
တိုက်စစ်မှူးတောရက်စ်နှင့် အသင်းသတင်းထောက်တို့(၂၄-၅-၂၀၁၂)ရက်နေ့က အင်တာဗျူးပြောကြားများကို
ကောက်နှုတ်တင်ပြလိုက်ပါတယ်..
မေး – FA Cup နဲ့ ချန်ပီယံလိဂ်မှာ တိုက်စစ်၊ ခံစစ် အသင်းရဲ့ မတူညီတဲ့ကစားပုံနှစ်မျိုးကို တွေ့ခဲ့ရတယ်၊ ဘယ်ဟာက
အသင်းရဲ့ အဓိက ကစားဟန်လို့ထင်လဲ?
ဖြေ – ဒီလိုမျိုးမတူညီတဲ့ ကစားဟန်(၂)မျိုးက အမြဲတမ် ပြိုင်နေရတာပါ၊ ကျနော်တို့ပြိုင်ဘက်အသင်းရဲ့ အားသာချက်ကို
ကောင်းကောင်း သတိပြုမိသလို အားနည်းချက်တွေကိုလည်း အမြဲတမ်းလေ့လာပါတယ်၊ ပြီးတော့ကျနော်တို့
အကောင်းဆုံး ဗျူဟာချမှတ်သုံးစွဲပြီး အနိုင်ယူခဲ့တာပါ၊ ကျနော်တို့ ဗျူဟာတွေမှားတယ်လို့ ပြောလို့မရပါဘူး။
ဒါပေမယ့် ကျနော်တို့ ပွဲကို လျင်လျင်မြန်မြန်ကစားနိုင်တဲ့အချိန်တွေဆို အခြားအသင်းတွေ လိုက်မလုပ်နိုင်ခဲ့တာ
သတိမထားမိကြလို့ပါ..
မေး – ရှင် အသင်းကိုပြောင်းလာတုန်းကပြောဘူးတယ်နော်..ဖလားတွေဆွတ်ခူးဖို့က ရှင့်ရဲ့ရည်မှန်းချက်ဆိုတာ..
အခုအဲ့ဒါတွေပြည့်စုံပြီဆိုတော့ နောက်စိန်ခေါ်မှုကဘာလဲ?
ဖြေ – အခုတော့ အရမ်းပျော်နေတုန်းပဲ၊ အဲ.. Club World Cup နဲ့ European Super Cup ဖလား(၂)လုံးတော့
ထပ်ယူဖို့ကြိုးစားရဦးမယ်လေ၊ အောင်ပွဲတွေရနေတဲ့သူဟာ ဆက်ပြီးရချင်နေတာ၊ ကိုယ်ပိုင်အနေနဲ့ အရင်လို ဂိုးတွေ
အများကြီးသွင်းပြီး ပရိသတ်တွေကို ဆုပြန်ချီးမြှင့်ချင်သေးတယ်…
မေး – ဒီမက်တီယိုစွမ်းဆောင်ခဲ့တာတွေက အံ့မခန်းပဲ၊ ဘိုအက်ရှ်က ဘာတွေမှားခဲ့တယ်လို့ ရှင်ထင်လဲ?
ဖြေ – ဒါကတော့ ကွဲပြားခြားနားတဲ့ အခိုက်အတန့်တွေနဲ့ အခြေအနေတွေ ရှိတယ်လို့ပြောရမယ်၊ သူတို့နှစ်ယောက်ကို
ယှဉ်လို့မရပါဘူး..
မေး – ချန်ပီယံလိဂ်ဖိုင်နယ်မှာ အရသာဘယ်လိုခံစားရလဲဆိုတာပြောပြပါလား? ယူရိုနဲ့ World Cup မှာအောင်မြင်ခဲ့တဲ့
ခံစားမှူမျိုးနဲ့အတူတူပဲလား?
ဖြေ – အဲ့ဒါလည်း ယှဉ်လို့မရဘူး၊ တခြားစီပဲ၊ မြူးနစ်မှာက ပိုခံစားရတယ်၊ ဘာလို့လဲဆိုတော့ အပြင်ကနေတစ်ချိန်လုံးနီးပါး
ကြည့်နေခဲ့ရပြီး ကွင်းထဲဝင်တဲ့အချိန်မှာ အရှုံးနဲ့ သိမ်းတော့မယ့်အနေအထားလေ၊ ဒါပေမယ့် ဒရော့ဘာ နောက်ဆုံး
ပင်နယ်တီးသွင်းပြီးတဲ့အချိန်မှာတော့ ကျနော် ကိုယ့်ကိုကိုယ် မယုံနိုင်လောက်အောင် စိတ်အရမ်းလှုပ်ရှားသွားခဲ့တယ်..
မေး – ရှင် ချယ်လ်ဆီးမှာ ဘာလို့မပျော်တာလဲ?
ဖြေ – ကျနော်ချယ်လ်ဆီးမှာပျော်ပါတယ်၊ ကျနော်ဘယ်တုန်းကမှ အဲ့ဒီစကားရဲ့ဆန့်ကျင်ဘက်စကားမပြောဖူးဘူး၊
အသင်းမှာ ကျနော်လုပ်စရာတွေ အများကြီး ရှိနေသေးတယ်၊ ကိုယ့်ကိုကိုယ် ဒီ့ထက်ယုံကြည်လာအောင်၊ ဂိုးတွေ
အများကြီးသွင်းနိုင်အောင် စတာတွေပေါ့..ကျနော်ဖြတ်သန်းခဲ့တဲ့ အဆိုးဆိုးအချိန်တွေမှာ ဘယ်တော့မှအရှုံး
မပေးခဲ့သလို နောင်လဲအရှုံးပေးမှာမဟုတ်ဘူး..
မေး - ရှင်မျှော်လင့်ခဲ့သလိုမျိုး အသင်းဆီကဘာတွေ မရသေးဘူးလဲဆိုတာ ပြောပြနိုင်မလား?
ဖြေ – အသင်းနဲ့လက်မှတ်ရေးထိုးပြီးကတည်း အသင်းပိုင်ရှင်၊ ပရိသတ်တွေက ကျနော့်ကို အများကြီးမျှော်လင့်ခဲ့ကြတယ်၊
ဒါပေမယ့် အသင်းမှာလက်ရှိ ကျနော့်အနေအထားက အဲ့ဒီအတိုင်းမဖြစ်သေးဘူးလို့ ဆိုရမယ်၊ နည်းပြတွေရဲ့ ကျနော့်
အပေါ်လိုအပ်ချက်ကဘာလဲဆိုတာ အမြဲတွေးပြီး ကိုယ့်ကိုကိုယ် တိုးတက်အောင်အမြဲလုပ်နေပါတယ်၊ အဲ့ဒီ့ကိစကို
ရည်မှန်းချက်လိုထားပြီး အောင်မြင်ဖို့ ဘာပဲဖြစ်ဖြစ် ကြိုးစားသွားမှာပါ….
မေး – ဒီမက်တီယိုနဲ့ ဆက်ဆံရေးအခြေအနေကရော… ဘယ်လိုလဲ?
ဖြေ – တကယ်ကိုချောမွေ့ပါတယ်၊ သူနဲ့ခဏခဏ စကားပြောဖြစ်ပါတယ်၊ ကျနော်သူ့ရဲ့ဆုံးဖြတ်ချက်တွေကို
အမြဲလေးစားပါတယ်၊ ကျနော်ရဲ့ ခက်ခဲ့တဲ့အချိန်ကာလတွေမှာ သူအများကြကူညီခဲ့တာ..
မေး – ဒရော့ဘာ အသင်းကထွက်ခွာတာ အရေးကြီးတဲ့ကိစတစ်ရပ်လို့ ရှင်ခံစားရလား?
ဖြေ – သူဟာ အသင်းရဲ့ ဂန္ဒ၀င် ကစားသမားတစ်ယောက်ပါ၊ သူ့ဆုံးဖြတ်ချက်ကို လေးစားနားလည်ပါတယ်၊ သူနဲ့နိုင်ပွဲတွေ
အတူတကွရရှိခဲ့တာ ဂုဏ်ယူစရာပါ၊ သူအတွက် အနာဂတ်မှာအကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်…
မေး - ဒီရာသီထဲဟာ ရှင့်အတွက် မတူကွဲပြားတဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ်နော်၊ ခြေစွမ်းတွေမကောင်းခဲ့တဲ့အချိန်
တွေရှိခဲ့သလို ဟော..အခုတော့ ဖလား(၂)လုံးနဲ့..
ဖြေ – ဘောလုံးဆိုတာအဲ့ဒီလိုပဲ၊ စိတ်လှုပ်ရှားစရာတွေအပြည့်နဲ့ ခင်ဗျား မနက်ဖြန်ဘာဖြစ်မလဲမသိဘူး၊ ဒီနှစ်ကတော့
ကျနော့်အတွက် မှတ်သားစရာတွေချည်းပဲ…စာအုပ်တစ်အုပ်တောင် ရေးလို့ရတယ်..
မေး – ချယ်လ်ဆီးပရိသတ်တွေက ရှင့်ဘက်မှာအမြဲရှိနေတယ်နော်၊ ဒီဖလားတွေက သူတို့အတွက်လား?
ဖြေ – ရတဲ့ ဆုတံဆိပ် ဖလားတွေဟာ သူတို့အတွက်ပါ၊ ကျနော် အားအင်တွေလိုအပ်ခဲ့တုန်းက ပေးခဲ့တာလည်းသူတို့ပါပဲ၊
ခြေစွမ်းတွေညံ့နေတုန်းကလည်း ကျနော့်အပေါ်စိတ်လှုပ်ရှားမှုရှိနေသေးတာလဲ သူတို့ပါပဲ၊ ဂုဏ်ယူဝံ့ကြွားတဲ့ ချယ်လ်ဆီး
ကစားသမား တစ်ယောက်ဖြစ်ဖို့ ပြသခဲ့တာလည်း သူတို့ပါပဲ၊ အဲ့ဒီအတွက် ကျနော့်အသည်းနှလုံးထဲကနေ
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်၊ ကျနော် ဒီ့ထက်အောင်ပွဲတွေနဲ့ ပေးဆပ်ဖို့ ဆုံးဖြတ်ထားပါတယ်..
မေး – နောက်နှစ် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ အသင်းမှာ ဘာတွေလိုအပ်လဲလို့ ရှင်ထင်လဲ?
ဖြေ – ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မှာပါ၊ တခြားဘာတွေလိုလဲ ဆိုတာပြောဖို့
စောပါသေးတယ်…
မေး – European Super Cup မှာ ရှင့်ရဲ့မူလအသင်းဟောင်း အက်တလီကိုနဲ့ပြန်တွေ့ရမှာနော်?
ဖြေ – တကယ်ကိုစိတ်လှုပ်ရှားစရာပဲ၊ ကျနော် အဲ့ဒီနေ့ရောက်ဖို့ လက်ချိုးရေနေတာ၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ
နိုင်အောင် ကြိုးစားကစားမှာပါ..
0 comments:
Post a Comment