
နှစ်ပေါင်း
(၂၀)ကျော်ကြာ ဖြတ်သန်း ခဲ့တဲ့ ကာလ တစ်လျှောက် ခြေစွမ်း ပြခဲ့တဲ့
အသင်းကောင်းတွေ လည်း ရှိခဲ့ တယ်။ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက်
အကောင်းဆုံး အသင်းကို ဘယ်လိုရွေးချယ် ရမှာလဲ။ (၁၉၉၉)ခုနှစ်က သမိုင်းဝင်
ဆုဖလား (၃)လုံး ဆွတ်ခူး ခဲ့တဲ့ မန်ချက် စတာ ယူနိုက်တက်လား၊ ဒါမှမဟုတ်
(၂၀၀၄) ခုနှစ်က တစ်ရာသီလုံး ရှုံးပွဲ မရှိ ဖြတ်သန်းပြီး ဗိုလ်စွဲ ခဲ့တဲ့
အာဆင်နယ်လား။ မေးခွန်း တစ်ခုချင်း စီဟာ ဖြေဆိုဖို့ ခက်ခဲလွန်း ပါတယ်။
နောက်ပြီး ကစား သမားပေါင်း (၃၀၀၀)လောက် ပါဝင် ကျင်လည် ခဲ့တဲ့
ပရီးမီးယားလိဂ် ဖြတ်သန်းမှု တစ်လျှောက် အကောင်းဆုံး ဘောလုံး သမား ဆိုတာ
ကရော ဘယ်သူလဲ။ ရိုင်ယန်ဂစ်လား၊ သီအာရီ အွန်နရီလား၊ ဒါမှမဟုတ် ခရစ္စတီယာနို
ရော်နယ်ဒို များလား။
တကယ်တော့ ဒီမေးခွန်းတွေ
အားလုံးဟာ အဖြေ စစ်စစ်ကို Logic ကျကျ ထုတ်နုတ်ဖို့ သိပ်ကို ခက်ခဲတယ် ဆိုတာ
ပရီးမီးယားလိဂ် ဘောလုံး ပြိုင်ပွဲတွေရဲ့ ပရိသတ်တွေ ကောင်းကောင်း
သိနှင့်ပြီး ပါပြီ။ ဘာပဲ ဖြစ်ဖြစ် ပရီးမီးယား လိဂ်ရဲ့ နာမည်ကျော်တွေ ထဲကမှ
ထူးထူး ခြားခြား တောက်ပ ခဲ့တဲ့ ကြယ်ပွင့်တွေဟာ နှစ်အပိုင်း အခြား အလိုက်
တည်ရှိခဲ့ တာတော့ ငြင်းလို့ မရ ပါဘူး။ ဗြိတိန်နိုင်ငံမှာ ထုတ်ဝေတဲ့ Daily
Mail သတင်းစာက ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်း ဆုံးလို့ မှတ်ယူနိုင်တဲ့
နာမည်ကျော် ကစားသမား (၁၀)ယောက်ရဲ့ အကြောင်းကို အမှတ်တရ စာရင်း ပြုစုပြီး
ဖော်ပြပေး ခဲ့ပါတယ်။
-
အဲရစ်ကန်တိုနာ (မန်ချက်စတာ ယူနိုက်တက်)
ပရီးမီးယား လိဂ်လို့
ပထမဆုံး နာမည်ပြောင်း လိုက်တဲ့ နှစ်မှာ အမှတ်ပေး ချန်ပီယံ ဘွဲ့ကို
ချိန်ရွယ်နိုင်လောက်တဲ့ လူအင်အားကို ယူနိုက်တက် မန်နေဂျာကြီး ဆာအဲလက်စ်
ဖာဂူဆန်က စုစည်း ထားနိုင်ခဲ့ ပါပြီ။ ဒါပေမယ့် အသင်းကို တကယ်တမ်း လက်တွေ့
ဦးဆောင်မယ့် ကစားသမား တစ်ယောက် ကိုတော့ ဆာ အဲလက်စ်က လိုက်ရှာနေတုန်း ပါပဲ။
သူ့လိုဘဟာ လိဒ်စ်ယူနိုက်တက် က ပြင်သစ်သား ကန်တိုနာကို လက်မှတ်ရေးထိုး
ခေါ်ယူလိုက် တဲ့နောက် အလုံးစုံ ပြည့်ဝခဲ့ ပါတယ်။
ပရီးမီးယားလိဂ်
ရာဇ၀င်ကို ယူနိုက်တက်က လွှမ်းမိုး ထားဖို့ အတွက် ပရီးမီးယားလိဂ် ခေတ်ဦး
ကာလတွေမှာ ကန်တိုနာဟာ အဓိက အကျဆုံး မောင်းနှင်အား ဖြစ်ခဲ့ ပါတယ်။ ဘောလုံး
အင်္ကျီမှာ ကော်လံထောင်ပြီး ကစားလေ့ ရှိတဲ့ ပြင်သစ် ကြီးဟာ ယူနိုက်တက်ရဲ့
ပရီးမီးယားလိဂ် အစောပိုင်း ကာလတွေမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု (၄)ကြိမ်၊
FA ဖလား (၂)ကြိမ် ဆွတ်ခူးနိုင်အောင် ကူညီပေး ခဲ့ပါတယ်။ သူဟာ ကောင်း
သတင်းကြောင့်ရော၊ ဆိုး သတင်းကြောင့်ပါ ကျော်ကြား ခဲ့သူပါ။ သူ့ကို
လှောင်ပြောင်တဲ့ ပရိသတ် တစ်ယောက်ကို ကွန်ဖူးကစ်နဲ့ ခုန်ကန် ခဲ့တဲ့
ဖြစ်ရပ်ဟာ ခုချိန်ထိ မေ့ပျောက် လို့ မရအောင် ကျော်ကြား ခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်ရဲ့ ရာဇ၀င်ကို တခမ်း တနား ဖွဲ့ဆိုမယ်ဆိုရင်
ကန်တိုနာ ဆိုတဲ့ နာမည်ကို ချန်ခဲ့လို့ မရတာက သေချာ ပါတယ်။
-
ဒင်းနစ်ဘားကမ့် (အာဆင်နယ်)
ပရီးမီးယားလိဂ် စကျင်းပ
ကတည်းက မန်ချက်စတာ ယူနိုက်တက် လက်ထဲက ချန်ပီယံဘွဲ့ကို ဘလက်ဘန်း ရိုဗာသာ
တစ်ကြိမ် တစ်ခါလောက် လုယူခဲ့ ဖူးပါတယ်။ တကယ်တမ်း ယူနိုက်တက်ကို ပခုံးချင်း
ယှဉ်ပြီး ခေတ်ကာလ တစ်ခု အတွင်း ပထမဆုံး ယှဉ်ပြိုင် လာတာက အာဆင်နယ် အသင်း
ပါပဲ။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ခေါင်းစဉ်အောက်က ပထမဆုံး ချန်ပီယံ
ဘွဲ့ကို (၁၉၉၈)ခုနှစ်မှာ ရယူနိုင် ခဲ့ပါတယ်။ အာဆင်နယ်ရဲ့ စွဲမက်ဖွယ်
ကစားဟန်ကို တည်ထောင် ခဲ့သူတွေ ထဲမှာ ဒတ်ခ်ျ တိုက်စစ်မှူးကြီး ဒင်းနစ်
ဘားကမ့်ဟာ ဘယ်တော့မှ မေ့လို့ မရနိုင် သူ တစ်ယောက် ပါပဲ။
သူဟာ အာဆင်နယ်နဲ့ အတူ
ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို (၃)ကြိမ် ရယူနိုင် ခဲ့သလို FA ဖလား
ချန်ပီယံ ဆု ကိုလည်း (၄)ခါ ကိုင်မြှောက်ခဲ့ ဖူးပါတယ်။ ဘားကမ့်ဟာ အာဆင်နယ်
ပရိသတ်တွေရော၊ ဘောလုံးကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ အားလုံးရဲ့
စိတ်နှလုံးကို ညှို့ယူနိုင်မယ့် ဂိုးတွေကို အများအပြား သွင်းယူပေး
ခဲ့ပါတယ်။ သူဟာ မာကိုဗန် ဘာစတန် ခေတ်လွန် နယ်သာလန်ရဲ့ အကောင်းဆုံး
တိုက်စစ်မှူး အဖြစ် မှတ်ချက်ပြု ချီးကျူးခြင်း ခံရသူပါ။ ဒီနေ့ အာဆင်နယ်ရဲ့
အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီဟာ ထူးချွန် ထက်မြက်တဲ့ ရှေ့တန်းလူ
တစ်ယောက် ဆိုတာ ဘယ်သူမှ သံသယ ရှိနေမှာ မဟုတ် ပါဘူး။ ဒါပေမယ့် ဗန်ပါစီဟာ
သူဆက်ခံတဲ့ ကျောနံပါတ် (၁၀)၀တ် နောင်တော် ကြီးရဲ့ ခြေရာကို နင်းဖို့ ခုထက်
အများကြီး သက်သေ ပြဖို့ လိုနေ ပါသေးတယ်။
-
ရိုင်ယန်ဂစ် (မန်ချက်စတာ ယူနိုက်တက်)
ပရီးမီးယားလိဂ်
ချန်ပီယံ ဆုကို (၁၂)ကြိမ် ရယူ ဖူးတဲ့ အသင်း ဆိုလို့ မန်ချက်စတာ ယူနိုက်တက်
တစ်သင်းတည်း ရှိပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို (၁၂)ကြိမ် ရယူ
ဖူးတဲ့ ကစားသမား ဟာလည်း ရိုင်ယန်ဂစ် တစ်ယောက်သာ ရှိပါတယ်။ ဒီ မှတ်တမ်း
နဲ့တင် ပရီးမီးယားလိဂ် အကြောင်း ပြော တဲ့အခါ ဝေလတောင်ပံ တိုက်စစ် သမားကို
ဘယ်လိုမှ ချန်လှပ် ထားလို့ မရဘူး ဆိုတာ မြင်သာပါ လိမ့်မယ်။ ဂစ်ဟာ
ဆယ်ကျော်သက် အရွယ်မှာ ကတည်းက ယူနိုက်တက် အတွက် ထိပ်တန်း အဆင့်မှာ
ကစားပေးခဲ့ သူပါ။
ဂစ်ရဲ့ ပရီးမီးယားလိဂ်
ပွဲအရေ အတွက် (၆၃၆)ပွဲ ကစား ထားတဲ့ စံချိန်ကို ဘယ် ကစားသမားမှ ထပ်တူ
လိုက်ဖို့ မလွယ်ကူ ပါဘူး။ ခုချိန်မှာ သူ့အသက် (၃၈)နှစ် ကျော်နေပြီ
ဖြစ်ပေမယ့် ဂစ်ဟာ တက်ကြွ ဆဲ၊ ထိပ်တန်း အဆင့် ခြေစွမ်းကို ပြသနေ ဆဲပါ။ ဂစ်
အနေနဲ့ ယူနိုက်တက် ပိုင်ဆိုင် ဖူးသမျှ ပရီးမီးယားလိဂ် အောင်ပွဲ အားလုံးမှာ
ပါဝင်နိုင် ခဲ့သလို FA ဖလား (၄)ကြိမ်၊ လိဂ်ဖလား (၄)ကြိမ်၊ ချန်ပီယံလိဂ်
ဆုဖလား (၂)ကြိမ် အပါအ၀င် အောင်မြင်မှု အမြောက် အမြားကို ပိုင်ဆိုင် ထားပြီး
ဖြစ်ပါတယ်။
-
သီအာရီအွန်နရီ (အာဆင်နယ်)
အာဆင်နယ်မှာ တိုက်စစ်
မှူးကောင်းတွေ အစဉ်အဆက် မွေးထုတ်ပေး ခဲ့တဲ့ ရာဇ၀င်မျိုး ခိုင်ခိုင်မာမာ
တည်ရှိနေ ပါတယ်။ ဒါပေမယ့် ဘယ်ခေတ် ဘယ်အခါက အာဆင်နယ် တိုက်စစ်မှူးမှ
အွန်နရီလောက် မတောက်ပ ခဲ့ဖူးဘူး ဆိုတာကို အာဆင်နယ် ပရိသတ်တွေ အားလုံးက
လက်ခံ ပြီး သား ပါ။ အာဆင်နယ်ကို အကောင်းဆုံး ဦးဆောင်မှု ပေးခဲ့တဲ့
အသင်းခေါင်းဆောင်ဟာ (၂၀၀၄) ခုနှစ်က ရှုံးပွဲ မရှိ ပရီးမီးယား လိဂ် ချန်ပီယံ
ဖြစ်ခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ အရေး အပါဆုံး ကစားသမား တစ်ယောက်ပါ။
ဂျူဗင်းတပ် အသင်းရဲ့
မထင်မရှား တောင်ပံ ကစား သမားလေး တစ်ယောက် အနေနဲ့ အာဆင်နယ်ကို ရောက်လာ
တဲ့နောက် (၈)နှစ်ကြာ ကစားရင်း အွန်နရီဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး
အဖြစ် အောင်မြင် လာခဲ့ ပါတယ်။ သူဟာ ပရီးမီးယား လိဂ်မှာ အာဆင်နယ် အတွက်
(၂၅၄)ပွဲ ကစားပြီး (၁၇၄)ဂိုး သွင်းနိုင် ခဲ့တဲ့နောက် ဘာစီလိုနာ အသင်းကို
ပြောင်းရွှေ့သွား ခဲ့တယ်။ အသင်း ပရိသတ်တွေ ကတော့ အွန်နရီဟာ အာဆင်နယ်ရဲ့
ထာဝရ အကောင်းဆုံး ဘောလုံး နတ်ဘုရား ပဲလို့ အစဉ် တစိုက် ခံယူထား ကြပါတယ်။
သူက ပြီးခဲ့တဲ့ ဆောင်းရာသီ မှာတော့ အာဆင်နယ်ဆီ နှစ်လလောက် အငှား
ပြန်လာပြီး ပရီးမီးယားလိဂ် (၄)ပွဲ ၀င် ကစားပြီး (၂)ဂိုး သွင်းပေးခဲ့
ပါသေးတယ်။
-
ရွိုင်ကိန်း (မန်ချက်စတာ ယူနိုက်တက်)
မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရီးမီးယား
လိဂ်ကို ဖြတ်သန်း ခဲ့တဲ့ သမိုင်းကြောင်း တစ်လျှောက် ရှာမှရှားတဲ့ ကွင်းလယ်
ဗိုလ်ချုပ်လို့ ညွှန်းဆို ရပါ လိမ့်မယ်။ ဆာအဲလက်စ် ဖာဂူဆန်ဟာ စိတ်ဓာတ်
ပြင်းပြတဲ့ အိုင်ယာလန် သားကို နော်တင်ဟမ် ဖောရက်စ် အသင်း ကနေ ခေါ်ယူနိုင်
ခဲ့တာဟာ ယူနိုက်တက်ရဲ့ အောင်ပွဲ ရာဇ၀င်တွေကို ရေးထိုး ဖို့ အကောင်း တကာ့
အကောင်းဆုံး လုပ်ဆောင်မှု တစ်ခုလို့ ညွှန်းဆို ရမှာပါ။ ကွင်းလယ်မှာ မမောတမ်း
လိုက် ကစားပြီး ပြိုင်ဘက် ဆီက ဘောလုံးကို ခပ်ကြမ်းကြမ်း ရယူပုံ၊
ကိုယ်တိုင် တိုက်စစ်ကို ပြန်အစ ပျိုးပုံ၊ အဝေး ကန်ချက်တွေ နဲ့ ဂိုးသွင်းယူ
ပုံတွေဟာ ကိန်းကို ယူနိုက်တက် ပရိသတ်တွေ ဘယ်တော့မှ မေ့လို့ မရစေမယ့်
အကြောင်း တရားတွေ ဖြစ်ပါတယ်။
(၁၉၉၉) ခုနှစ်က
ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ အဖြစ် အီတလီမြေမှာ ဂျူဗင်းတပ်ကို (၂)ဂိုး
ရှုံးနေတဲ့ ယူနိုက်တက် အတွက် ပထမ ဦးဆောင် ဂိုးကို ကိန်းက ခေါင်း တိုက်ပြီး
သွင်းယူ ခဲ့ပါတယ်။ ဒီဂိုးဟာ “အီတလီမြေ မှာဆို ငါတို့ ဂိုး မသွင်းနိုင်
ပါဘူး”လို့ အရိုး စွဲနေတဲ့ ယူနိုက်တက်ရဲ့ အကြောက် တရားကို ပျက်ပြယ် သွားစေ
ခဲ့ပြီး အသင်း ဟာလည်း ဥရောပ ချန်ပီယံ ဖြစ်လာခဲ့ ပါတယ်။ ကိန်းဟာ
ခေါင်းဆောင် အရည် အသွေး၊ ဗီဇ ပါရမီ ပိုင်းမှာ မွေးရာပါ ပြည့်ဝ သူလို့
ညွှန်းဆိုနိုင် ပါတယ်။ ပြိုင်ဘက်ကို ရည်ရွယ်ချက် ရှိရှိနဲ့ ဘောလုံး သမား ဘဝ
ဆုံးတဲ့ ထိ ဖျက်ထုတ် တတ်တဲ့ အမှောင်ခြမ်း ဘ၀မျိုး ပိုင်ဆိုင် ထားသလို
ယူနိုက်တက်ရဲ့ သမိုင်း တစ်လျှောက် အထူးချွန်ဆုံး အသင်းခေါင်းဆောင်
တစ်ယောက် ဆိုတဲ့ တောက်ပမှု ဟာလည်း သူနဲ့ ထိုက်တန် ခဲ့ပါတယ်။ ပရီးမီးယား
လိဂ်မှာ ကိန်းလို စွယ်စုံရ ကွင်းလယ် လူမျိုး နောက်တစ်ခါ မြင်ရဖို့
ဘယ်လောက်တောင် စောင့်ရ ဦးမလဲ မသိနိုင် ပါဘူး။
-
ပက်ထရစ်ဗီအဲရာ (အာဆင်နယ်)
မန်ချက်စတာ
ယူနိုက်တက်ရဲ့ ရွိုင်ကိန်းကို ချီးမွမ်းခန်း ဖွင့်နေမယ် ဆိုရင်
သူနဲ့ခေတ်ပြိုင် ဗီအဲရာကို ချန်လှပ် ထားလို့ မရ ပါဘူး။ အာဆင်နယ်ရဲ့
ရွှေရောင် ကာလတွေ အတွက် အခမ်းနားဆုံး ဦးဆောင်မှု ပေးခဲ့တဲ့ ပြင်သစ်
သားကြီးဟာ ကိန်းလိုပဲ ထူးချွန် ပြည့်ဝတဲ့ ကွင်းလယ် ဗိုလ်ချုပ် တစ်ယောက်
ဖြစ်ခဲ့ ပါတယ်။ အာဆင်နယ်ရဲ့ ရှုံးပွဲမရှိ ပရီးမီးလိဂ် ချန်ပီယံဘွဲ့
ဆွတ်ခူးမှုမှာ အကောင်းဆုံး ဦးဆောင်မှု ပေးခဲ့သူ တစ်ယောက်ပေါ့။ ဗီအဲရာဟာ
ကွင်းလယ် ခံစစ်သမား တစ်ယောက် အနေနဲ့ စပြီးအောင်မြင် ခဲ့ပေမယ့် နောက်ပိုင်း
မှာတော့ ရှေ့နောက် လွန်းထိုး ကစားရင်း လုပ်အားနှုန်း သိပ်ကောင်းတဲ့
ကွင်းလယ် ဖန်တီးရှင် တစ်ယောက် ဖြစ်လာခဲ့ ပါတယ်။
အေစီမီလန်မှာ
(၂)ပွဲလောက် သာ ကစား ရပြီး တိမ်မြုပ်နေတဲ့ ကျောက် မျက်ရိုင်း ကစားသမားကို
အာစင်ဝင်းဂါးက အလှပဆုံး အရောင် တင်ပေးနိုင် ခဲ့တယ်လို့ ဆိုရ မှာပါ။
အာဆင်နယ်ဟာ အွန်နရီ၊ ဗီအဲရာ တို့ခေတ်မှာ မော်မော် ကြွားကြွား တောက်ပနိုင်
ခဲ့တယ် ဆိုတာကို ခုချိန်ထိ အာဆင်နယ် ပရိသတ်တွေ မှတ်မိနေ ဦးမှာ ဖြစ်ပါ တယ်။
ဗီအဲရာဟာ အာဆင်နယ် အတွက် ပရီးမီးယား လိဂ် (၂၇၉)ပွဲ ကစားပြီး (၂၉)ဂိုး
သွင်းယူပေး ခဲ့ပါတယ်။ (၂၀၀၅) ခုနှစ်မှာတော့ သူဟာ အာဆင်နယ်ကို ကျော
ခိုင်းပြီး တစ်ချိန်က မအောင်မြင် ခဲ့တဲ့ အီတလီမြေကို ကူးပြောင်း ကာ
ဂျူဗင်းတပ် အသင်းနဲ့ စာချုပ်သွား ပါတော့တယ်။
-
ခရစ္စတီယာနို ရော်နယ်ဒို (မန်ချက်စတာ ယူနိုက်တက်)
ပရီးမီးယားလိဂ် ကလပ်
တစ်ခုကို ကိုယ်စား ပြုပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမား ဆုကို ရယူနိုင်
ခဲ့တဲ့ ကစားသမား ဆိုတာ သမိုင်း တစ်လျှောက် တစ်ယောက်ပဲ ရှိခဲ့ ပါတယ်။
ဒါဆိုရင် ရော်နယ်ဒိုကို Daily Mail ရဲ့ ပရီးမီးယား လိဂ် သမိုင်းမှာ
အကောင်းဆုံး (၁၀)ယောက် စာရင်းထဲ ဘာကြောင့် ထည့်ရတယ် ဆိုတာ လုံလောက်တဲ့
အကြောင်း ပြချက် ဖြစ်လာပါ လိမ့်မယ်။ စပို့တင်း လစ္စဘွန်းက မထင်မရှား
လူငယ်လေးဟာ အိုးလ်ထရက် ဖို့ဒ်မှာ လူလားမြောက် ခဲ့ပြီး (၂၀၀၈) ခုနှစ်က
ယူနိုက်တက်တို့ ပြည်တွင်းနဲ့ ဥရောပ ချန်ပီယံလိဂ် ဆုဖလားတွေ သိမ်းယူ
ချိန်မှာ အတောက် ပဆုံး ခြေစွမ်းပြ ခဲ့ပါတယ်။
တကယ်တော့
ပရီးမီးယားလိဂ် ကျင်းပ ခဲ့တဲ့ နှစ်ပေါင်း(၂၀) အတွင်း ရော်နယ်ဒိုရဲ့
ခြေစွမ်းကို တန်းတူ ယှဉ်နိုင်မယ့် တောင်ပံ ကစား သမားမျိုး တော်တော့်ကို
ရှားပါ လိမ့်မယ်။ အလိမ် အခေါက်၊ အပေး အပို့၊ ဂိုးသွင်း စွမ်းရည် အားလုံး
ပြီးပြည့် စုံတဲ့ ပေါ်တူဂီ သားဟာ ယူနိုက်တက် အတွက် ပရီးမီးယား လိဂ်
(၁၉၆)ပွဲ ကစားပြီး (၈၄)ဂိုး သွင်းယူပေးနိုင် ခဲ့ပါတယ်။ (၂၀၀၈) ခုနှစ်
ကတော့ ရော်နယ်ဒို အတွက် အပြည့် စုံဆုံး ကာလ ပဲပေါ့။ သူဟာ ယူနိုက်တက်ကို
ဥရောပချန်ပီယံ ဖြစ်လာစေ သလို ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆု ကိုလည်း
ဆွတ်ခူးနိုင် ခဲ့တယ်။ ရော်နယ်ဒို အနေနဲ့ ယူနိုက်တက်ကို အကျိုးပြု ခဲ့တာ
ဒီလောက်နဲ့ မရပ်တန့် သွားပါဘူး။ သူဟာ ရီးယဲလ် မက်ဒရစ်ကို
ပြောင်းရွှေ့သွားတော့လည်း ပေါင်စတာလင် သန်း(၈၀)ထိ ကမ္ဘာ့စံချိန်တင်
ပြောင်းရွှေ့ကြေး ရခဲ့ပြီး ယူနိုက်တက်တို့ ငွေကြေး အရ အကြီး အကျယ်
အမြတ်ထွက် ခဲ့ပါတယ်။
-
အလန်ရှီးယားရား (ဘလက်ဘန်းရိုဗာ၊ နယူးကာဆယ် ယူနိုက်တက်)
အင်္ဂလန် ဘောလုံး
ပရိသတ်တွေ အတွက် တစ်ခေတ်မှာ တစ်ယောက် ပေါ်ထွန်း ခဲ့တဲ့ တိုက်စစ်မှူး အဖြစ်
ထာဝရ လေးစားနေ ရမယ့်သူ ကတော့ ရှီးယားရား ပါပဲ။ သူဟာ ပရီးမီးယား လိဂ်မှာ
သွင်းဂိုး (၂၆၀)ထိ သွင်းယူ ထားနိုင်ပြီး ဒီစံချိန်ကို ဘယ်သူများ
ချိုးဖျက်နိုင် မလဲ ဆိုတာ စိတ်ဝင်စား စရာပါ။ လောလော ဆယ်တော့ အနီးကပ်ဆုံး
လိုက်နိုင်တဲ့ အင်ဒီကိုးလ် ကလည်း ရှီးယားရား လိုပဲ ဘောလုံးလောက ကို
ကျောခိုင်း အနားယူ ခဲ့ပါပြီ။ ကိုးလ်တောင်မှ ရှီးယားရားရဲ့ သွင်းဂိုး
စံချိန်ထက် (၇၄)ဂိုး လျော့နည်းနေ ပါသေးတယ်။
ဘလက်ဘန်း အသင်းနဲ့ အတူ
(၁၉၉၅) ခုနှစ်က ပရီးမီးယား လိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင် ခဲ့တာဟာ
ရှီးယားရားရဲ့ အတောက်ပဆုံး ကာလ တစ်ခု ဖြစ်ပါ လိမ့်မယ်။ (၁၉၉၆) ခုနှစ်၊
ဥရောပ ဖလား အပြီး မှာတော့ သူဟာ ငယ်ဘ၀ ကတည်းက အားပေးနေ ခဲ့တဲ့ နယူးကာဆယ်
အသင်း ဆီကို ပြန်ရောက်လာ ခဲ့ပါတယ်။ အဲဒီတုန်းက နယူးကာဆယ်ဟာ
ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၅)သန်း ထိ ပေးချေပြီး
ရှီးယားရားကို ၀ယ်ခဲ့ တာပါ။ မန်ချက်စတာ ယူနိုက်တက်ရော၊ နယူးကာဆယ်ပါ
ရှီးယားရား အတွက် ပြောင်းရွှေ့ကြေးကို ဘလက်ဘန်းနဲ့ သဘော တူညီမှု ရခဲ့ပေ မယ့်
ရှီးယားရားက မွေးရပ် ဇာတိက အသင်း ကိုပဲ ရွေးချယ် လိုက်ပါတယ်။ သူဟာ
နယူးကာဆယ်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို မရခဲ့ ဖူးပေမယ့်
ပရီးမီးယား လိဂ် ရာဇ၀င်မှာ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက် အဖြစ်တော့
မှတ်ကျောက်တင် သက်သေ ထူနိုင်ခဲ့ ပါတယ်။
-
ဂျီယန်ဖရန်ကိုဇိုလာ (ချယ်လ်ဆီး)
ရိုမန် အေဗရာမိုဗစ်ခ်ျ
ခေတ် မတိုင်ခင် ချယ်လ်ဆီး ဆိုတာ ပရီးမီးယား လိဂ်မှာ ဗိုလ်စွဲဖို့
မျှော်လင့်ချက် မဲ့နေတဲ့ အခြေ အနေမျိုးနဲ့ ဖြတ်သန်းနေ ရတဲ့ အသင်းပါ။
ဒါပေမယ့် အဲဒီ ကာလတွေ ကတည်းက ချယ်လ်ဆီးဟာ မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်
စတဲ့ ချန်ပီယံ လုဘက် အသင်း ကြီးတွေ တလေး တစား ယှဉ်ပြိုင် ရတဲ့ အသင်းကောင်း
တစ်ခု ဖြစ်ခဲ့ ပါတယ်။ သူတို့မှာ အရပ်ပုပုနဲ့ လျင်မြန် သွက်လက် လွန်းတဲ့
အီတလီသား ဇိုလာလို တိုက်စစ် မှူးကောင်း တစ်ယောက် ရှိတယ်။ စတမ်းဖို့ဒ်
ဘရစ်ဂ်ျ ကွင်းက အသည်းပေါက် မတတ် အားပေးတဲ့ ပရိသတ်တွေ ရှိနေတယ် မဟုတ်လား။
ပါးမား အသင်း ကနေ
ပြောင်းရွှေ့လာ တဲ့နောက် ဇိုလာဟာ ချယ်လ်ဆီးရဲ့ တိုက်စစ်မှာ အမြုတေ ကစားသမား
ဖြစ်လာခဲ့ ပါတယ်။ ကိုယ်တိုင် ဂိုးသွင်း ဖို့ရော၊ တိုက်စစ်ကို ဖန်တီး
အသက်သွင်း ဖို့ပါ ထူးချွန် လှတဲ့ ဇိုလာဟာ ကျောနံပါတ် (၂၅) ဂျာစီကို
ဝတ်ဆင်ရင်း ချယ်လ်ဆီး ပရိသတ်ရဲ့ အသည်းကျော် ဖြစ်ခဲ့ ပါတယ်။ ပြီးတော့
ပရီးမီးယား လိဂ်ရဲ့ ဖျော်ဖြေမှု အပေးနိုင်ဆုံး ကြယ်ပွင့် ကစားသမား တစ်ယောက်
အနေ နဲ့လည်း အသိ အမှတ်ပြု ခံခဲ့ ရတယ်။ သူဟာ ချယ်လ်ဆီးမှာ ပရီးမီးယား လိဂ်
ပွဲပေါင်း (၂၂၉)ပွဲ ကစားပြီး (၅၉)ဂိုး သွင်းယူပြ ခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့
အတူ ပရီးမီးယား လိဂ် ဖလားကို ကိုင်မြှောက်ခွင့် မရ ခဲ့ပေမယ့် FA ဖလား
(၂)ကြိမ်၊ လိဂ်ဖလား (၁)ကြိမ်၊ UEFA ရှုံးထွက် ဖလား (၁)ကြိမ် တို့ကို
ဆွတ်ခူးနိုင် ခဲ့ပါတယ်။
-
ပေါလ်စခိုးလ် (မန်ချက်စတာယူနိုက်တက်)
ဂန္ထ၀င်ဆိုတဲ့
စကားလုံးကို အပီပြင်ဆုံး ဖွဲ့သီ ညွှန်းဆိုမယ် ဆိုရင် စခိုးလ်ကို မေ့ထား
လို့ မရပါဘူး။ ယူနိုက်တက်ရဲ့ ပရီးမီးယား လိဂ် အောင်ပွဲတွေ အတွက် ခေတ်
အဆက်ဆက် အသုံးတော်ခံ ပါဝင်ပြ ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ဖန်တီး
ရှင်ဟာ ဘောလုံးလောကကို စွန့်ခွာ သွားပြီး မှ အသင်းရဲ့ လိုအပ်ချက်ကြောင့်
ဘောလုံးကန် ဖိနပ်တွေကို ပြန်ဝတ်ဆင် ခဲ့ပါတယ်။ ခုလောလောဆယ် အကြိမ်
(၂၀)မြောက် အမှတ်ပေး ချန်ပီယံဘွဲ့အတွက် ချီတက်နေတဲ့ ယူနိုက်တက်ရဲ့
ကွင်းလယ် ကစားကွက်ကို အကောင်းဆုံး ဦးဆောင်မှု ပေးနေသူ ဆိုရင်လည်း မမှား
ပါဘူး။
စခိုးလ်ဟာ
ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို (၁၀)ကြိမ် ရယူထားနိုင် တာကြောင့်
ရိုင်ယန်ဂစ် ပြီးရင် အများဆုံး အောင်ပွဲ ခံခွင့် ရခဲ့သူလို့ ဆိုရ မှာပါ။
တည်ငြိမ်စွာ ဦးဆောင်နိုင်မှု၊ ဘောလုံး အခင်းအကျင်း သပ်ရပ်မှု၊ ပြင်းထန်တဲ့
ကန်ချက်တွေ ကနေ ဂိုးသွင်း ယူနိုင်မှု ဆိုတာတွေဟာ စခိုးလ်ရဲ့ ၀ိသေ သတွေ
ဖြစ်ပါတယ်။ ခေတ် အဆက်ဆက် မှာ အကောင်းဆုံး ကွင်းလယ် ဗိသုကာ တစ်ယောက် အဖြစ်
သတ်မှတ်ခံ ထားရတဲ့ စခိုးလ်ဟာ ယူနိုက်တက်ရဲ့ သမိုင်းကြောင်းမှာ ဘယ်တော့မှ
ချန်ထားလို့ မရတဲ့ ဂန္ထ၀င် တစ်ယောက် ဆိုတာ သေချာ ပါတယ်။ သူဟာ ယူနိုက်တက်နဲ့
အတူ ပရီးမီးယားလိဂ် ဆုကို ဆယ်ပြည့် ဂဏန်း အကြိမ် အရေ အတွက်ထိ
ပိုင်ဆိုင်ထားတဲ့ အပြင် FA ဖလား (၃)ကြိမ်၊ လိဂ်ဖလား (၂)ကြိမ်၊
ချန်ပီယံလိဂ် ဆုဖလား (၂)ကြိမ် အပါအ၀င် အောင်မြင်မှု အလီလီကို ဆွတ်ခူး
ရယူနိုင်ခဲ့ ပါတယ်။
——
Source: Dailymail
0 comments:
Post a Comment