Saturday, 25 August 2012

မော့ဆက် ချယ်လ်ဆီးအသင်းသို့ တရားဝင်ရောက်ရှိ



ဝီဂန်အသင်းတောင်ပံတိုက်စစ်မှူး မော့ဆက်အား အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ချယ်လ်ဆီးအသင်းမှ
တရားဝင်ကြေညာခဲ့ပါသည်။  အသက်(၂၁)နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူးသည် ၄င်း၏ လူငယ်ဘောလုံး
ဘ၀အား လိဂ်ချန်ပီယံရှစ် ကလပ်အသင်းဖြစ်သည့် ခရစ်တယ်လ်ပဲလေ့စ်၏ အကယ်ဒမီသင်တန်းကျောင်းတွင်
စတင်ခဲ့ပြီး ၄င်း၏ ခြေစွမ်းပြမှုကြောင့် ၂၀၀၇ ခုနှစ်တွင် အသင်းကြီး၌ စတင်ပါဝင်ကစားခွင့်ရခဲ့သည်။

မော့ဆက်၏ခြေစွမ်းကို သတိပြုမိ၍ ၂၀၁၀ ခုနှစ်တွင် ၀ီဂန်အသင်းမှ ခေါ်ယူ့ပြီး စမ်းသပ်ခဲ့ရာ ပရီးမီးယားလိဂ်တွင်
လျင်မြန်စွာအထိုင်ကျခဲ့သည့် ကစားသမားဖြစ်လာသည်။
မော့ဆက်သည် အဂ်လန်ယူ-၂၁ အသင်းတွင် ပါဝင်ကစားခဲ့ဘူးပြီး အသင်းကြီးတွင်မူ နိုင်ဂျီးရီးယားအသင်း၌သာ
ကစားရန်ဆုံးဖြတ်ခဲ့သည်။ မော့ဆက်အား တရားဝင်စာချုပ်မချုပ်ဆိုမီ ချယ်လ်ဆီးအသင်းသည်  ညာနောက်ခံ
နေရာအတွက် မာဆေးလ်အသင်းမှ စပိန်ယူ-၂၁လက်ရွေးစင် အက်ဇ်ပီလီကျူတာအားလည်း ခေါ်ယူနိုင်ခဲ့သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ယခုနွေရာသီ အပြောင်းအရွှေ့တွင် ပေါင်သန်း(၈၀)ခန့် အသုံးပြုပြီးဖြစ်သလို
လိုအပ်ချက်များရှိနေသည့်နေရာများကိုဖြည့်တင်းပြီးဖြစ်၍ ကစားသမားအသစ်များ ထပ်မံခေါ်ယူဖွယ်
မရှိနိုင်တော့ကြောင်း သုံးသပ်မိပါသည်။

0 comments:

Post a Comment