
ချဲလ်ဆီး
အသင်းမှ ကွင်းလယ်လူ မီးခေးလ်က ၎င်းတို့ အနေဖြင့် နယူးကာဆယ်အသင်းကို
ရှုံးနိမ့်ခဲ့ပြီးနောက် FA ဖလားနှင့် ချန်ပီယံလိဂ် ဖလားတို့ကို မဖြစ်မနေ
ရယူရန် အာရုံစိုက်ရမည် ဖြစ်ကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။
ချဲလ်ဆီးအသင်းသည် ဗုဒ္ဓဟူးနေ့က အိမ်ကွင်းတွင် နယူးကာဆယ် အသင်းကို ၂းဝ
ဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဥရောပ၀င်ခွင့်နှင့် မရေမရာ
ဖြစ်ခဲ့ရသော်လည်း လာမည့် ချန်ပီယံလိဂ် ဖိုင်နယ်တွင် အနိုင်ရရှိလျှင်
နောက်ရာသီအတွက် ၀င်ခွင့်ရမည် ဖြစ်သည်။ ယင်းကြောင့် မီခေးလ်က ၎င်းတို့
အသင်းအနေဖြင့် အထူးကြိုးစား ကစားရမည်ဟု ဆိုသည်။ ချဲလ်ဆီး အသင်းသည် လက်ရှိ
အမှတ်ပေးဇယား ရပ်တည်မှုအရ လာမည့် အပတ်တွင် ကစားမည့် ပွဲစဉ်များတွင်
ချန်ပီယံလိဂ် ပြိုင်ဘက်များဖြစ်သည့် နယူးကာဆယ်၊ စပါး၊ အာဆင်နယ် အသင်းတို့
အနက် ၂ သင်းက အနိုင်ရပါက အဆင့် ၅ သို့မဟုတ် ၆ တွင် ရပ်တည်ဖွယ်ရှိနေသည်။
ထို့အပြင် လာမည့် FA ဖလား ဖိုင်နယ် ပွဲစဉ်တွင် ချဲလ်ဆီးအသင်း အနေဖြင့်
ပြိုင်ဘက် လီဗာပူး အသင်းကို အနိုင်ရရန် ကြိုးစားရမည်ဖြစ်ပြီး ဆုဖလား
နှစ်လုံး ရရှိသည့် အသင်းအဖြစ် မှတ်တမ်းဝင်ရန် မျှော်လင့်နေသည်။ မီးခေးလ်က
ချန်ပီယံလိဂ် ဖိုင်နယ် ရောက်ဖို့ဆိုတာ မလွယ်ကူခဲ့ပေမယ့် လက်ရှိမှာတော့
မိမိတို့တွင် ဗိုလ်စွဲနိုင်ချေ ရှိနေပြီဟု အများက ယူဆနေကြကြောင်း၊
ဒီလိုအခွင့်အရေးကို အသင်းမှာရှိတဲ့ ပရိသတ်တွေနဲ့ မိမိတို့ အားလုံး
လိုအပ်နေကြကြောင်း၊ ထို့အပြင် စနေနေ့ FA ဖလား ဖိုင်နယ်ပွဲစဉ်တွင်လည်း
မိမိတို့ အနေဖြင့် အနိုင်ရရန် လိုအပ်ပြီး ယခင်က အစဉ်အလာ ဆိုးများကို
ပြောင်းလဲပစ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
0 comments:
Post a Comment