ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့၍ လာမည့်နှစ်အတွက် ခြေစစ်ပွဲဝင်ကစားရန် မလိုအပ်ပဲ တိုက်ရိုက်ဝင်ခွင့်
ရသောကြောင့် ပရီးမီးယားလိဂ်မှ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသည့်အသင်းများဖြစ်သည့် မန်စီးတီး၊ မန်ယူ၊ အာဆင်နယ်
အသင်းများသည် UEFA မှ ယခုနှစ်ရုပ်သံဝင်ငွေမှရရှိသည့် ငွေကြေးများ ခွဲတမ်းချရာတွင် ပေါင်သန်းချီလျော့နည်း
သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ပုံမှန်အတိုင်းဆိုပါက UEFA သည် ပရီးမီးယားလိဂ် ခြေစစ်ပွဲအောင်(၄)သင်းအတွက် ရုပ်သံဝင်ငွေကို အချိုးကျ
ရာခိုင်နှုန်းဖြင့် ခွဲဝေပေးရာ ချန်ပီယံမန်စီးတီးအသင်းအတွက် ၄၀% (ပေါင် ၁၂ သန်း)စီ၊ ဒုတိယမန်ယူအသင်းအတွက်
၃၀% (ပေါင် ၉ သန်း)၊ တတိယ အာဆင်နယ်အသင်းအတွက် ၂၀%(ပေါင် ၆ သန်း)၊ ခြေစစ်ပွဲဝင်ရမည့်အဆင့်(၄)
အသင်းအတွက် ၁၀%(ပေါင် ၃ သန်း)အသီးသီးသတ်မှတ်ပေးထားသည်။
ယခုအခါ ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့၍ ပုံမှန်အချိုးကျခွဲတမ်းကိုတိုးပေးခဲ့ရာ
မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းသည် ၃၀%(ပေါင် ၉ သန်း)၊ မန်ယူ ၂၅%(ပေါင် ၇.၅ သန်း)၊
အာဆင်နယ် ၁၅%(ပေါင် ၄.၅ သန်း) ရရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ မန်စီးတီးအသင်းသည် ပေါင်(၃)သန်း၊
မန်ယူအသင်းနှင့် အာဆင်နယ်အသင်းတို့သည် ပေါင် ၁.၅ သန်းစီလျော့နည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
0 comments:
Post a Comment