Sunday, 6 May 2012

ချဲလ်ဆီးနည်းပြဟောင်း ဗီးလပ်စ်ဘိုအော့ ရိုးမားသို့ရောက်သွားဖွယ်ရှိ


ချယ်ဆီးနည်းပြဟောင်း ဗီးလပ်စ်ဘိုအား ရိုးမားသို့ ရောက်သွားဖွယ်ရှိ
ချယ်ဆီးနည်းပြဟောင်း ဗီးလပ်စ်ဘိုအား ရိုးမားသို့ ရောက်သွားဖွယ်ရှိ


ချယ်ဆီးအသင်း၏ နည်းပြဟောင်း အန်ဒရီဗီးလပ်စ်ဘိုအားစ်၏ အေးဂျင့်ဖြစ်သူက ရိုးမားအသင်း၏ စိတ်ဝင်စားခြင်းကို ကြိုဆိုပါကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့သည်။

ရိုးမာအသင်းမှနေ လက်ရှိနည်းပြ ဖြစ်သူ လူးဝစ်အန်ရီကွေးသည် နှုတ်ထွက်မည် ဖြစ်ကြောင်း အတိအလင်း ကြေငြာခဲ့ပြီးနောက် ဘိုအားစ်အား ချိတ်ဆက်လာခြင်းလည်းဖြစ်သည်။

“ဘိုအားစ်နဲ့ ရိုးမားတို့ကြား သဘောတူညီမှု ရပြီလား ဟု မေးရာ အခုလောလောဆယ်တော့ ဘာတစ်ခုမှ အတည်မပြုနိုင်သေးပါဘူး။ အန်ဒရီကလည်း လွတ်လပ်နေသူဖြစ်ပြီး ဆုံးဖြတ်ချက်လည်း မချရသေးပါဘူး။”ဟု အေးဂျင့်ဖြစ်သူက ပြောကြားသွားခဲ့သည်။

“ဒီကိစ္စကို အခုချိန်ပြောဖို့ သိပ်ကို စောလွန်းနေပါတယ်။ ဒါပေမဲ့ ဗီးလစ်ဘိုအားစ်ကတော့ သိပ်ကို အရေးကြီးတဲ့ ကလပ်တစ်ခုဆီကို ခရီးနှင်ဖို့ ဂုဏ်ယူသွားမှာပါ”ဟု ဆက်လက် ပြောကြားသွားခဲ့သည်။

0 comments:

Post a Comment