
ချယ်လ်ဆီးသင်းနည်းပြဟောင်းဘိုအက်ရှ်က ၄င်း၏အသင်းဟောင်း ချန်ပီယံလိဂ်၌ ဗိုလ်စွဲခဲ့သည့်
အတွက် ဂုဏ်ပြုချီးကျူးစကားပြောကြားလိုက်သည်။ ဘိုအက်ရှ်က RTP သတင်းစာသို့
“ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတယ်ဆိုတာ အကြီးမားဆုံး ဂုဏ်ရလာဒ်ပါပဲ၊ အဲ့ဒီအတွက် နည်းပြ
ဒီမက်တီယိုနဲ့ ကစားသမားတွေကို ချီးကျူးဂုဏ်ပြုပါတယ်” ဟု ပြောကြားခဲ့သည်။
အသက်(၃၄)နှစ်ရှိ ပေါ်တူဂီသား ဘိုအက်ရှ်သည် မတ်လဆန်းပိုင်းက အသင်းရလာဒ်များ
ဆိုးဝါးမှုကြောင့် ချယ်လ်ဆီး အသင်းမှ ထုတ်ပယ်ခံခဲ့ရပြီး ယခုအခါ အသင်းလက်မြဲ့ဖစ်နေသည်။
၎င်းအား လီဗာပူးအသင်းမှ ချည်းကပ်လျက်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်လျက်
ရှိနေသည်။
0 comments:
Post a Comment