
ရှက်ချင်ကိုဆိုတာ တစ်ချိန်တုန်းက ချဲလ်ဆီးရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး
ပေးခဲ့ရဘူးတဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့သလို ပေးရတဲ့ ဈေးနဲ့
သွင်းယူနိုင်ခဲ့တဲ့ ဂိုးကို ချိန်ထိုးပြီး “မတန်ဆုံး” တိုက်စစ်မှူး
တစ်ယောက် လို့လည်း အဝေဖန် ခံခဲ့ရသူပါ။
ဟုတ်ပါတယ်။ ပေါင်သန်း ၃၀ ပေးခဲ့ရတဲ့ ရှက်ချင်ကိုဟာ ချဲလ်ဆီး အတွက် စုစုပေါင်း ၉ ဂိုးပဲ သွင်းပေး နိုင်ခဲ့ပါတယ်။
အသင်းပိုင်ရှင် အေဘရာမိုဗစ် အလိုကျခေါ်ခဲ့ရပေမယ့် စပါရှယ်ဝမ်းလေး မော်ရင်ဟိုက သိပ်မကြည်တာကိုလည်း ခံခဲ့ရသူပါ။
နောက်တော့ သူဟာ မီလန်ကို အငှားဘ၀နဲ့ ပြောင်းပြီး နောက်ဆုံးမှာတော့ ကလပ်ဟောင်းဖြစ်ခဲ့တဲ့ ဇာတိမြေက ဒိုင်နမိုကိယက်ကို ပြန်ရောက်သွားသူပါပဲ။
ဟုတ်ပါတယ်။ ပေါင်သန်း ၃၀ ပေးခဲ့ရတဲ့ ရှက်ချင်ကိုဟာ ချဲလ်ဆီး အတွက် စုစုပေါင်း ၉ ဂိုးပဲ သွင်းပေး နိုင်ခဲ့ပါတယ်။
အသင်းပိုင်ရှင် အေဘရာမိုဗစ် အလိုကျခေါ်ခဲ့ရပေမယ့် စပါရှယ်ဝမ်းလေး မော်ရင်ဟိုက သိပ်မကြည်တာကိုလည်း ခံခဲ့ရသူပါ။
နောက်တော့ သူဟာ မီလန်ကို အငှားဘ၀နဲ့ ပြောင်းပြီး နောက်ဆုံးမှာတော့ ကလပ်ဟောင်းဖြစ်ခဲ့တဲ့ ဇာတိမြေက ဒိုင်နမိုကိယက်ကို ပြန်ရောက်သွားသူပါပဲ။
၁၉၈၆ ချာနိုဘိုင်းလ် အနူမြူ ဓာတ်ပေါင်းဖို ပေါက်ကွဲမှု ပြဿနာမှာ သူ့ဇာတိမြို့ကလေး ကလည်း အန္တရာယ်နဲ့ မလွတ်ကင်းတဲ့ နေရာမို့ ၉ နှစ်သားသာ ရှိသေးတဲ့ ရှက်ချင်ကိုဟာ တစ်ခြားလွတ်မြောက်ရာ ဒေသဆီ ပြောင်းရွှေ့ခဲ့ရသူဖြစ်ပြီး အားကစားဘ၀ကို လက်ဝှေ့သမားလေး အဖြစ် ယူကရိန်း လူငယ်လိဂ်နဲ့ စတင်ခဲ့ပါတယ်။ နောက်တော့မှ သူဟာ ဘောလုံးကစားတဲ့ဘက်ကို စိတ်ပါလာခဲ့ပြီး ကိယက်ဗ်မြို့ရဲ့ အားကစားအထူး သင်တန်း ကျောင်းကို တက်ရောက်ခဲ့ပါတယ်။ နောက် ၄ နှစ် အကြာမှာ အီယန်ရပ်ရှ်ဖလား (ယခု ဝေးလ်စူပါဖလား) ပွဲကို ဒိုင်နမိုကိယက်အသင်းနဲ့ အတူ ယူ-၁၄ အဖြစ် ၀င်ကစားခဲ့ရပြီး ဂိုးအများဆုံး သွင်းနိုင်တဲ့ ဆုရရှိခဲ့ပါတယ်။
၁၉၉၂ - ၉၃ မှာ ဒိုင်နမို II အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းသူ ဖြစ်ခဲ့ပြီး ၁၉၉၄ ကစလို့ ဒိုင်နမိုကိယက် အသင်းကြီးမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီအသင်းမှာ ၅ နှစ်ကြာခဲ့ပြီး ၁၁၇ ပွဲမှာ ဂိုး ၆၀ သွင်းယူနိုင်ခဲ့သူပါ။
ဒီနောက်မှာတော့ သူ့ရဲ့ ရွှေရောင်ကာလတွေဖြစ်လာမယ့် မီလန်အသင်းဆီရောက်ခဲ့ပြီး ၇ နှစ်ကြာခဲ့တဲ့ မီလန်ကစားသမားဘ၀မှာ ၂၀၈ ပွဲ ကစား ၁၂၇ ဂိုးရခဲ့ပါတယ်။
ယူကရိန်း လက်ရွေးစင် အသင်းကြီးအတွက်လည်း ၁၀၁ ပွဲမှာ ၄၅ ဂိုး သွင်းယူပေးခဲ့သူပါ။ သူဟာ အခုဆိုရင် ၃၅ နှစ်ထဲကို ၀င်လာပါပြီ။ ဒါပေမယ့် အနားယူဖို့ မစဉ်းစားသေးဘူးလို့ ဆိုပါတယ်။ ကိုယ့်ဇာတိယူကရိန်းမှာ ကျင်းပပေမယ့် ယူရို ၂၀၁၂ (ပိုလန်နှင့် ပူးတွဲအိမ်ရှင်) ပွဲကြီးမှာ ယူကရိန်း အသင်းနဲ့အတူ အစွမ်းပြချင်စိတ်ရှိနေသေးတဲ့ သူ့ရဲ့ သဘောထားတွေကို ခံစားကြည့်ပါဦး ....
မေး | ဘယ်လောက်အထိ ဆက်ကစားသွားဦးမယ်လို့ ရည်ရွယ်ထားပါသလဲ ...? |
ဖြေ | ဘောလုံးအပေါ် ရူးသွပ်တဲ့ စိတ်တွေဟာ ဆက်ရှိနေတုန်းဖြစ်သလို ကိုယ့်ကိုယ်ကို ငယ်သေးတယ် လို့လည်း ခံစားနေရဆဲပါ။ ကျွန်တော့် အထင် အဲဒီ စိတ်ခံစားမှုတွေဟာ ကျွန်တော့်အတွက် ဆက်ကစားနေစေချင်တဲ့ စိတ်ကို ဦးဆောင်သွားမှာပါ။ တစ်နေ့မှာ အနားယူရမယ်ဆိုတာ သိနေပေမယ့် လောလောဆယ်တော့ ကျွန်တော် ကစားနေဦးမှာပါပဲ။ ပြီးခဲ့တဲ့ ရာသီမှာ ဂိုးအရ နည်းခဲ့ပေမယ့် လာမယ့် ယူရိုပွဲအထိတော့ ကျွန်တော့ ဘောလုံးကန်ဘိနပ်ကို ကျွန်တော် ချွတ်ဦးမှာ မဟုတ်ပါဘူး။ |
မေး | ခင်ဗျားတို့ရဲ့ ဒိုင်နမိုဟာ ရှက်တာဒိုးနက် အနောက် ဒုတိယ အသင်းအဖြစ် ရာသီသိမ်းခဲ့ရတာ ၂ နှစ်ဆက်တိုက် ရှိပြီနော် စိတ်မပျက်မိဘူးလား ...? |
ဖြေ | မဖြစ်ပါဘူး ..... ကျွန်တော်တို့ အနေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်တစ်ခုမှာ ကောင်းကောင်းကစားနိုင်ခဲ့တာပဲလို့ မှတ်ယူလို့ပါ။ ရှက်တာဟာ ကျွန်တော်တို့ထက် ပိုပြီး စုစုစည်းစည်းနဲ့ အကောင်းဆုံး လုပ်ပြသွားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ရာသီ ပထမပိုင်းမှာပါ ဘာတွေဖြစ်ဖြစ် ကျွန်တော်တို့ဟာ ထိပ်ဆုံး ၂ သင်းထဲမှာပါနေဆဲ ဖြစ်သလို ချန်ပီယံဆုကိုလည်း စိန်ခေါ် နေနိုင်ဆဲပဲလေ။ |
မေး | ခင်ဗျားရဲ့ ရှည်ကြာခဲ့တဲ့ ကစားသမားဘ၀ရဲ့ အတက်အကျတွေနဲ့ ပတ်သက်လို့ ဘာများပြောချင်ပါသလဲ ...? |
ဖြေ | ကျွန်တော့် အနေနဲ့ ကစားသမားဘ၀ဆိုတာ အကောင်းဆုံး အဆိုးဆုံး ဆိုတာတွေ ဘယ်အချိန်ကလည်း ဆိုတာကို မတွက်လိုပါဘူး။ ဘာလို့လည်း ဆိုတော့ ဒါဟာ ဘောလုံးရဲ့ သဘော ... သဘာဝမို့ပါပဲ ... ကျွန်တော်ဟာ ၂၀၀၂ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ၀င်ခွင့် Play-Off ၄ ပွဲလုံးမှာ ကစားခွင့်ရခဲ့ပြီး အဲဒီ ၂ ကြိမ်လုံးမှာ ဂရိနဲ့ ဂျာမဏီတို့ကို ကျွန်တော်တို့ ကွာတား အထိရောက်ခဲ့တာပဲလေ ... အီတလီကို ရှုံးခဲ့ရပေမယ့် ကျွန်တော်တို့ ကြိုးစားကစား နိုင်ခဲ့ပါတယ် ... ဘယ်လို အရှုံးမျိုးကနေ မဆို သင်ခန်းစာ ယူနိုင်တဲ့ အကောင်းဘက်ကို လှည့်မြင်လို့ရတာပါပဲ။ |
မေး | ခင်ဗျားဟာ ယူကရိန်းအတွက် ၁၀၁ ပွဲတောင် ကစားထားပြီးနော် ... ခင်ဗျားထက် ၅ ပွဲ ပိုများတဲ့ အနာတိုလီ တိုင်မိုချပ် အပေါ် ဘယ်လိုမြင်လဲ ... သူက ပိုများသွား နိုင်မလား ...? |
ဖြေ | ကျွန်တော်တို့ ၂ ယောက်လုံး ရာပြည့်ပွဲတွေ ကျော်ဖြတ်ခဲ့ကြပြီးပါပြီး တစ်ခုရှိတာက သူဟာ ကျွန်တော့်ထက် ငယ်သူပါ ... သူက အခွင့်ပိုသာနိုင်တဲ့ သဘောပေါ့ ... ဒါပေမယ့် ကျွန်တော့်ကလည်း နိုင်ငံအသင်းကြီး အတွက် ဆက်ကစားဖို့ စဉ်းစားဆုံးဖြတ်ပြီးသားပဲလေ။ |
မေး | ယူကရိန်းရဲ့ ယူရို ၂၀၁၂ အတွက် မျှော်မှန်းချက်က ...? |
ဖြေ | ကျွန်တော်တို့ အနေနဲ့ အဲဒီ ယူရိုပွဲမှာ အောင်မြင်မှု ရဖို့တွတ်ဆထားပါတယ် ... ဘာလို့လည်းဆိုတော့ ယူကရိန်းရဲ့ ခြေစွမ်းဟာ တခြားထိပ်တန်းအသင်းတွေနဲ့ မကွာလှတော့သလို ကလပ် အဆင့်မှာဆိုလည်း ရှက်တာဒိုးနက်ဟာ ချန်ပီယံလိဂ် အဆင့်မှာ ကောင်းကောင်း ကစားပြနိုင်ခဲ့တာပဲ ... ၂၀၀၇ ဧပြီမှာ ယူကရိန်းဟာ ပိုလန်နဲ့တွဲပြီး ယူရို ၂၀၁၂ အိမ်ရှင် လုပ်ရတော့မယ်ဆိုတာ သိလာကတည်းက ကျွန်တော်တို့ အနေနဲ့ ကွင်းတည်ဆောက်ပြုပြင်မျိုးတွေ အပြင် အသင်းကိုလည်း ဘယ်လို မွမ်းမံမယ် ဘယ်လို လေ့ကျင့်မယ်ဆိုတာ စီမံချက်ချခဲ့ပြီးသားပါ။ ဒီလို ကစားခွင့် ရတာဟာ ဘောလုံး တစ်ခုတည်း တင်မဟုတ်ပဲ တိုင်းပြည်အတွက် တခြားနေရာတွေမှာပါ အများကြီး အပြောင်းအလဲ တွေဖြစ်စေခဲ့ပါတယ် ... ဒါဖြင့် ယူကရိန်း အသင်းဆုရမှာလား ... လို့ မေးလာရင်တော့ ကုသိုလ်ကံကလည်း ဖေးမမယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့်နိုင်ပါတယ် ... တိုင်မိုချပ်၊ ဗိုရိုနင်၊ ရှိုကော့စကီးနဲ့ ကျွန်တော်တို့ဟာ လူငယ်ခြေတက်တွေနဲ့ တွဲပြီး အကောင်းဆုံး ကစားထားနိုင်အောင် ကြိုးပမ်းသွားမှာပါ။ |
မေး | ခင်ဗျားဟာ ခင်ဗျားရဲ့ ကလေး ၂ ယောက်မွေးချိန်မှာ တိုက်တိုက် ဆိုင်ဆိုင် ဂိုးတွေရခဲ့တယ်နော် .... ဂျော်ဒန်မွေးတုန်းက ခင်ဗျားဟာ ဆမ်ဒိုးရီးယားကို မီလန်က နိုင်တဲ့ ဂိုးကို သွင်းယူပေးခဲ့တယ် ... ခရစ္စတင်း မွေးတော့ ချဲလ်ဆီးက ၀က်ဖို့ဒ်ကို ၄းဝ နဲ့ နိုင်တဲ့ ဂိုးကို သွင်းယူပေးခဲ့တယ် ... ဒါ့အပြင် လာမယ့် ယူရို ၂၀၁၂ မှာ ဘယ်သူ့အတွက်များ ဂိုးသွင်းပေးဖို့ မစီစဉ်ထားသေးဖူးလား ...? |
ဖြေ | (ရယ်မောလျက် ....) မစီစဉ်ရသေးပါဘူးဗျာ။ ဒါပေမယ့် သိပ်ကောင်းတဲ့ စိတ်ကူးပဲနော် .... |
0 comments:
Post a Comment