

ဒရော့ဘာနဲ့ ပတ်သတ်ပြီး ဘာတွေ ပြောစရာရှိသေးလဲ? မနေ့က သူထွက်ခွာမယ်လို့ အတည်ပြုပြီးနောက်ပိုင်းမှာတော့ ထွက်မယ်မထွက်ဘူး ကောလဟာလတွေဟာ စိတ်ပျက်ဖွယ်ရာ အဆုံးသတ်သွားခဲ့ပါပြီ။ ဒရော့ဘာက
ကျွှန်တော်နဲ့ပတ်သတ်လို့ သတင်းပေါင်းစုံထွက်နေတာတွေကို အဆုံးသတ်ချင်ပါပြီ။ ကျွှန်တော် အသင်းကနေ ထွက်ခွာပါတော့မယ်။ ဒါဟာ ကျွှန်တော့်အတွက် အလွန်ပင်ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး ကျွှန်တော်တို့ အောင်မြင်မှုရရှိခဲ့တာတွေကို အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် အခုအချိန်ဟာ စိန်ခေါ်မှုအသစ်ကို စတင်ရင်ဆိုင်ဖို့ အချိန်ကျရောက်လာခဲ့ပါပြီ။ဘောလုံးလောကမှာ ကစားသမားတွေ နည်းပြတွေဟာ ရောက်လာလိုက် ထွက်သွားလိုက်ဖြစ်နေပေမယ့် ကလပ်ကတော့ ထာဝရအမြဲတည်ရှိနေတယ်ဆိုတဲ့ စကားဟာ အလွန်ပင်မှန်ပါသည်။ ကျွှန်တော်တို့ ကလပ်ကနေ ကစားသမားပေါင်းများစွာ ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီလောက်ထိ ကြီးကြီးမားမားကို စိတ်ထိခိုက်စရာမဖြစ်ခဲ့ပါဘူး။ သို့သော် အခုထွက်ခွာမှာက ဒရော့ဘာပါ။ တစ်ခြားသူမဟုတ်ပါဘူး။ သူဟာ ကလပ်အတွက် စိတ်ရောကိုယ်ပါ နှစ်မြုတ်ခဲ့ပြီး အများဆုံး ပေးဆပ်ခဲ့တဲ့ ကစားသမားပါ။
အသင်းနှင့်အတူ ကျွှန်တော်တို့ အောင်မြင်ခဲ့ပြီး ခုချိန်မှာ မရခဲ့ဖူးတဲ့ ဖလားဆိုတာ မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ စနေနေ့ဟာ ကလပ်မှာရှိတဲ့ လူတိုင်းအတွက်ကော၊ ပရိတ်သတ်တွေ အတွက်ပါ အရမ်းကို ကောင်းမွန်တဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကျွှန်တော့်ရဲ့ အိမ်လိုဖြစ်နေတဲ့ ကလပ်အတွက် များပြားလှတဲ့ ဖလားတွေ ကျွှန်တော်ကစားခဲ့တဲ့ ၈နှစ်အတွင်းမှာ ရယူပေးနိုင်ခဲ့တဲ့အတွက်လဲ ဂုဏ်ယူမိပါတယ်။
ကျွှန်တော် ကလပ်မှာ ရှိတဲ့သူအားလုံး အထူးသဖြင့် ရိုမန်နှင့် အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကလပ်ထဲက တစ်ချို့ဟာ ကျွှန်တော့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး သူတို့ဟာ ကျွှန်တော့်ဘ၀တစ်လျှောက်လုံး ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းအဖြစ် ဆက်လက်ရှိသွားမှာပါ။ ပြီးတော့ ကျွှန်တော့်အပေါ် အလွန်ပင် ချစ်မြတ်နိုးခဲ့ပြီး ထောက်ခံမှုအပြည့်အ၀ပေးခဲ့တဲ့ ချယ်လ်ဆီးဖန်တွေကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောပြချင်ပါတယ်။
ကလပ်ဟာ အနာဂတ်မှာ ဆက်လက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီကလပ်ဟာ ကျွှန်တော့်ရဲ့ နှလုံးသားထဲမှာ ထာဝရရှိနေမှာပါ။
ယခုအချိန်မှာ ကျွှန်တော့်ရဲ့ လက်ကို ထောင်ပြီး အရင်ဆုံးဝန်ခံချင်ပါတယ်။ ကျွှန်တော်ဟာ သူကလပ်မှာကစားစဉ်ကာလအတွင်း စိတ်ပျက်ခဲ့တာရှိခဲ့ဖူးသလို အရမ်းကို နှစ်လို အားရဖွယ် အချိန်တွေလဲ ရှိခဲ့ဖူးပါတယ်။ ၂၀၀၄ ခုနှစ် အသင်းကို စရောက်စဉ်ကာလက သူ၏ ဒိုင်ဗင်ထိုးမှုနဲ့ ပတ်သတ်ပြီး ချယ်လ်ဆီးကလပ်မှ ပရိတ်သတ်များကိုယ်တိုင် Booo ဟုလှောင်ပြောင်ခဲ့ပေမယ့် သူက ပရိတ်သတ်တွေ မှန်ပါတယ်ဟု ပရိတ်သတ်ဘက်ကရပ်တည်ခဲ့ပါတယ်။ ပြီးတော့ သူအသက်အရွယ်ရလာလို့ အရင်လိုတွန်းတွန်းတိုက်တိုက် မကစားနိုင်တော့တဲ့အချိန်၊ ကွင်းထဲမှာ မတ်တပ်ရပ်နေတာတွေကြောင့်လဲ ဆဲဆိုခဲ့ဖူးတယ်ဆိုတာ အရင်ဝန်ခံရမှာပါ။ ထို့ပြင် မော်ရင်ဟို သူ့ကို မာဆေးကနေ စခေါ်စဉ်ကာလ ပထမရာသီမှာ အသုံးမကျမှုတွေကြောင့် လဲ တော်တော်ကို စိတ်ပျက်ခဲ့တယ်ဆိုတာ ၀န်ခံပါတယ်။ ကျွှန်တော့်လိုပဲ တခြားပရိတ်သတ်တွေ လဲ ဒီလိုဖြစ်ခဲ့ဖူးမယ်ဆိုတာ သေချာပါတယ်။
ဒါတွေကို ပြန်ပြောနေတာ အကြောင်းအရင်း တစ်ခုရှိပါတယ်။ ဒါကတော့ ကျွှန်တော်တို့ သူ့ကို ချစ်ခဲ့တာတွေနှင့် စိတ်ပျက်ဖွယ်ရာ ၂ခုယှဉ်ကြည့်လိုက်ရင် မိုးနဲ့မြေပါပဲ။ ဘောလုံးသမားမှမဟုတ်ပါဘူး။ ဘယ်လောကီသားမဆို လစာကို ပိုမက်ကြမှာ အမှန်ပါ။ ယခုဒရော့ဘာထွက်ခွာမှုဟာ ပိုက်ဆံနှင့် လုံးဝ မသက်ဆိုင်ပါဘူး။ ဒရော့ဘာ ချယ်လ်ဆီးကလပ်ကို ဘယ်လောက်ချစ်လဲဆိုတာ ကျွှန်တော် အသိဆုံးပါ။ သူက အသင်းမှာ နောက်ထပ် ၂နှစ်ဆက်နေပြီး ကစားသမားဘ၀ကို အဆုံးသတ်ချင်ပါတယ်။ ဒါပေမယ့် ကလပ်ရဲ့ ပေါ်လစီအရ အသက်၃၀အထက် ကစားသမားကို တစ်နှစ်ထက်ပိုပြီး စာချူပ်သက်တမ်းမတိုးပါဘူး။ နောက်ဆုံးရလဒ်ကတော့ ကျွှန်တော်တို့ အချစ်ဆုံးတိုက်စစ်မှုး ဒရော့ဘာ အပြာရောင်တွေကို စွန့်ခွာရတော့မှာပါပဲ။
ဒရော့ဘာ ဘာကြောင့် ဒီတစ်နှစ် စာချူပ်ကို လက်မခံတာလဲ? သူ့ဘက်ကကြည့်ရင်လဲ မမှားပါဘူး။ ဘောလုံးလောကမှာ အသက်၃၅နှစ်ဆိုတာ နေ၀င်ချိန်ပါ။ အကယ်၍ ချယ်လ်ဆီးမှာ ယူနိုက်တက်က ဖာဂူဆန်၊ အာဆင်နယ်က အာဆင်ဝင်းဂါးလို နှစ်ရှည်နည်းပြရှိရင် သူသေချာပေါက် တစ်နှစ် သက်တမ်းတိုးတာကို လက်ခံမှာပါ။ ဘာကြောင့်လဲဆိုတော့ ဖာဂူဆန်ကိုပဲကြည့်ပါ။ သူ့ကစားသမားတွေဖြစ်တဲ့ ဂစ်စ်၊ စခိုးတို့ကို တစ်နှစ်စီပဲ သက်တမ်းတိုးခဲ့တာပါ။ ဒါကို ကစားသမားဘက်ကလဲ လက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ရိုသေလေးစားရတဲ့ နည်းပြအသင်းမှာရှိနေမှာဖြစ်ပြီး သူ့နည်းပြက သူတို့ကို စွန့်မပယ်ဘူးဆိုတာ သိနေလို့ပါပဲ။ ဒရော့ဘာဘက်ကကြည့်ရင် ချယ်လ်ဆီးကို ဘယ်နည်းပြရောက်လာမလဲဆိုတာ သူမသိပါဘူး။ အကယ်၍သာ နည်းပြသစ်က သူ့ကို ဂျောင်ထိုးထားရင်၊ တစ်နှစ်သာ သက်တမ်းရှိလို့ ကုန်ဆုံးသွားတဲ့အချိန် ကန်ထုတ်လိုက်ရင် သူ့အသက်က ၃၆ဖြစ်နေပါပြီ။ အဲဒီအချိန်မှ သူသာ ထွက်ခွာရင် ဘယ်ကလပ်ကမှလိုချင်တော့မည် မထင်ပါ။ ဒါကြောင့် ဒီအချိန်ဟာ သူ့အတွက် အကောင်းဆုံးထွက်ခွာမှု ဖြစ်ပါတယ်။
ယခုအချိန်ဟာ သူ့အတွက် ထွက်ခွာတာ အချိန်မှန်ဖြစ်နေပေမယ့် ဒါကို ရေးရတာ ကျွှန်တော်ရင်ထဲမှာ မိုးသည်းနေတယ်ဆိုတာ ၀န်ခံရမှာပါ။ ကျွှန်တော်သူ့ကို ကလပ်မှာဆက်ရှိနေစေချင်ပါတယ်။ ပြီးတော့ သေချာပေါက် နာကျင်စွာနဲ့ သတိရနေမှာပါ။ ၃၄၁ ပွဲ၊ ၁၅၇ ဂိုးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၃ကြိမ်၊ အက်ဖ်အေ ၄ကြိမ်၊ လိဂ်ဖလား ၂ကြိမ်နဲ့ အခုဆိုရင် ချန်ပီယံလိဂ်ဖလားပါ အရယူပေးခဲ့တဲ့ ဒရော့ဘာဟာ တကယ်ချယ်လ်ဆီးရဲ့ သူရဲကောင်းပါ။ ဒရော့ဘာဟာ Cup of Wembley လို့ ခေါ်ရလောင်အောင် ၀င်ဘာလေကွင်းသစ်ကြီးမှာ ကစားတိုင်း ဂိုးသွင်းပေးခဲ့သူပါ။ ထို့ပြင် Cup of Final လို့လဲ ခေါ်ဝေါ်နိုင်ပါတယ်။ ချယ်လ်ဆီးအနေနဲ့ ဖလားဖိုင်နယ် ၉ပွဲမှာ သူဂိုးမသွင်းတဲ့ ဖိုင်နယ်ဆိုတာ မရှိခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ်ကို သူသွင်းယူသွားတဲ့ ခေါင်းတိုက်ချက်ဟာ အကောင်းဆုံးခေါင်းတိုက်ချက်တွေထဲမှာ အပါအ၀င်ပါ။

ချန်ပီယံလိဂ်နောက်ဆုံးပွဲမှ ဒရော့ဘာ
ခုဆို ကျွှန်တော်တို့ရဲ့ အဓိက တိုက်စစ်မှုးကို နှုတ်ဆက်ရပါတော့မယ်။ ဂူဂျွှန်ဆင်၊ ကက်ဇ်မန်း။ ခရက်စပို၊ ရှဗ်ရှင်ကို၊ အနယ်ကာ ပြီးတော့ တောရက်စ်တို့ ရောက်ရှိလာခဲ့ပေမယ့် သူဟာ အသင်းရဲ့ အဓိက တိုက်စစ်မှုးနေရာကို ပြိုင်ဘက်မရှိယူထားနိုင်ခဲ့သူပါ။ ဒါဟာ ဖာနန်ဒိုတောရက်စ်ကို မလေးစားတာမဟုတ်ပါဘူး။ ယခုဆိုရင် တောရက်စ်ရဲ့ အစွမ်းပြရမယ့် အချိန်တွေ ရောက်ရှိလာခဲ့ပါပြီ။
ဒရော့ဘာအား အရာအားလုံးအတွက်၊ ကလပ်အတွက် စွမ်းဆောင်ပေးခဲ့တာတွေကို ကျွှန်တော့်ရဲ့ ရင်ဘက်နက်ရှိုင်းတဲ့ နှလုံးသားနေရာတစ်နေရာကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ပြီးတော့ ကျွှန်တော်တို့ကို ကြည်နှုးဖွယ်ရာ နေ့ရက်တွေ၊ မမေ့နိုင်တဲ့ ဖလားမြောက်များစွာကို သယ်ဆောင်လာပေးတဲ့အတွက်လဲ အရမ်းကို ကျေးဇူးတင်မိပါတယ်။ ၈နှစ်အတွင်း အေဘရာမိုဗစ်လက်ထက် အမှန်ကန်ဆုံးသောလုပ်ရပ် တစ်ခုရှိခဲ့ပါတယ်။ အဲဒါကတော့
0 comments:
Post a Comment