Wednesday, 9 May 2012

ယူရိုပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းတွင် ချန်လှပ်ခံရဖွယ်ရှိနေသည့် ဂျွန်တယ်ရီ

ယူရိုပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းတွင် ချန်လှပ်ခံရဖွယ်ရှိနေသည့် ဂျွန်တယ်ရီ

ယူရိုပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းတွင် ချန်လှပ်ခံရဖွယ်ရှိနေသည့် ဂျွန်တယ်ရီ
ယူရိုပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းတွင် ချန်လှပ်ခံရဖွယ်ရှိနေသည့် ဂျွန်တယ်ရီ
ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် လာမည့် ယူရို(၂၀၁၂)ပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းတွင် ချန်လှပ်ခံရဖွယ်ရှိနေကြောင်း Sun Sport သတင်းဋ္ဌာနက ဖော်ပြသွားခဲ့သည်။

အင်္ဂလန်မန်နေဂျာသစ် ရွိုင်းဟော့ဆန်သည် ချယ်လ်ဆီးနောက်ခံလူ ဂျွန်တယ်ရီနှင့် မန်ယူနောက်ခံလူ ရီယို ဖာဒီနန်တို့အား အင်္ဂလန်နောက်တန်းတွင် အတူတကွ တွဲကစားစေမည့်ကိစ္စနှင့်ပတ်သက်ပြီး၊ စိုးရိမ်လျှက်ရှိနေသည်။

ဂျွန်တယ်ရီသည် ရီယိုဖာဒီနန်၏ ညီဖြစ်သူ အန်တန် ဖာဒီနန်အား လူမျိုးရေးခွဲခြားခဲ့သည့်ဆိုသော စွပ်စွဲမှုကြောင့် အင်္ဂလန်အသင်းခေါင်းဆောင်လက်ပတ်အား စွန့်လွှတ်ခဲ့ရပြီး၊ အဆိုပါအမှုအား ယူရိုပြိုင်ပွဲပြီးဆုံးသွားပါက၊ တရားရင်ဆိုင်ရမည်ဖြစ်သည်။

အရင်အင်္ဂလန်နည်းပြ ကာပယ်လိုကတော့ မည်သို့ပင်ဖြစ်စေ၊ ဂျွန်တယ်ရီအား ယူရိုနောက်ဆုံးပွဲစဉ်များသို့ ခေါ်ဆောင်သွားသင့်ကြောင်း ထောက်ခံပြောကြားခဲ့သည်။

လက်ရှိ၊ နည်းပြအပြောင်းအလဲနှင့်အတူ၊ ရွိုင်းဟော့ဆန်အနေဖြင့် ရီယိုဖာဒီနန်နှင့် ဂျွန်တယ်ရီတို့အား အသင်းတွင် အတူတကွကစားစေခြင်းသည် အသင်းအတွင်း ပြဿနာများပေါ်ပေါက်လာနိုင်သည်ဟု ယူဆခဲ့ပါက၊ ဂျွန်တယ်ရီအနေဖြင့် ယူရိုပြိုင်ပွဲအတွက် ချန်လှပ်ခံရဖွယ်ရှိနေသည်။

ရွိုင်းဟော့ဆန်အနေဖြင့် အဆိုပါကစားသမားနှစ်ဦးစလုံးအား တွေ့ဆုံဆွေးနွေးရခြင်း မရှိသေးချေ။ သို့ပါသော်လည်း ဂျွန်တယ်ရီက အင်္ဂလန်အသင်းတွင် မည်သူနှင့် တွဲကစားရသည်ဖြစ်စေ၊ သူ့အတွက် ပြဿနာမရှိကြောင်းနှင့် သူ့အနေဖြင့် ယူရိုပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရဖို့မျှော်လင့်ချက်အား စွန့်လွှတ်မည်မဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

ရီယိုဖာဒီနန်မှာလည်း ယူရိုပြိုင်ပွဲတွင် ပါဝင်ကစားချင်သော်လည်း၊ တရားဝင်ထုတ်ဖော်ပြောကြားခြင်းတော့ မရှိသေးချေ။

အဆိုပါကစားသမားနှစ်ဦးစလုံးဘက်မှ အင်္ဂလန်အသင်းတွင်အတူတွဲကစားရမည့်ကိစ္စနှင့်ပတ်သက်ပြီး၊ ပြဿနာမရှိကြောင်း ပြောကြားထားသော်လည်း၊ ရွိုင်းဟော့ဆန်က ကစားသမားနှစ်ဦး၏လက်ရှိဆက်ဆံရေးအခြေအနေသည် လက်ရွေးစင်အသင်းတွက် ထိခိုက်လာမည်ကို စိုးရိမ်လျှက်ရှိနေသေးသည်။

ပွဲပယ်ပြစ်ဒဏ်ကြောင့် လာမည့်မြူးနစ်ဖိုင်နယ်အား လွဲချော်မည့် ဂျွန်တယ်ရီအတွက်တော့၊ အကယ်၍သာ၊ အင်္ဂလန်အသင်းတွင် ချန်လှပ်ခံရပါက၊ ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ရွိုင်းဟော့ဆန်သည် နောက်ဗုဒ္စဟူးနေ့တွင် အသင်းလူစာရင်းအား ကြေညာမည်ဖြစ်ပြီး၊ မေ(၂၆)ရက်တွင် ကစားမည့် နော်ဝေအသင်းနှင့်ချစ်ကြည်ရေးပွဲမတိုင်ခင်၊ စခန်းသွင်းလေ့ကျင့်ရန်အတွက် လာမည့်တနင်္လာနေ့တွင် စပိန်သို့ ထွက်ခွာမည်ဖြစ်သည်။

0 comments:

Post a Comment