ချယ်လ်ဆီးအသင်း၏
အဓိက ဂိုးသမား ပီတာချက်သည် ၂၀၁၆ ခုနစ်အထိ သက်တမ်းရှိသော စာချူပ်တစ်ရပ်တွင်
လက်မှတ်ရေးထိုးလိုက်ခြင်းအားဖြင့် နောက်ထပ် လေးနှစ်သက်တမ်း တိုးလိုက်ပြီ
ဖြစ်ကြောင်းသိရသည်။
အပြာရောင်အသင်း၏ သမိုင်းတစ်လျှောက် နိုင်ငံခြားသား ကစားသမားများထဲ၌ ပွဲအများဆုံး ကစားခဲ့ရသည့် ကစားသမားအဖြစ် စံချိန်တင်ထားသော ပီတာချက်သည် ၂၀၀၄ ခုနှစ်က ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာပြီး ကတည်းက ပွဲပေါင်း ၃၆၉ ပွဲ ကစားထားသူ ဖြစ်သည်။
ပီတာချက်က "အခုလို ကြီးကျယ်တဲ့ အသင်းကြီးတစ်သင်းမှာ နောက်ထပ် လေးနှစ် ထပ်ကစားခွင့်ရမယ့် စာချူပ်သက်တမ်း တိုးမှုအတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းကထက် လာမယ့် လေးနှစ်မှာ ပိုမိုအောင်မြင်မယ်လို့လည်း မျှော်လင့်မိပါတယ်။" ဟုလည်း ပီတာချက်က ပြောဆိုခဲ့သည်။
ပီတာချက်သည် ယခုနှစ် ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ဖလား နှင့် အက်ဖ်အေဖလား ရရှိခဲ့သည့် ချယ်လ်ဆီးအသင်း၏ အဓိက ကစားသမား ဖြစ်ပြီး ယခင် ၈ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား သုံးကြိမ် နှင့် ကားလင်းဖလား နှစ်ကြိမ်ရရှိအောင်လည်း ကစားပေးခဲ့သူ ဖြစ်သည်။ အသက် ၃၀ နှစ်ရှိ ပီတာချက်သည် နောက်ဆုံးသော ကစားခဲ့သည့် ချယ်လ်ဆီးအသင်း၏ အကောင်းဆုံး ကစားသမားအဖြစ် ဆုရရှိခဲ့သ ဖြစ်သလို ချက်လက်ရွေးစင် အသင်း၏ အကောင်းဆုံး ကစားသမားဆု ခုနှစ်ကြိမ် ရရှိခဲ့သည့် ကစားသမား လည်းဖြစ်သည်။

0 comments:
Post a Comment