Wednesday, 30 May 2012

ချယ်ဆီးကို ရွေးချယ်လိုက်တဲ့ ဟာဇက်နှင့် ပတ်သက်ပြီး သူတို့တွေ ဘာပြောကြလဲ?


ချယ်ဆီးကို ရွေးချယ်လိုက်တဲ့ ဟာဇက်နှင့် ပတ်သက်ပြီး သူတို့တွေ ဘာပြောကြလဲ?
ချယ်ဆီးကို ရွေးချယ်လိုက်တဲ့ ဟာဇက်နှင့် ပတ်သက်ပြီး သူတို့တွေ ဘာပြောကြလဲ?
မန်ချက်စတာမြို့ခံပြိုင်ဘက် နှစ်သင်းကို ငြင်းပယ်ပြီး ချန်ပီယံလိဂ်ဖလား ရရုံတင်မက လာမည့်ရာသီရဲ့ ဥရောပချန်ပီယံသရဖူကိုပါ ပြန်လည် ကာကွယ်နိုင်တော့မည့် ချယ်ဆီးအသင်းကို ဘယ်လ်ဂျီယံသား အေဒင်ဟာဇက်သည် ရွေးချယ်ကာ အပြာရောင် ၀တ်စုံကို ၀တ်ဆင်တော့မှာ ဖြစ်ပါတယ်။ အသက် ၂၀ ၀န်းကျင်သာ ရှိသေးတဲ့ ဟာဇက်ဟာ အာမခံချက်အပြည့်နဲ့ ပွဲထွက်ကစားရဖို့ အလိုရှိခဲ့တာပါ။ သူ့ရဲ့ ကိုယ်ပိုင် ကစားဟန်နဲ့ တစ်ပတ်လစာ ပေါင် ၂သိန်းနီးပါးကိုလည်း ရရှိသွားပါပြီ။ ကြားရတဲ့ အသံတွေကတော့ အဲဒီ လိုင်လီစတား အေဒင်ဟာဇက်ဟာ သူရဲ့ တန်ဖိုးထက်ကို ပိုမိုပြိး အလုပ်များတော့မှာလို့ ပြောနေကြပါတယ်။ ဒါပေမဲ့ တချို့ပွဲတွေအတွက်တော့ ကြီးကျုယ်မှုတွေ ဖြစ်သွားမှာပါ။ အဲဒီ ဘယ်လ်ဂျီယံသားဟာ ချယ်ဆီးအတွက် အကောင်းဆုံး တန်ဖိုးကို လုပ်ပြသွားနိုင်ပါလိမ့်မယ်။ အခုလို ပြောစကားမျိုးအပြင် အခြားသော ကလပ်များ နိုင်ငံလက်ရွေးစင် အသင်းများမှ နည်းပြများကလည်း ဟာဇက်နှင့် ပတ်သက်ပြီး မှတ်ချက်များ ပေးခဲ့ကြပါသေးတယ်။

mutdfan.comကားလိုစ့် အန်စလော့တီ (ပီအက်စ်ဂျီနည်းပြ)

“အေဒင်ဟာဇက်ဟာ အရမ်းကို မြန်ဆန်တဲ့ကစားသမားပါ။ အရမ်းကိုလည်း ပါရမီရှိသူပါ။ လိုင်လီအတွက်တော့ သူဟာ အရမ်းကို တော်တဲ့ ကစာသမား ဖြစ်သလို အကောင်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိဂ်မှာ တခြားကောင်းတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်”

လောရန့်စ် ဘလန့် (ပြင်သစ်နည်းပြ)

“ဒီကစားသမားကို ကျွန်တော်တို့ ကောင်းကောင်းသိတာပေါ့။ ပြင်သစ်ချန်ပီယံရှစ်ပွဲတွေထဲကို သူရောက်လာကတည်းကလေ။ သူဟာ ငယ်ရွယ်တဲ့ ကစားသမားပါ။ သူ့အသက် ၂၀ဆိုတာကို ခင်ဗျားတို့ မေ့နေကြသလား။ ပွဲတိုင်းကို သူဟာ ဂိုးသွင်းဖို့ ချောင်းနေတာဗျ။ ဘယ်လ်ဂျီယံကတော့ အရမ်းကို ပါရမီရှိတဲ့ ကစားသမား တစ်ယောက်နဲ့အတူ ဆုလာဒ်ကောင်း ဖြစ်နေပါပြီ”

ရူဒီဂါစီယာ (လိုင်လီနည်းပြ)

“အေဒင်ရဲ့ သူ့ပုံစံကစားပုံဟာ အစားထိုးလို့မရနိုင်ဘူး ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူ့လိုမျိုး ကစားသမားတစ်ယောက်ကို ရှာတွေဖို့က ပြဿနာပါဘဲ သူဟာ ပြိုင်ဘက်ကင်းသူပါ။ သူထွက်သွားတဲ့အတွက် သူ့နေရာကို အစားထိုးဖို့ ၂ယောက်လောက်တော့ သေချာပေါက်ကို လိုနေတော့မယ်လို့ ကျွန်တော်တောင် စဉ်းစားနေမိသေးတယ်။ သူဟာ သမိုင်းမော်ကွန်းတင်မဲ့ မျှော်လင့်ရဆုံး ကစားသမားတစ်ဦး သြချရလောက်အောင် အံဖွယ်ဘောလုံးသမား တစ်ဦးပါဘဲ”

မာတီရူဒါဘူချီ (လိုင်လီဗဟိုခံစစ်မှူး)

“အဖိုးတန် ရွှေတုံးရွှေခဲလေး အသင်းကနေ ထွက်ခွာသွားတော့ သူ့နေရာကို ပြန်ဖြည့်ရတော့မှာပေါ့။ သူ့နေရာ အစားထိုးဖို့ ကလပ်လည်း အတော် ဒုက္ခရောက်တော့မယ်လေ။ သူဟာ ကွင်းတွင်းကွင်းပြင် နှစ်လိုဖွယ်ကောင်းသူပါ။ ဒီရာသီမှာ အမြင့်ဆုံးနေ၇ာ တစ်ခုကို ရောက်ရှိသွားခဲ့ပါတယ်။ သူ့အတွက်တော့ အရမ်းကို ကြီးကျယ်တဲ့ ကလပ်တစ်ခုနဲ့အတူ အပြောင်းအလဲ ဖြစ်သွားတာက ကောင်းခြင်း တစ်ခုဖြစ်သွားအုံးမှာပါ”

“အရမ်းကို လျှင်မြန်တဲ့သူပါ ဘာကြောင့်လဲဆိုရင် ဖိအားကို ကောင်းကောင်းကြီး လက်ကိုင်ထားလို့လေ သူ့ရဲ့ ပခုံး နှစ်ဖက်ပေါ်က ဦးခေါင်းတစ်လုံးကနေ သူ့ရဲ့ အစွမ်းကို ပြနေသူပါ။ တခါတလေများဆိုရင် ကျွန်တော်တို့ မပါဘဲတောင် အကောင်းဆုံး လုပ်ပြနိုင်ပါတယ်”

ဂျော့ခ်ျလီကန်စ် (ဘယ်လ်ဂျီယံနည်းပြဟောင်း)


“သူ့ရဲ့ ကစားသမား ဘ၀ကို သူဘဲ ဦးစီးညွန်ကြားရမှာပါ။ အလုပ်လုပ်တဲ့ သူလို့တောင် မထင်ရတဲ့ ကောင်လေးပါ။ ချယ်ဆီးကို ပြောင်းလိုက်ခြင်းကလည်း ကစားသမားတစ်ယောက်ဖြစ်ခြင်းရဲ့ အံဖွယ်အလုပ်တစ်ခုပါဘဲ။ ဒီအရည်အသွေးတွေကို ပေးသနားခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပါ။  အဲဒါဟာ သူ့ဘာသာသူဘဲ မေးခွန်းထုတ်ရမှာလေ”

ဇီဒန်း (ရီးယဲမက်ဒရစ် ဒါရိုက်တာ)

“ဟာဇက်ကို ရီးယဲကို ခေါ်ဆောင်ခဲ့ချင်တာပါ။ သူ့ကို ကျွန်တော်က လက်မှတ်ရေးထိုးချင်ခဲ့တာပါ”

ရော်ဘတ်တိုမန်စီနီ (မန်ချက်စတာစီးတီးနည်းပြ)

“ဟုတ်ကဲ့ ကျွန်တော်သူ့ကို အရမ်းကို အထင်ကြီးထားတာပါ။ တကယ်တော်တဲ့ ကစားသမားတစ်ဦးပါ။ သူဟာ ငယ်တယ် ကျွန်တော်တို့အသင်းအတွက်လည်း အရမ်းသင့်တော်တဲ့ သူပါ။ သူရဲ့ အရည်အသွေးကို ကြည့်ရတာ သူ့အတွက် စီးတီးဟာ ပြီးပြည့်စုံတဲ့ ဂုဏ်အရည်အချင်းပါဘဲ။ သူ့အကြောင်း ကောင်းကောင်းကြီး သိလို့လည်း သူ့နောက်ကို အချိန်အတော်ကြာကတည်းက လိုက်နေခဲ့တာပါ။ သူ့လို ကစားသမားကိုလည်း အသင်းအတော်များများက လိုချင်နေကြတာဘဲလေ”

ရီနီမြူလန်စတင်း (မန်ချက်စတာယူနိုက်တက် လက်ထောက်နည်းပြ)

“ဟာဇက်ဟာ စပယ်ရှယ်ပါရမီရှိသူပါ။ ဒါပေမဲ့ ယူနိုက်တက် အနေနဲ့တော့ ကျွန်တော်တို့ဟာ နေ့ချင်းညချင်း နာမည်ရလာတဲ့ ကစားသမားမျိုးကို မ၀ယ်ပါဘူး။ ဒီကစားသမားရဲ့ နောက်ကြောင်းကိုလည်း ဖာဂူဆန်က သိချင်နေခဲ့တာပါ”

ဆာအဲလက်စ်ဖာဂူဆန် (မန်ယူနည်းပြ)


“လိုင်လီနဲ့ ကစားခဲ့တဲ့ ပွဲကို ကျွန်တော် ရောက်ချိန်မှာ အေဒင်ဟာဇက် နောက်ကို ကျွန်တော် လိုက်ခဲ့တာ အသေအချာပါဘဲ။ ဒါပေမဲ့ တခြားကစားသမားတွေလည်း ပါတယ်လေ။ ဟာဇက်ဟာ အရမ်းတော်တဲ့ ကစားသမားပါ။ သူ့မှာ အရည်အချင်းကောင်းတွေ အများကြီးပါဘဲ။ ဆယ်မီတာကျော်လောက်ကို တခဏနဲ့ အမြန်ရောက်အောင် ပြေးနိင်သူလေ။”

မားစ်ဝဲလ်မိုစ့် (ဘယ်လ်ဂျီယံနည်းပြ)

“သူ့လို ကစားသမားမျိုး တစ်ယောက်လောက် ကျွန်တော်တို့မှာ ရှိနေချိန် သူ့ရဲ့ အစွမ်းတွေကို ကျွန်တော်တို့က ထုတ်ပြစေရမှာပါ။ ဒါပေမဲ့ နာမည်ကြီး အော်ပရာ အဆိုကျော်တစ်ယောက်လို ဖန်တီးဖို့တော့ ကျွန်တော် မလိုချင်ဘူး။ ဒီနေရာမှာ အထူးစပယ်ရှယ် တစ်ယောက်လို ပြုမူနေထိုင်လို့တော့ မရပါဘူး။ ဒါပေမဲ့ ပွဲကစားနေချိန်မှာတော့ သူ့ကို လွတ်လွတ်လပ်လပ် လန်းလန်းဆန်းနဲ့ဘဲ ရှိနေစေချင်ပါတယ် အဲဒါဟာ သူ့ကို ဖိအားနည်းနည်းနဲ့ ကစားနိုင်စေဖို့ပါဘဲ”

“သူဟာ ကွင်းရဲ့ သုံးချိုး တစ်ချိုး တိုက်စစ်ထဲမှာ ဖြတ်တင်ဘောတွေမှာ အရမ်းကို တိုးတက်လာနေပါတယ်။ အဲဒါဟာ သူ့ရဲ့ လုပ်ဆောင်ချက် အသစ်ပါ။ လွန်ခဲ့တဲ့ ဆယ်လလောက်ကဆို သူ့ရဲ့ ဂိုးသွင်းပုံ တိုးတက်လာဖို့ ပြောခဲ့ပါသေးတယ် သူဟာ မျှော်လင့်ထားတာ အားလုံးကို လက်ခံ လုပ်ဆောင်ခဲ့ပါတယ် အချိန်တိုင်းလည်း သူ့ကို တွေ့တိုင်း ကျွန်တော်က ဖိအားပေး စိန်ခေါ်နေခဲ့တာပါ။ ကျွန်တော် အဲဒီလို ထိန်းသိမ်းပျိုးထောင်ပေးနိုင်ရင် သူဟာ ထူးကဲတဲ့ ကစားသမား တစ်ဦး ဖြစ်သွားမှာပါ”

“နိုင်ငံလက်ရွေးစင် အသင်းမှာလည်း သူ့အကြိုက် ကျောနံပါတ် ၁၀ကို ၀တ်ချင်တယ်ဆိုတာ ကျွန်တော် သိတာပေါ့။ အရမ်းကို ဆန္ဒရှိနေတာပါ။ အေဒင်ဟာ သူချစ်မြတ်နိုးတာကို အလိုရှိတဲ့ ကလေးတစ်ယောက်ပါဘဲ။ သူ့ရဲ့ ပါရမီအတိုင်း ပေးဆပ်ဖို့ကလည်း ယုံကြည်ထားသူပါ။ ဒီချာတိတ်ဟာ တောက်ကို တောက်ပလာမဲ့သူပါ။ သူပအတွက် မှန်ကန်တဲ့ ဒီအလုပ်ကို ရွေးဖို့ အခုဆိုရင် ဖြစ်သွားပါလိမ့်မယ်။ ပြီးတော့လည်း နယ်ပယ်သစ်နဲ့အတူ ဖိအားတွေကိုလည်း သူ ရသွားအုံးမှာပါ။”

“သူ့ရဲ့ နောက်ထပ် အပြောင်းအရွှေ့က သူ့ကို ပိုပြီး တိုးတက်သွားစေမှာပါ။ လက်ေ၇ွးစင် အသင်းဆိုတာကလည်း လိုင်လီကနေ တစ်ဆင့်တက်သွားတာပါ။ ဒါပေမဲ့ သူ့အတွက်တော့ ကျွန်တော် မစိုးရိမ်ပါဘူး သူ့ကို အကူအညီပေးကြပါလိမ့်မယ်။ သူ့ရဲ့ အောင်မြင်မှုအတွက်လည်း ကျွန်တော်ဟာ ယုံကြည်မှုအပြည့်နဲ့ပါ”

0 comments:

Post a Comment