Sunday, 20 May 2012

သမိုင်းတခေတ် ဆန်းသစ်ခဲ့ပြီး ချန်ပီယံလိဂ် ဖလား ပိုက်နိုင်ခဲ့သည့် ချဲလ်ဆီး ( ဘိုင်ယန်မြူးနစ် ၁-၁ ချဲလ်ဆီး) (ပင်နယ်သီ ဘိုင်ယန် ၃-၄ ချဲလ်ဆီး)

သမိုင်းတခေတ် ဆန်းသစ်ခဲ့ပြီး ချန်ပီယံလိဂ် ဖလား ပိုက်နိုင်ခဲ့သည့် ချဲလ်ဆီး ( ဘိုင်ယန်မြူးနစ် ၁-၁ ချဲလ်ဆီး) (ပင်နယ်သီ ဘိုင်ယန် ၃-၄ ချဲလ်ဆီး)
သမိုင်းတခေတ် ဆန်းသစ်ခဲ့ပြီး ချန်ပီယံလိဂ် ဖလား ပိုက်နိုင်ခဲ့သည့် ချဲလ်ဆီး ( ဘိုင်ယန်မြူးနစ် ၁-၁ ချဲလ်ဆီး) (ပင်နယ်သီ ဘိုင်ယန် ၃-၄ ချဲလ်ဆီး)
ယနေ့ ယှဉ်ပြိုင်သည့် ချန်ပီယံလိဂ် ချန်ပီယံ ဗိုလ်လုပွဲတွင် ဂျာမဏီ နိုင်ငံတွင် ကျင်းပပြီး ဂျာမဏီ အသင်းဖြစ်သည့် ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရ ဘိုင်ယန်မြူးနစ်နှင့် ဧည့်သည် ချဲလ်ဆီး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြခြင်း ဖြစ်သည်။ ဧည့်သည် ချဲလ်ဆီး အသင်း၏ ပထမပိုင်း လူထုတ် စာရင်းသည် ရင်ခုန်ဖွယ် ကောင်းလှပြီး စိတ်ဝင်စားမှု အပြည့်နှင့် ဖြစ်သည်။ အက်ခ်ျလေကိုးလ် နေရာတွင် အစားထိုး ကစားနေခဲ့သည့် လူငယ် နောက်ခံ ကစားသမား ဘားထရန့်အား ရှေ့တန်း နောက်ချန် အဖြစ် တင်ကစားကာ အခြား ကွင်းလယ် အဖျက် ကစားသမားများ ဖြစ်သည့် အက်စီယံ၊ မာလူဒါ၊ တိုက်စစ်မှူး စတာရိုက်တို့ နေရာ အစား ထည့်သွင်း အသုံးပြုသွားခဲ့သည်။ နောက်တန်းတွင် အဝါကတ် နှစ်ကတ်ထိ အိုင်ဗန် နိုဗစ်နှင့် ဘာစီလိုနာနှင့် ပွဲတွင် တိုက်ရိုက် အနီကပ် ထိထားသော အသင်းခေါင်းဆောင် တယ်ရီတို့ မပါဝင်ပဲ ကွင်းလယ် ဗဟိုတွင် လူငယ်များ ဖြစ်သည့် လူးဝစ်နှင့် ကာဟေးတို့ဖြင့် တွဲကစားခဲ့ပြီး ဘယ်ညာ နှစ်ဘက်တွင် ဘို့စင်ဝါနှင့် အက်ခ်ျလေကိုးလ်တို့ဖြင့် ပွဲထွက်ခဲံသည်။ ကွင်းလယ်တွင် လမ်းပတ်နှင့် မီခေးလ်တို့ ကစားခဲ့ပြီး ကွင်းလယ်နှင့် နောက်ချန် တိုက်စစ် အဖြစ် မာတာ၊ ကာလူးနှင့် ဘားထရန့်တို့အား ထားကစားခဲ့ပြီး အထောင် တိုက်စစ်မှူး ဒရော့ဘာအား ကစားစေခဲ့သည်။ နောက်တန်းများ အမှားနှင့် ဘိုင်ယန် တိုက်စစ်အား ကောင်းကောင်း ကာကွယ်မှု ပြုလုပ်နေသည့် ပီတာဆတ်ခ်ျမှ ချဲလ်ဆီး ဂိုးပေါက်အား တာဝန်ယူသွားခဲ့သည်။


ဘိုင်ယန် အသင်းတွင် အိမ်ရှင် ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲ ဖြစ်သည်နှင့် အညီ လူစုံတက်စုံ ထုတ်ကစားခဲ့ပြီး ရှေ့တန်း တောင်ပံ နှစ်ဘက်တွင် အဓိက အားထားရသော ရော်ဘင်နှင့် ရီဘာရီ၊ တိုက်စစ်မှူး ဂိုးမက်နှင့် မြူလာတို့ အဓိက အားထား ကစားခဲ့ပြီး ပထမပိုင်း အတွင်း ချဲလ်ဆီး အသင်းဘက်သို့ အကြိတ် အနယ် ထိုးဖောက် နိုင်သည့် ကစားသမားများ ဖြစ်သည်။ ကွင်းလယ်တွင် စတိုင်ဂါ၊ တိုနီခရော့၊ နောက်တန်း ကစားသမား ၄ ယောက်အဖြစ် ဖီးလစ်လမ်း၊ ဘိုအာတန်၊ သူမိုးချက်နှင့် ကွန်တန်တို စသဖြင့် အကောင်းဆုံး လူထုတ်ပုံ အတိုင်း ကစားခဲ့ပြီး ဘိုင်ယန် ဂိုးပေါက်အား တာဝန် ယူခဲ့သည့် နူအာသည် အဝေးကွင်းတွင် ရီးရဲမက်ဒရစ်အား ဖြုတ်ချ နိုင်ရေး အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင် ကူညီပေးခဲ့သည့် ဂိုးသမားလည်း ဖြစ်သည်။


ပထမပိုင်း အတွင်း ဘိုင်ယန် မြူနစ်မှ ချဲလ်ဆီး အသင်းဘက်သို့ အကြိတ်အနယ် ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့် များလဲ မကြာခဏ ရရှိခဲ့ပေမယ့် ဂိုးရရှိခဲ့ခြင်း မရှိခဲ့ပဲ ကံခေနေခဲ့တော့သည်။ ဂိုးမက်၊ ရော်ဘင်၊ ရီဘာရီနှင့် မြူလာတို့၏ အပိုင် ပိတ်သွင်းချက်များအား နောက်တန်းများနှင့် အတူ ပီတာဆတ်ခ်ျ၏ ကာကွယ်မှုများဖြင့် အဆုံးသတ်နိုင်ခဲ့ပြီး ချဲလ်ဆီး အသင်းမှ တခါတရံမှသာ ထိုးဖောက်မှုများ ရှိခဲ့သည်။ ခံစစ် သဘောဖြင့်သာ ကစားခဲ့ရသည့် ချဲလ်ဆီး အသင်းဘက်သို့ ဘိုင်ယန် မြူးနစ်မှ ၃၂ မိနစ်တွင် ရော်ဘင်၏ အပိုင်ပိတ်သွင်းခွင့်၊ ၃၆ မိနစ်တွင် တောင်ပံ ဖြတ်တင်မှုမှ မြူလန် အပိုင် ပိတ်သွင်းခွင့် ရရှိခဲ့ပြန်သော်လည်း ဂိုးလွန်ဘောသာ ဖြစ်သွားခဲ့ရသည်။


ချဲလ်ဆီး အသင်းဘက်မှ ၃၁ မိနစ်တွင် ဒရော့ဘာမှ တစ်ဆင့် မာတာ၊ မာတာမှ အလွတ်ရှိနေသည့် ဘားထရန့် ဘက်သို့ ခင်းပေးပြီး ဘားထရန့်မှ ဒရော့ဘာ ပြေးတက်သွားသည့် လမ်းကြောင်း အတွင်း မခင်းပေးပဲ ထပ်မံ ဆွဲယူခဲ့သောကြောင့် နောက်တန်းများ ဖြတ်ထုတ်ခြင်းအား ခံခဲ့ရသည်။ နစ်နာသည့် အခွင့်အရေး တစ်ရပ် ဖြစ်သည်။ ၃၇ မိနစ်တွင် ဒရော့ဘာမှ လမ်းပတ် ဘောလုံး ရသွားပြီး ကာလူးအား အပိုင် ပိတ်ခွင့် ပေးခဲ့သော်လည်း ကာလူး ကန်သွင်းသည့် ဘောလုံးအား ဂိုးသမား နူအာမှ အမိဖမ်းသွား နိုင်ခဲ့သည်။ ပထမပိုင်း အတွင်း ဖိအားများ ပေးခြင်း ခံရသော ချဲလ်ဆီး အသင်းအနေဖြင့် အမှားအယွင်း နောက်တန်းတွင် အနည်းငယ် ရှိယုံမှ လွဲပြီး တစ်သင်းလုံး ခံစစ်ကောင်းကောင်း ကစားသွားနိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။


ဒုတိယပိုင်း ပွဲပြန်အစတွင် ချဲလ်ဆီး အသင်းနှင့် ဘိုင်ယန် အသင်းသည် ပထမပွဲထွက် စာရင်းအတိုင်း ပြန်လည် ပွဲထွက် ကစားခဲ့သည်။ ဘိုင်ယန် အသင်းသည် ပထမပိုင်း နည်းတူ တိုက်စစ်ဆင် ကစားခဲ့ပြီး ချဲလ်ဆီး အသင်းမှ ကောင်တာမှ တစ်ဆင့် ထိုးဖောက်ရန်သာ ပြုလုပ်နိုင်ခဲ့သည်။ ဘိုင်ယန် မြူးနစ် အသင်းသည် တိုက်စစ် ထက်ထက်ဖြင့် ထိုးဖောက် နေသော်လည်း ချဲလ်ဆီး အသင်းသည် ပထမပိုင်းထက် ဒုတိယပိုင်း ၅၀ မိနစ်လောက် အထိ ဘိုင်ယန် ဘက်သို့ ပိုမိုထိုးဖောက်ခွင့် ရရှိခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ဘိုင်ယန် အသင်းသည် တောင်ပံ နှစ်ဘက်ရှိ ရော်ဘင်နှင့် ရီဘာရီတို့ ပံ့ပိုးမှုများ ထိုးဖောက်မှုများအား အားထား ကစားခဲ့ပြီး ဦးဆောင်ဂိုးအား ပွဲချိန် ၈၃ မိနစ်တွင် စတိုင်ဂါ ခင်းပေးမှုမှ တစ်ဆင့် မြူလာမှ လှလှပပ မြေထောက်ဘော ခေါင်းတိုက် သွင်းယူ သွားခဲ့ခြင်း ဖြစ်သည်။ မြူလာသည် အပိုင် ခေါင်းတိုက်ခွင့်အား ဂိုးသမား ပီတာဆတ်ခ်ျ ပိတ်ထားသည့် အပေါက်ဘက်ကိုပင် မြေထောက်ဘော တိုက်သွင်းချက်သည် မြေထောက်ပြီး အပေါ် ဂိုးဘားနှင့်ထိကာ လှလှပပ ဝင်သွားခဲ့ခြင်း ဖြစ်သည်။


ပွဲပြီးခါနီး အချိန်မို့ ယခင်ကတည်းက အနာနှင့် မကင်းသော ဘိုင်ယန်သည် မကြာခင်မှာပင် မြူလာအား လူစားလဲ ကစားစေခဲ့သည်။ အဆိုပါ မြူလာအား ထုတ်မှုသည် ယနေ့ ဘိုင်ယန်ကျရှုံးမှု၏ အစပင် ဖြစ်ပေလိမ့်မည်။ ချဲလ်ဆီး အသင်း၏ ယနေ့ ကစားကွက် အတွင်း ရော်ဘင်ဘက်အား လူငယ် နောက်ခံလူ ဘားထရန့်အား ပထမ ခံစစ် အနေဖြင့် ကစားစေခဲ့ပြီး နောက်တွင်မှ အက်ခ်ျလေကိုးလ်က ဖြတ်ထုတ်ရန် ခင်းကျင်းခဲ့ခြင်း ဖြစ်သည်။ ရော်ဘင်ဘက်တွင် ဘိုင်ယန် အသင်းခေါင်းဆောင် ဖီးလစ်လမ်း တက်ရောက် ကစားသည့် နေရာ ဖြစ်သလို ရီဘာရီသည်လည်း တစ်ခါတစ်ရံ ရောက်လာတတ်ပြီး ကွင်းလယ် အဓိက ကစားသမား ရှဝိန်း စတိုင်ဂါ၏ ကစားကွက် ခင်းရာ နေရာလည်း ဖြစ်သည့် အတွက် ချဲလ်ဆီး နည်းပြ ဒီမက်တီယိုမှ အဆိုပါ ကဲ့သို့ ထားသုံးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း အဆိုပါ ဘားထရန့် အစား မာလူဒါနှင့် လဲခဲ့သည့် နောက်ပိုင်း ဘိုင်ယန်၏ ထိုးဖောက်မှုအား မနိုင်တနိုင် ဖြစ်သွားခဲ့သည် အထိ ရှိခဲ့သည်ကိုေ တွ့ခဲ့ရသည်။


ဦးဆောင်ဂိုးအား ပွဲချိန် ၈၃ မိနစ်တွင် ပေးလိုက်ရသော ချဲလ်ဆီး အသင်းအနေဖြင့် စိတ်ဓာတ်မကျပဲ ပြန်လည် တိုက်စစ် ဆင်လာခဲ့ရာ ၅ မိနစ်ခန့် အကြာ ပွဲချိန် ၈၈ မိနစ်တွင် ပထမဆုံး ရရှိသော ဒေါင့်ကန်ဘောမှ တစ်ဆင့် မာတာ ကန်တင်ပေးမှုအား ဒရော့ဘာမှ ဘိုင်ယန် ဂိုးသမား နူအာ ပိတ်ထားသည့် ဘက်ကိုပင် အပေါ်မှ တိုက်ကာ ချေပဂိုး သွင်းယူ ပေးနိုင်ခဲ့ပြန်တော့သည်။ အိမ်ရှင် ဘိုင်ယန် အသင်းအနေဖြင့် အဆိုပါ ချေပဂိုး ပေးပြီးနောက်ပိုင်း မိနစ်များအတွင်း အကြိတ်အနယ် ထိုးဖောက်သော်ငြားလည်း တိုက်စစ် ထက်သည့် ဘာစီလိုနာ အသင်းအား ရင်ဆိုင် ခဲ့သည့် ချဲလ်ဆီး နောက်တန်းအား မထိုးဖောက် နိုင်ခဲ့ပေ။ 


ယင်းနောက် တစ်ဘက် တစ်ဂိုးစီနှင့် မိနစ် ၉၀ ပြည့်သွားပြီး အချိန်ပို မိနစ် ၃၀ ကန်ရန် ဖြစ်လာခဲ့ပြီး ပထမ ၁၅ မိနစ် စတင်ကစားခဲ့ရာတွင် ပွဲချိန် ၉၃ မိနစ် အရောက်တွင် ရီဘာရီ၏ ဆွဲယူ မှုအား ဒရော့ဘာမှ ချဲလ်ဆီး ဂိုးဧရိယာ အတွင်းနောက်မှ ဖြတ်ထုတ်ရာ ဘောလုံး မထိပဲ ခြေထောက်အား ကန်မိခဲ့သဖြင့် ပင်နယ်သီ ပေးခဲ့ရပေတော့သည်။ အဆိုပါ ပင်နယ်သီအား ယနေ့ လက်စွမ်းပြ ကာကွယ်နေသော ပီတာဆတ်ခ်ျ တာဝန်ယူရာ ဂိုးပေါက်သို့ ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်ခဲ့ဘူးသည့် ရော်ဘင်မှ ကန်သွင်းရာ ပီတာဆတ်ခ်ျမှ ထူးထူးချွံချွံ အမိဖမ်းသွား နိုင်ခဲ့တော့သည်။ ယင်းနောက်ပိုင်း မိနစ်များအတွင်း ချဲလ်ဆီး အသင်း၏ ကွင်းလယ်မှ တစ်ဆင့် ထိုးဖောက်မှုများ အားကောင်း လာခဲ့ပြီး ကာလူး အစား ဝင်ရောက် လာခဲ့သည့် တောရက်စ်၏ ထိုးဖောက်မှုများနှင့် ဒရော့ဘာ ၊ လမ်းပတ်တို့၏ ကန်သွင်းချက်များ ရရှိခဲ့သော်လည်း နှစ်ဘက် အသင်းသည် ထပ်မံ ဂိုးရရှိခဲ့ခြင်း မရှိပဲ ဒုတိယပိုင်း ၁၅ မိနစ် အပါအဝင် အချိန်ပို မိနစ် ၃၀ ပေါင်း မိနစ် ၁၂၀ ပြည့်သွားပြီး ပင်နယ်သီ အဆုံးအဖြတ် ကန်သွင်း ရပေတော့သည်။


အဆိုပါ အချိန်အတွင်း ဂိုးသမားများ၏ အခန်းကဏ္ဍ အရေးကြီးလာပြီ ဖြစ်ပေတော့သည်။ ပင်နယ်သီအား ဘိုင်ယန်မှ အသင်းခေါင်းဆောင် ဖိလစ်လမ်းမှ စတင်ကန်သွင်းပြီး ပီတာဆတ်ခ်ျမှ သွင်းသည့် ဘက်အား ဒိုက်ပစ် နိုင်သော်လည်း ဂိုးဝင်သွားခဲ့သည်။ ချဲလ်ဆီး အသင်းဘက်မှ မာတာသည် ပထမဆုံး အဖွင့်ဂိုး သွင်းယူ ခဲ့သော်လည်း ဘိုင်ယန် ဂိုးသမား နူအာမှ တားဆီး နိုင်ခဲ့တော့သည်။ ဒုတိယ ဘောလုံးအား ဘိုင်ယန်မှ ဂိုးမက် ကန်သွင်းမှုသည် ဂိုးဝင် ခဲ့သလို ချဲလ်ဆီးမှ ဒေးဗစ် လူးဝစ် ကန်သွင်းချက်သည်လည်း ဂိုးဝင်ခဲ့သည်။ တတိယမြောက် ဘောလုံးအား ဘိုင်ယန် ဂိုးသမား နူအာမှ ကန်သွင်း ဂိုးယူခဲ့သလို ချဲလ်ဆီးမှ ဖရန့်လမ်းပတ် ကန်သွင်းမှု ဂိုးဝင်ခဲ့သည်။ ၃ လုံးမြောက် ကန်သွင်းမှု အထိ ဘိုင်ယန်မှ အသာစီး တစ်လုံး ရနေသော်လည်း ၄ လုံးမြောက် ကန်သွင်းမှု ဖြစ်သည့် အိုလစ်၏ ကန်သွင်းချက်အား ပီတာဆတ်ခ်ျမှ ကာကွယ် နိုင်ခဲ့ပြီး ချဲလ်ဆီးအ သင်းမှ အက်ခ်ျလေကိုးလ်၏ ကန်သွင်းချက် ဂိုးဝင်ခဲ့သဖြင့် ၃-၃ သရေ ဖြစ်ခဲ့ပြီး နောက်ဆုံး ၅ လုံးမြောက် ဂိုးသည် အဆုံး အဖြတ် ဖြစ်ခဲ့ပေတော့သည်။ အဆိုပါ ၅ လုံးမြောက် ဂိုးအား ဘိုင်ယန်မှ စတိုင်ဂါ စတင်ကန်သွင်းယူခဲ့ရာ ပီတာဆတ်ခ်ျ ဒိုက်ပစ်သည့် ဘက်က တိုင်အား ထိပြီး ပြန်ထွက် သွားခဲ့ပေသည်။ ယင်းနောက်တွင် ချဲလ်ဆီး အသင်းမှ အဆုံးအဖြတ် ပင်နယ်သီ အဖြစ် ယနေ့ ချေပဂိုး သွင်းယူပေးသည့် ချဲလ်ဆီး ဟီးရိုး ဒရော့ဘာမှ အမှားအယွင်း မရှိ ကန်သွင်းယူခဲ့ကာ အနိုင်ရရှိခဲ့တော့သည်။


ချဲလ်ဆီး အသင်းသည် သမိုင်းသစ် ရေးထိုး နိုင်ခဲ့ပြီး ကံကောင်းသည့် ဒီမက်ဒီယိုသည် ကံကောင်းယုံသာ မက ဗျူဟာလဲ မြောက်ခဲ့သည်ဟု ဆိုရပေမည်။ ချဲလ်ဆီး အသင်းအတွက် ဂိုးသမား ပီတာဆတ်ခ်ျ ကယ်တင်မှု များခဲ့သလို ဒရော့ဘာ၏ အခန်းကဏ္ဍသည်လည်း ခမ်းနားခဲ့တော့သည်။ ချန်ပီယံလိဂ် ချန်ပီယံသစ် ချဲလ်ဆီး အသင်းသည် ယခု အနိုင်ရလဒ်ကြောင့် စတုတ္ထ နေရာတွင် ရှိသည့် စပါး အသင်းအား နောက်ကောက်ချကာ ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ကန်ခွင့်လည်း ရရှိခဲ့ပြီး ယခုရာသီ အတွက် အဓိက ဖလား နှစ်လုံး ရရှိလိုက်ခြင်းလည်း ဖြစ်ပေတော့သည်။

0 comments:

Post a Comment