
ယခင် ထွက်ပေါ် လာသော
သတင်း များ အရ ချဲလ်ဆီး အသင်း ပိုင်ရှင် အေဗရာမိုဗစ်ခ်ျ သည် ဒီမက်တီရို
အား ၁၂ လ သက်တမ်း သာ ရှိသော စာချုပ် သက်တမ်း ကိုသာ ကမ်းလှမ်း သွား မည်
ဖြစ်သည် ဟု သိရပြီး လာမည့် ဘောလုံး ရာသီ အပြီးတွင် မှ ဆက်လက် ဆွေးနွေး
သွားမည် ဟု ဆိုသည်။ သို့သော်လည်း ဒီမက်တီရို သည် ချဲလ်ဆီး အသင်းတွင်
လိုအပ်သည် ထက် ပိုမို စွမ်းဆောင် ထားနိုင် ပြီဟု ယုံကြည်နေရာ နောက်ထပ်
တစ်နှစ် စမ်းသပ် မည့် တစ်နှစ်သက်တမ်း ကမ်းလှမ်း မှုကို လုံလောက်မှု မရှိဟု
ယူဆနေ သည်။
ယင်းနှင့် ပတ်သတ်၍
ချဲလ်ဆီး အသင်းမှ အမှုဆောင်ချုပ် ရွန်ဂေါ်လေ က “ရော်ဘီ (ဒီမက်တီရို)
တစ်သင်းသင်း ကို သွားမယ် ဆိုတာ ကျွန်တော်တို့ သိကြ ပါတယ်။ ဒါပေမယ့်
ကျွန်တော် တို့ ဟာ သူနဲ့ စကားပြော ဆွေးနွေး ဖို့ အဆင်သင့် ဖြစ်နေကြ တယ်
ဆိုတာ သူလည်း သိပါလိမ့် မယ်။ နောက် ရက် အနည်းငယ် အတွင်းမှာ ဒါမှ မဟုတ်
နောက် သတင်းပတ် အနည်းငယ် အတွင်းမှာပေါ့။ ရော်ဘီ ဟာ ချဲလ်ဆီး မန်နေဂျာ
ရာထူး အတွက် ကျွန်တော်တို့ ပထမဆုံး ဆွေးနွေး မယ့် သူ ဖြစ်လာမှာပါ။” ဟု
ဆိုခဲ့သည်။
ဒီမက်တီရို သည် လက်ရှိ
အချိန်တွင် ဝက်စ်ဘရွန်း အသင်း တွင် မန်နေဂျာ ရာထူး တာဝန် ယူခဲ့စဉ် က
နေထိုင် ခဲ့သော မစ်လန်း မှ နေအိမ် ကို ရောင်းချရသေး ခြင်း
မရှိသေးသောကြောင့် အီတလီသား၏ အနာဂတ် အလွယ်တကူ ပြောင်းလဲနိုင် သည်ဟု
ဗြိတိန် မီဒီယာ များမှ ဆိုသည်။ ထို့အပြင် အက်စတွန်ဗီလာ အသင်းတွင် လစ်လပ်
လျက်ရှိသော မန်နေဂျာ ရာထူးနှင့်လည်း နီးစပ်နိုင်ဖွယ် ရှိသည်။
0 comments:
Post a Comment