
ဘရာဇီးလ်ဆော်ပေါ်လိုကလပ် ဥက္ကဌ Juvenal Juvencio က ဥရောပအသင်းကြီးများပစ်မှတ် လူးကပ်စ် မော်ရာ ကိုရရှိရန်
ချယ်လ်ဆီးအသင်းသာအနီးစပ်ဆုံးဖြစ်ကြောင်း ပြောကြားလိုက်ကြောင်း SkySports ကဖော်ပြခဲ့သည်။ အသက်(၁၉)နှစ်
အရွယ်သာရှိသေးသည့် လူးကပ်စ်အား မန်ယူအသင်းကစိတ်ဝင်စားနေသကဲ့သို့ ရီးရဲမဒရစ်၊ အင်တာမီလန်အသင်းကြီး
များကလည်း ချိတ်ဆက်ဆက်လျက်ရှိနေသည်။ အင်တာမီလန်အသင်းသည် ၄င်းအတွက် ပေါင်သန်း(၂၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဆော်ပေါ်လိုအသင်းကချက်ချင်းပယ်ချခဲ့ကြောင်း သိရသည်။ ကစားသမားရော၊ အသင်းကပါ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိရန်လိုလိုလားလားရှိသော်လည်း ၄င်း၏ဈေးနှုန်းမှာပေါင်သန်း(၃၀)အထက် ပေးရဖွယ်
ရှိသည့်အနေအထားဖြစ်နေသည်။
ဘရာဇီးလ်လက်ရွေးစင်အသင်း၌ပါဝင်ခံထားရသည့် လူးကပ်စ်သည် အရပ် (၅)ပေ(၇)လက်မခွဲရှိပြီး ကွင်းလယ်တိုက်စစ်
(Attacking Midfield) နေရာတွင်ကစားသူဖြစ်သည်။ ဘောလုံး skill ကျွမ်းကျင်မှုမှာ ပြောစရာမရှိသကဲ့သို့ ထူးချွန်ပြီး
ကိုယ်ခန္ဓာအနေအထား၊ အရပ်အမြင့်တို့ကြောင့် တွန်းတွန်းတိုက်တိုက်ကစားနိုင်သူဖြစ်သည်။ ထို့ပြင်တောင်ပံတိုက်စစ်မှူး
အဖြစ်လည်း ကစားနိုင်ပြီး ညာတောင်ပံမှတိုက်စစ်ဆင်မှုမှာ ၄င်း၏အားသန်ရာဖြစ်သည်။ လူးကပ်စ်၏အားနည်းချက်မှာ တိုက်စစ်မှူးများထံ ဖန်တီးပေးခြင်းထက် ကိုယ်တိုင်ဂိုးသွင်းချင်စိတ်များပြီး ဘောလုံးကိုလိုအပ်သည်ထက် အနည်းငယ်
ပိုမိုလိမ်ခေါက် ကစားသည်ကို သုံးသပ်တွေ့ရှိရပါသည်။ ဆော်ပေါ်လိုအသင်းအတွက် ယခုအချိန်အထိ(၉၆)ပွဲကစား၊
(၂၄)ဂိုးသွင်းယူပေးထားပြီး (၁၈)ကြိမ် ဂိုးဖန်တီးပေးထားကြောင်း မှတ်တမ်းများအရသိရှိရသည်။
0 comments:
Post a Comment