Sunday, 6 May 2012

ချဲလ်ဆီးအနိုင်ကိုမလိုလားသူများ

 
   စပါး နည်းပြ ဟယ်ရီရက်ဒ်နက်နှင့် နယူးကာဆယ် နည်းပြ အလန်ပါဂျူးတို့သည် ယခုရာသီ ချန်ပီယံလိဂ် ဖိုင်နယ်တွင် ဘိုင်ယန်အသင်းကို အားပေးကြမည်ဟု ပြောကြားလိုက်သည်။ မေလ ၁၉ ရက်နေ့တွင် ဘိုင်ယန်အသင်းသည် ၎င်းတို့ အိမ်ကွင်း၌ ချဲလ်ဆီးအသင်းနှင့် ဖိုင်နယ်ပွဲစဉ်ကို ကစားရမည်ဖြစ်သည်။ အကယ်၍ ချဲလ်ဆီးသာဖိုင်နယ်ပွဲတွင် အနိုင်ရခဲ့ပါက လာမည့် ရာသီ ပရီးမီးယားလိဂ်မှ ထိပ်ဆုံးကလပ် အသင်း ၃ သင်းသာ ချန်ပီယံလိဂ် ၀င်ခွင့်ကို ရရှိဖွယ် ရှိနေသည်။ စပါးအသင်းသည် လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် ၃-၄ နေရာရရှိရန် ကြိုးစားနေသည့် အသင်းဖြစ်ပြီး နယူးကာဆယ် အသင်း မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်နှင့် အနီးစပ်ဆုံး အနေအထားတွင် ရှိနေသည်။ နည်းပြ ဟယ်ရီရက်ဒ်နက်က ချဲလ်ဆီးအသင်းကို ချန်ပီယံလိဂ် ဆုဖလား ရစေချင်တယ် ဆိုရင် မိမိအနေဖြင့် ညာပြောသလို ဖြစ်နေကြောင်း၊ ယင်းကြောင့် မိမိအနေဖြင့် ဘိုင်ယန်ကို အမှန်တကယ် ဗိုလ်စွဲစေလိုကြောင်း၊ စပါးအသင်း ပရိသတ်များကလည်း ထိုသို့ဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ နယူးကာဆယ် နည်းပြ အလန်ပါဂျူးက မိမိတို့ အနေဖြင့် ချဲလ်ဆီးအသင်း အနိုင်ရမှာကို မလိုလားကြောင်း၊ နောက်ရာသီအတွက် ချန်ပီယံလိဂ် ၀င်ခွင့်ကို မိမိတို့ စပါး၊ အာဆင်နယ် တို့နှင့် အတူ ရရှိလိုကြောင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment