ပေါင် ၃၂သန်းတန် လိုင်လီတိုက်စစ်မှူး ဟာဇက်သည် ယနေ့ညနေပိုင်း တွင် စတန်းဖိုဒ့်ဘရစ်နှင့် ပူးပေါင်းဖို့ လက်မှတ်ရေးတော့မည်ဟု သိရသည်။
မန်ချက်စတာ မြို့ခံပြိုင်ဘက်အသင်းများ ဖြစ်သည့် မန်ယူနှင့် မန်စီးတီးအသင်းများကို ကျော်ကာ ချယ်ီးကို ရွေးချယ်လိုက်ခြင်း ဖြစ်ပြီး သတင်းလေးပတ်ခန့် ကြာညောင်းနေခဲ့သည့် ဟာဇက် အပြောင်းအရွေ့ ဇာတ်လမ်းမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်ဟု ဂိုးလ်ဒေါ့ကွန်းတွင် ဖော်ပြသွားခဲ့သည်။
"စာချုပ်ကိစ္စ ပြီးသွားခဲ့ပါပြီ။ ဟာဇက်ဟာ သူရဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့ပါပြီ သူဟာ လာမည့် ရာသီသစ်မှာ ချယ်ဆီးအတွက် ကစားပေးတော့မှာပါ။"ဟု Goal.com ၏ သတင်း အရင်းအမြစ် တစ်ခုမှ ကောက်နုတ်ချက်တွင် ပါရှိသွားခဲ့သည်။
တွဒ်တာတွင်လည်း "မင်္ဂလာရှိတဲ့ ညနေခင်းပါ ခင်ဗျာ၊ ကျွန်တော့်ရဲ့ စိတ်အာရုံကို လန်းဆန်းစေလိုက်ပါပြီ နောက်မှ တွေ့ကြတာပေါ့ "ဟု ဟာဇက်ကိုယ်တိုင်ေ၇းသားသွားခဲ့သည်။
ဟာဇက်ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ဖလားရရှိသွားခဲ့သည့် ချယ်ဆီးအသင်းကို စိတ်ယိုင်နေကြောင်းကို ပြီးခဲ့သည့် ရက်အနည်းငယ်တုန်းက ချယ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားရပြီး နောက်နေ့တွင် ဟာဇက်ကိုယ်တိုင် စကားတချို့ကို ဖွင့်ဟ သွားခဲ့သေးသည်။
"ချယ်ဆီးဟာ ကျွန်တော့်ကို အခုဆိုရင် စိတ်ဝင်စားနေပါပြီ၊ သူတို့ဟာ ချန်ပီယံလိဂ်ဖလားကို ရသွားခဲ့ပါတယ် လာမည့်ရာသီသစ်မှာလည်း အဲဒီပြိုင်ပွဲကြီးမှာ သူတို့ ရှိနေအုံးတော့မှာပါ။ ဒီပြိုင်ပွဲကြီးမှာ ကစားရဖို့ ကျွန်တော့်အတွက် အရေးကြီးဆုံးပါဘဲ။ ချယ်ဆီးဟာ တကယ့်ကစားသမားကောင်း တချို့နဲ့အတူ ရှိနေတဲ့ အသင်းကြီး တစ်သင်းပါ။ ဖြစ်နိုင်တာကတော့ ပြောမနေပါနဲ့တော့"ဟု ပြောသွားခဲ့သည်။
ယူနိုက်တက်နှင့် စီးတီးတို့သည် အချိန်အတော်ကြာကတည်းက ဟာဇက်အတွက် နှစ်ကောင်တည်းပြေးတဲ့ မြင်းပြိုင်ပွဲ ဖြစ်ခဲ့သော်လည်း အေးဂျင့်ဖြစ်သူ အလိုရှိနေသည့် ပေါင် ၅သန်းတောင်းဆိုမှုကြောင့် နောက်ကျသွားခဲ့ရဖွယ် ရှိနေသည်။
အဆိုပါ အပြောင်းအရွေ့ဈေးကွက်ထဲသို့ ချယ်ဆီးသည် ရုတ်တရက် ခုန်ဝင်လာခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ အီဗရာမိုဗစ်၏ ရာသီသစ်အတွက် အသင်းဖွဲ့စည်းပုံ အပြောင်းအလဲ လုပ်ဖို့ ငွေကြေးမှာလည်း အလုံအလောက် ရှိနေသည်ကလည်း တပန်းသာသွားဖွယ် ရှိနေသည်။
ဟာဇက်သည် လိုင်လီအတွက် ဂိုးပေါင်း ၂၀ သွင်းယူခဲ့ပြီး အခြားသူများ ဂိုးရအောင်လည်း ၂၂လုံးအထိ ကူညီပေးခဲ့သည်။

0 comments:
Post a Comment