဘာရီတို့က ၀န်းရံစေကာ သောမတ်စ်မူလာကို နောက်ချန်တိုက်စစ်မှူးအနေနဲ့ ကစားစေပြီး ၄-၅-၁ ပုံစံမှ ၄-၄-၁-၁ ပုံစံနဲ့ ကစားသွားတာ တွေ့ရပါတယ်။
Chelsea supporters celebrate the victory of their team after the Champions Chelsea supporters celebrate the victory of their team after the Champions League final soccer match against Bayern Munich in
ချဲလ်ဆီးအသင်းကတော့ ရာမီယက်စ် ၊ မီရာလက်စ် ၊ အိုင်ဗန်နိုဗစ်နဲ့ တယ်ရီတို့ မပါဝင်နိုင်ခဲ့လို့ နည်းပြအတွက် အခက်အခဲ ဖြစ်သွားပုံရပါတယ်။ ဘယ်တောင်ပံမှာ ချန်ပီယံလိဂ် အတွေ့အကြုံ မရှိသေးတဲ့ ဘာထရန်ကို ထုတ်သုံးသွားတာ တွေ့ရပါတယ်။ ဂိုး- ပီတာချက် ၊ နောက်တန်း - ဘောင်ဆင်ဝါ ၊ ဒေးဗစ်လူးဝစ် ၊ ကာလ်ဟေး ၊ အက်ရှလေကိုး ၊ အလယ်တန်း - မီခေးလ် ၊ လမ်းပတ် ၊ ကာလူး ၊ မာတာ ၊ ဘာထရန် ၊ ရှေ့တန်း - ဒရော့ဘာတို့ ကစားခဲ့ကြပါတယ်။ လူစာရင်းထုတ်ပုံ ကစားကွက်ကအစ နှစ်သင်းစလုံး တူညီခဲ့ကြပြီး ကွင်းလယ်တွင်တော့ ဘေယန်၏ တိုက်စစ်အား ချဲလ်ဆီးတို့ အကြိမ်ကြိမ် အခါခါ ရှင်းထုတ်ခဲ့ရသည်။ ချဲလ်ဆီးအသင်း၏ နောက်တန်းမှာ ကောင်းစွာ တာဝန်ကျေခဲ့သည်။ ကွင်းလယ်တွင်တော့ ဘေယန်အသင်းအား မယှဉ်နိုင်ခဲ့၍ ပိုင်ဆိုင်မှုလည်း အားနည်းခဲ့ရပြီး ဘေယန်အသင်းမှာ အိမ်ကွင်းအားသာချက်ကြောင့် ချဲလ်ဆီးအသင်းအား ဖိအားပေးနိုင်ခဲ့သည်။Chelsea Team Pose   AFP PHOTO / ADRIAN DENNISADRIAN DENNIS/AFP/GettyImages AFP/Getty Images

ပွဲစလျှင်စချင်း ဘေယန်အသင်းမှ တရစပ် တိုက်စစ်ဆင်ခဲ့သည် ။ အစပိုင်း ၂မိနစ်တွင် အက်ရှ်လေကိုး၏ ဖျက်ထုတ်မှုမှ ဘေယန်တို့ ဖရီးကစ်ကန်ခွင့် ရခဲ့ပြီး ရော်ဘင်ကန်ရာ ဘောင်ဆင်ဝါ ဖျက်ထုတ်နိုင်ခဲ့သည် ။ ၃မိနစ်တွင် ဘေယန်မှ ရှဝိန်းစတိုင်ဂါ လက်ထိဘောကြောင့် တစ်ဝါထိခဲ့ရသည်။ တောင်ပံမှ ဖြတ်တင်ဘောအား သောမတ်စ်မူလာ မနားတန်း ကန်သွင်းရာ ဂိုးပေါက်နှင့် အနည်းငယ် လွဲချော်သွားသောကြောင့် ဘေယန်တို့ ဂိုးကံခေခဲ့ရသည်။ ဒရော့ဘာ၏ ရုတ်တရက် အဝေးမှ ကန်သွင်းချက်လည်း ဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။ ဘေယန်မှ ဂိုမက် အပိုင်ကန်သွင်းခွင့် နှစ်ကြိမ်ထက်မနည်း ရရှိခဲ့သော်လည်း ချဲလ်ဆီးနောက်တန်း၏ အဟန့်အတားကြောင့် ကံခေခဲ့ရသည်။ ချဲလ်ဆီးအသင်းမှ ဘောင်ဆင်ဝါနှင့် ဘယ်တောင်ပံမှ ဘာထရန်တို့ ခြေစွမ်းပြနိုင်မှု မရှိခဲ့သောကြောင့် ဘေယန်အား ကောင်းစွာ မချိန်းခြောက်နိုင်ခဲ့ပေ။ ပထမပိုင်းတွင် ဘေယန်အသင်းမှ ပိုင်ဆိုမှု ၅၄% -   ၄၆% ဖြင့် ချဲလ်ဆီးအသင်းအား အသာစီးဖြင့် ကစားနိုင်ခဲ့သည်။ ပထမပိုင်းတွင်ပင် ဘေယန်တို့ ထောင့်ကန်ဘော ၁၀လုံးကျော် ကန်ခွင့်ရခဲ့ပြီး ချဲလ်ဆီးတို့ ကန်ခွင့်မရခဲ့ပေ။
Chelsea's Czech Goalkeeper Petr Cech Celebrates AFP/Getty Images
ဒုတိယပိုင်းတွင် ချဲလ်ဆီးတို့ ကစားအား တက်လာပြီး အပြန်အလှန် ကစားနိုင်ခဲ့သည်။ နောက်တန်းမှ လူးဝစ်နှင့် ကာလ်ဟေး ၊ အက်ရှ်လေကိုးတို့ ဘေယန်တိုက်စစ်အား တည်ငြိမ်စွာ တုန့်ပြန်နိုင်ခဲ့သည်။ ၅၄မိနစ်တွင် ရော်ဘင်၏ ထိုးဖောက်မှုမှတစ်ဆင့် ရီဘာရီ ဂိုးသွင်းခဲ့သော်လည်း လူကျွံဘောအဖြစ် စည်းကျပ်ဒိုင်မှ သတ်မှတ်ပေးခဲ့၍ ဘေယန်တို့ ကံခေခဲ့ရသည်။ မိနစ် ၆၀ကျော်လာသော်လည်း ချဲလ်ဆီးအသင်းမှ လူစားလဲမှု မလုပ်သောကြောင့် ပရိသတ်များ စိတ်ပူပန်ခဲ့ကြသည်။ ဘေယန်အသင်းမှ တရစပ် တိုက်စစ်ဆင်နေသော်လည်း ချဲလ်ဆီး၏ တိုက်စစ်တွင် ဒရောဘာကိုသာ အားကိုးနေရမှုအား တောရက်စ်ကို ဘာထရန်၏ နေရာတွင် လူစားလဲရန် ပရိသတ်တို့ တောင့်တနေခဲ့ကြသည်။ ပြီးခါနီးမှ တစ်ဖက်အသင်းမှ အနိုင်ဂိုးသွင်းယူသွားလျှင် အခက်တွေ့ပြီ မဟုတ်ပါလော။ သို့သော် မိနစ် ၇၀ကျော်လာသော်လည်း နည်းပြမှာ လူစားလဲရန် အရိပ်အရောင် မတွေ့ရသေး။ ၇၃မိနစ်တွင် ခြေစွမ်းမပြနိုင်သော ဘာထရန် နေရာတွင် မာလူဒါနှင့် အစားထိုးခဲ့သော်လည်း ပရိသတ်တို့မှာ ဒရော့ဘာနှင့် တောရက်စ်တို့၏ တိုက်စစ်အတွဲကို ကြည့်ခွင့် ရရန်သာ ဆန္ဒပြင်းပြနေကြလေတော့သည်။Chelsea's Czech Goalkeeper Petr Cech (L) And Chelsea's Ivorian Forward Didier Drogba Celebrate With The Trophy AFP/Getty Images
၈၃မိနစ်တွင်တော့ ချဲလ်ဆီး ပရိသတ်တို့ ဖြစ်မလာစေချင်သည့် အရာအား ရှိခဲ့သည်။ ရှဝိန်းစတိုင်ဂါ၏ ဖြတ်တင်ဘောမှတစ်ဆင့် သောမတ်စ်မူလာ ခေါင်းတိုက်ကာ ဘေယန်အသင်း ချန်ပီယံလိဂ် ဖလားဆီသို့ ဦးတည်စေမည့် ဂိုးအား သွင်းယူပေးခဲ့သည်။ ချဲလ်ဆီးအသင်း၏ အားပေးသူ ပရိသတ်အားလုံး ကြေကွဲရပြီဖြစ်သည်။ နည်းပြအပေါ်တွင် ပေါက်ကွဲကုန်တော့သည်။ တောရက်စ်အား အချိန်မီ လူစားလဲခဲ့လျှင် ဘေယန်၏ နောက်တန်းအား အနည်းနှင့်အများ အလုပ်ရှုပ်စေမည် ဖြစ်သည်။ ဘေယန်အသင်း ဂိုးသွင်းယူပြီးမှ တောရက်စ်အား ကာလူးနှင့် လူစားလဲခဲ့ရာ နည်းပြအား အပြစ်တင်ရန်သာ ရှိပေတော့သည်။ ချဲလ်ဆီးအသင်း၏ ပြန်လည် တိုက်စစ်ဆင်ရန် အချိန် အလွန်ဆုံး အချိန်ပိုအပါအ၀င် ၉မိနစ်ခန့်သာ ကျန်တော့သည်။ ကျောက်ခဲ ရေညစ်ရန်သာ ကျန်ရှိပေတော့သည်။ ထိုအချိန်တွင် ဘေယန်နည်းပြ အမှားကြီးတစ်ခုလုပ်ခဲ့သည်။ ချဲလ်ဆီးအား အနိုင်ယူနိုင်ပြီထင်မှတ်ကာ အနိုင်ဂိုး သွင်းယူပေးသော မူလာအား ထုတ်ကာ နောက်တန်း ခံစစ်အားဖြည့်မှု ပြုလုပ်ခဲ့သည်။ ၈၉မိနစ်ရောက်ပါပြီ!!!!!!!!!!  ချဲလ်ဆီးတို့ ဘေယန်အသင်းမှ ထောင့်ကန်ဘော ၁၇လုံးခန့် ရရှိချိန်တွင် ရှားရှားပါးပါး ချဲလ်ဆီးအသင်းအား ဘေယန်မှ ထောင့်ကန်ဘောတစ်လုံး လက်ဆောင်ပေးခဲ့သည်။144559991
မာတာ ထောင့်ကန်ဘောကန်တင်ရန် ဘောလုံးကို ကောက်ကာ နေရာတကျ တည်နေပေပြီ။ မာတာ ထောင့်ကန်ဘော ကန်တင်လိုက်ပါပြီ။ အဲ.....ဘောလုံးက ဘယ်ရောက်သွားပါလိမ့် .....မြန်လွန်းတော့ စက္ကန့်ပိုင်းအတွင်း ဂိုးအပေါ်ကို ကျော်သွားလား ? ချဲလ်ဆီးအသင်းသားတွေကို ကြည့်လိုက်တော့ မင်သက်လျှက်...... တစ်စက္ကန့်အကြာ ... ဒရောဘာာာ !!!!!!!!!!!!!!!!!!!!!!!!!!!!ဂိုးးးးးးးး!!!!!!!!!!!!!!!!!!!!!!!!!!! ချဲလ်ဆီးပရိသတ်တွေနှင့်အတူ   ပျော်ရွှင်မှုတွေ ပျဲဝဲလျှက်...... Chelsea's British Midfielder And Captain Frank Lampard (R) And British Defender John Terry AFP/Getty Images
မိနစ်၉၀ ပွဲချိန်ပြီး၍ နောက်ထပ် ၁၅မိနစ် ပထမပိုင်း ဒုတိယပိုင်း ကစားရပြန်သည်။ ၉၄မိနစ် .... ရီဘာရီကို ဒရော့ဘာ ပင်နယ်တီ ဧရိယာအတွင်းတွင် နောက်မှ လှမ်းနင်းလိုက်မိသည်။ ကဲ ဒရော့ဘာ အသင်းကို မင်းပဲကယ်တင်တယ် .. မင်းပဲ ဖျက်ဆီးလိုက်ပြန်ပြီ ...။ ဂိုးသမား ပီတာချက်ကိုသာ အားကိုးရန် ရှိတော့သည်။ ၉၀%ခန့် ပင်နယ်တီ ဂိုးဝင်တတ်တော့ ဘာကိုမျှော်လင့်ရမှာပါလိမ့် ။ ပီတာချက်ဆီသို့ပင်... အားလုံး၏ မျက်ဝန်းအစုံ.. စူးစိုက်လျှက်  .......Soccer - UEFA Champions League - Final - Bayern Munich v Chelsea - Allianz Arena
ရော်ဘင်ကန်သွင်းပါပြီ  .... ပီတာချက် !!!!!!!!!!!!!!!!!!!!!! တကယ်ပဲ အသင်းကို ကယ်တင်နိုင်ခဲ့ပါသည်။ ရင်ခုန်ခဲ့ရသောည ၊ ချဲလ်ဆီးပရိသတ်တို့၏ ရင်ထဲကို ၀င်ကြည့်မိ ခံစားကြည့်မိသည်။ ၀မ်းသာကြည်နူးရပါသည်။ တစ်ဖက်တွင်လည်း ချဲလ်ဆီးအသင်းအား ရှုံးနိမ့်စေချင်သူရှိနေသည်။ ရက်နက်ပ်နှင့် စပါးအသင်းသားများ .... ချဲလ်ဆီး ရှုံးနိမ့်ပါမှ စပါးအသင်း လာမည့်ရာသီတွင် ချန်ပီယံလိဂ် ၀င်ခွင့်ရရှိမည် မဟုတ်ပါလား။ သောမတ်မူလာ၏ ဂိုးတွင် သူတို့ ပျော်ရွှင်မြူးထူးကြမည်။ ဒရော့ဘာ၏ ဂိုးတွင် ဘေယန်အသင်းနှင့်အတူ သူတို့ ကြေကွဲနေရော့မည်။ ရောဘင်၏ ပင်နယ်တီတွင် စပါးအသင်းနှင့် ဘေယန်အသင်း အနိုင်ယူနိုင်မည်ထင်တော့မည့် ။ ထိုနောက် ပီတာချက်ကို အပြစ်တင်ကြမည့် အသင်းနှစ်သင်း... ပီတာချက်ကွာ............ :d144559991
အချိန်ပိုတွေ  ကန်အပြီး ပင်နယ်တီ အဆုံးအဖြတ်ဆီသို့ ဦးတည်ကာ ဘေယန်နှင့် ချဲလ်ဆီးအသင်း။ ဂိုးသမားများ အပေါ်တွင်သာ အားကိုးရတော့မည်။ ကျွန်တော်အမြင်အရ ဘေယန်ဂိုးသမား အစွမ်းက ပီတာချက်ထက် ပိုမြင့်မားသည်ဟု ထင်မိသည်။ တစ်ဖက်တွင်လည်း ပီတာချက်က ချန်ပီယံလိဂ် အတွေ့အကြုံ ရင်ကျက်နေပေပြီ။ အတွေ့အကြုံက စကားပြောမည်မှာ အသေအချာပင်။ ရုရှားမြေတွင် ရှုံးနိမ့်ခဲ့ရသော ဘ၀ကို ပီတာချက် သင်ခန်းစာယူကာ ယခုပွဲတွင် အနိုင်ကို စွမ်းဆောင်ပေးလိမ့်မည်ဟု မှတ်ချက်ပေးလိုက်မိသည်။144559991
ပင်နယ်တီ စတင်ကန်သောအခါ ဘေယန်အသင်းမှ အရင်ဆုံးကန်ခွင့်ရသည် ။ ဖိလစ်လမ်းကန်သွင်းရာ ပီတာချက် ခွင့်ပြုလိုက်ရသည်။ ၁-၀ ။ ချဲလ်ဆီးအသင်းမှ ကန်သွင်းမည့်သည် မာတာ ။ စိုးရိမ်မှု ဖြစ်မိသည်။ ဘေယန်ဂိုးသမားအား အပြင်းကန်သွင်းမှု မပြုလုပ်လျှင် မာတာ ခံသွားရပေမည်။ မာတာဂိုးကန်သည်.. ထင်သည့်အတိုင်း ဘေယန်ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ၁ - ဝ

ဒုတိယပင်နယ်တီ ဘေယန်မှ ဂိုမက်ကန်သွင်းသည်။ ပီတာချက် ခွင့်ပြုလိုက်ရပြန်သည်။၂ - ဝ

ချဲလ်ဆီးမှ နောက်တန်း လူးဝစ် ။ နောက်တန်း ကစားသမားကို ပင်နယ်တီကန်ရန် ရွေးချယ်သည့် နည်းပြကို အပြစ်တင်မိသည်။ ရီးရဲမှ ရာမို့စ် သက်သေမဟုတ်ပါလော။ ကံကောင်းပါသည်။ ၂ - ၁

တတိယ ပင်နယ်တီ ဘေယန်မှ ဂိုးသမားက ကန်သွင်းသည်။ ဂိုးသမားပုံစံက ဘ၀င်မြင့်သွားသည်ထင်သည်။ ဂိုးဝင်သွားတာကိုး။ ၃ - ၁

ချဲလ်ဆီးမှ လမ်းပတ်ကန်သွင်းသည် ။ တာဝန်ကျေပါသည်။ ၃ - ၂

စတုထ္တ ပင်နယ်တီ ဘေယန်မှ အိုလစ်ကန်သွင်းသည်။ ပီတာချက် ချဲလ်ဆီးအသင်းကို ကယ်တယ်လိုက်ပြန်ပါသည်။ ၃ - ၂

ချဲလ်ဆီးမှ အက်ရှ်လေကိုး ။ လာပြန်ပြီ နောက်တန်းသမားတစ်ယောက်။ တာဝန်ကျေပါသည် ။ ၃ဂိုးစီ တူညီစေမည့် အခွင့်အရေးအား ပိုင်နိုင်စွာ အသုံးချသွားသည်။ ၃ - ၃

ပဉ္စမ ပင်နယ်တီ နောက်ဆုံးအဆုံးအဖြတ် ဘေယန်မှ ရီးရဲအသင်းကို အနိုင်ဂိုး ပင်နယ်တီ သွင်းယူပေးခဲ့သော ရှဝိန်းစတိုင်ဂါ။ ကန်သွင်းပါသည်။ ပီတာချက်၏ ဘယ်ဘက်ထောင့်ဆီသို့။ ဘေယန်အသင်း အမှတ်တရရှိနေစေမည့် လွမ်းနေစေမည့် ဂိုးတိုင်ကို မှန်ကာ အပြင်ထွက်သွားသည်။ ၃ - ၃
144559991
နောက်ဆုံး အဆုံးအဖြတ် ချဲလ်ဆီးမှ ဒရော့ဘာ။ ယုံကြည့်လို့ ရပါသည်။ ဂိုးသွင်းယူနိုင်လျှင် ချဲလ်ဆီးအသင်း ချန်ပီယံ ဖြစ်စေမည့် အခွင့်အရေး။ ဒရော့ဘာ သူရဲ့ကောင်းဖြစ်သွားပါသည်။ ဂိုးသမား၏ ညာဘက်ထောင့်ဆီသို့ ။ ဘောလုံးမှာ ဒရော့ဘာ၏ စေညွှန်းချက်အတိုင်း နာခံကာ ဂိုးပိုက်နှင့် မိတ်ဆွေတွေဖြစ်သွားသည်။ ၃ - ၎

၂၀၁၂ ချန်ပီယံလိဂ် Winnerrrrr  ချဲလ်ဆီး !!!!!!!!!!!!!!!!!

လာမည့်နှစ်တွင် ချဲလ်ဆီးအသင်းအား ချန်ပီယံလိဂ်တွင် မြင်တွေ့ခွင့်ရပေဦးမည်။

ရက်နက်နှင့် စပါးအသင်းကတော့ မေတ္တာပို့ကာ ကြေကွဲနေပေတော့မည်။ အိပ်တောင် ရပါ့မလားမသိ။

ချဲလ်ဆီးအသင်းမှရော ဒရောဘာအား သူတောင်းဆိုသည် ၂နှစ်စာချုပ်ဖြင့် ကမ်းလှမ်းမည်လော။ မူလက ၁နှစ်သာ ကမ်းလှမ်းထားသည်။ သို့မဟုတ်ပါမူ ဒရောဘာ ပုံပြင် နွေရာသီတွင် ကြားရမည်ဖြစ်သည်။

ပိုင်ရှင်မိုဗစ်ရော ပျော်ရွှင်နေပေလိမ့်မည်။

နည်းပြ ဒီမက်တီယိုကတော့ အားလုံးထဲမှာ မထင်မရှား အဖြစ်နှင့် ရှိနေတုန်းပင် ။ ချဲလ်ဆီး အသင်းသားများမှ ၀ိုင်းမြှောက်ကာ ဂုဏ်ပြုခြင်း မပြုခဲ့သည်ကို ကြည့်လျှင်သိနိုင်ပါသည်။ ဒီမက်တီယို ချဲလ်ဆီးအသင်း နည်းပြအဖြစ် ထိုက်တန်သည်ဟု ယူဆမိပါသည်။ ချဲလ်ဆီးမှ စာမချုပ်လျှင်လည်း သူ့အား ခေါ်ယူလိုမည့် ကလပ်အသင်းများ ရွေးချယ်စရာ များပြားလာမည်မှာ မလွဲပေ။ ဒီမက်တီယို၏ အနာဂတ် လှပနေပေပြီ။

ချဲလ်ဆီး၏ သမိုင်းတွင်တော့ ပထမဆုံး ချန်ပီယံလိဂ် ဖလားရသောကြောင့် အားပေးသူ ပရိသတ်များ ပျော်ရွှင်နေကြပေလိမ့်မည်။ ၀မ်းသာပါသည်။ ချဲလ်ဆီး ပရိသတ်များနှင့် စာရေးသူလည်း ထပ်တူပင်။

မက်ဖန်၏ ချန်ပီယံများကို ကိုယ်စားပြု အရောင်များဖြင့် ဂုဏ်ပြုသော နေရာတွင်လည်း မန်စီးတီးနှင့်အတူ ချဲလ်ဆီးတို့၏ အပြာရောင်သည်လည် ယခုနှစ် တိုက်ဆိုင်စွာပင်...

ချဲလ်ဆီး ပရိသတ်များကို ဂုဏ်ပြုပါ၏။
144559991

0 comments:

Post a Comment