Sunday, 20 May 2012

ဒရော့ဘာဟာ မြူးနစ်ဖိုင်နယ်ရဲ့ ဟီးရိုးပါ - ဖရန့်လမ်းပတ်

ဒရော့ဘာဟာ မြူးနစ်ဖိုင်နယ်ရဲ့ ဟီးရိုးပါ - ဖရန့်လမ်းပတ်
ဒရော့ဘာဟာ မြူးနစ်ဖိုင်နယ်ရဲ့ ဟီးရိုးပါ - ဖရန့်လမ်းပတ်
ချယ်လ်ဆီးကွင်းလယ်လူ ဖရန့်လမ်းပတ်က တိုက်စစ်မှူး ဒရော့ဘာ၏ စွမ်းဆောင်မှုများကြောင့်သာ ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားရရှိခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဘေယန်မြူးနစ်အသင်းအား အချိန်ပိုပြီးချိန်အထိ (၁-၁)သရေကျပြီးနောက်၊ ပင်နယ်တီအဆုံးအဖြတ်တွင် (၄-၃)ရလဒ်ဖြင့် အနိုင်ရရှိသွားခဲ့သည်။

လမ်းပတ်သည် အဆုံးအဖြတ်ပင်နယ်တီကန်သွင်းမှုတွင် ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သည်။ သို့ပါသော်လည်း သူက ဒရော့ဘာ၏ စွမ်းဆောင်မှုများမှာ အောင်ပွဲအတွက် အဓိကကျခဲ့ကြောင်း ချီးကျူးပြောကြားသွားခဲ့သည်။

အိုင်ဗရီကို့စ်တိုက်စစ်မှူးသည် ပွဲချိန် (၈၂)မိနစ်တွင် သောမတ်စ်မူလာ ဘေယန်မြူးနစ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းပြီး၊ နှစ်မိနစ်အကြာတွင် ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့သည်။

ဒရော့ဘာသည် အချိန်ပိုတွင် ပင်နယ်တီဧရိယာအတွင်း ရီဘာရီအား ပြစ်ဒဏ်ကျူးလွန်ခဲ့သဖြင့် ချယ်လ်ဆီးအသင်းမှာ ပင်နယ်တီပြစ်ဒဏ် ပေးခံခဲ့ရပြီး၊ ဒရော့ဘာမှာလည်း ဟီးရိုးမှ ဗီလိန်အဖြစ်သို့ ရောက်ရှိလုနီးဖြစ်သွားခဲ့သည်။

သို့ပါသော်လည်း၊ ပီတာဆက်ခ်ျက အာဂျန်ရော်ဘင်၏ ပင်နယ်တီကန်သွင်းမှုအား အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပြီး၊ ပွဲမှာ ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိသွားရာ၊ ဒရော့ဘာမှာ ချယ်လ်ဆီးအသင်း ဖလားရရှိစေမည့် အဆုံးအဖြတ်ပင်နယ်တီအား အမှားအယွင်းမရှိ ကန်သွင်းယူခဲ့သည်။

“ကျွန်တော် ဒါကို မယုံနိုင်ပါဘူး၊ ဒါဟာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကို ပြလိုက်တာပါ၊ ကျွန်တော်တို့အံ့အားသင့်ဖွယ် မကစားနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ဒရော့ဘာက ကျွန်တော်တို့ကို ကယ်တင်ခဲ့ပါတယ်”

“သူဟာ ဟီးရိုးပါ၊ သူမပါပဲ၊ ကျွန်တော်တို့ ဖလားမရနိုင်ပါဘူး၊ သူဟာ ပွဲကြီးတွေမှာ ဂိုးတွေ သွင်းယူလေ့ရှိသူပါ”ဟု လမ်းပတ်က ဒရော့ဘာအား ချီးကျူးပြောကြားခဲ့သည်။

ဒရော့ဘာသည် ဒီနွေတွင် စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်ပြီး၊ မနေ့ညက ချန်ပီယံလိဂ်ဖိုင်နယ်သည် အပြာရောင်အသင်းအတွက် သူ၏နောက်ဆုံးပွဲဖြစ်လာနိုင်သည်။

“သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်၊ သူဟာ ဒီညမှာ စွမ်းဆောင်ခဲ့သလိုမျိုး၊ သူ့ကစားသမားဘ၀တစ်လျှောက်လုံး စွမ်းဆောင်ခဲ့သူပါ”

“ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားရဖို့ နှစ်ပေါင်းများစွာ ကြိုးစားလာတာပါ၊ အခုကျွန်တော်တို့ ဒါကို ရရှိခဲ့ပါပြီ”ဟု လမ်းပတ်က ပြောကြားသွားခဲ့သည်။

ချန်ပီယံလိဂ်အောင်မြင်မှုက ဒီမက်တီယိုအား အမြဲတမ်းနည်းပြအဖြစ် အာမခံချက်ရှိစေမည်လားဟု လမ်းပတ်အား မေးမြန်းခဲ့ရာတွင် - “ သူဟာ ချန်ပီယံလိဂ်က ထွက်သွားရနိုင်တဲ့ အသင်းကို တာဝန်ယူခဲ့သူပါ၊ အခု ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလား ရပါပြီ၊ အဲတော့ ဒီကိစ္စဟာ ဖြစ်လာနိုင်ပါတယ်”ဟု ဖြေကြားသွားခဲ့သည်။

0 comments:

Post a Comment