
အင်္ဂလန်၏
သက်တမ်းရှည် ဖလားတစ်လုံးဖြစ်သော အက်ဖ်အေ ဖလားအား ရာမီးယာက်နှင့်
ဒရော့ဘာဂိုးများဖြင့် လီဗာပူးလ် အသင်းအား ဖြတ်ကျော်ကာ ရယူသွားခဲ့သော
ချဲလ်ဆီး အသင်း ( လီဗာပူးလ် ၁-၂ ချဲလ်ဆီး) ဆုဖလား ရယူပုံ ဗွီဒီယိုဖိုင်
ချဲလ်ဆီး
အသင်း၏ ဖလားတစ်လုံး ဗိုလ်လုပွဲ ဖြစ်သည့် အင်္ဂလန် အက်ဖ်အေ ဖလားပြိုင်ပွဲအား
ယနေ့တွင် ချဲလ်ဆီး အသင်းနှင့် လီဗာပူးလ် အသင်းတို့ ဗိုလ်လုပွဲ ဖြစ်သည်နှင့်
အညီ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့သည်။ နှစ်ဘက် အသင်းနှစ်သင်းသည်
ဗိုလ်လုပွဲ ဖြစ်သည်နှင့် အညီ အကြိတ် အနယ် ကစားခဲ့ကြပြီး လူစုံတက်စုံ
ခင်းကျင်းကာ အင်္ဂလန် နိုင်ငံ၏ အမျိုးသားဘောလုံးကွင်း ဖြစ်သော ဝင်ဘလေတွင်
ခင်းကျင်း ကစားခဲ့ကြသည်။ ချဲလ်ဆီး အသင်းတွင် ဂိုးသမား ပီတာဆတ်နှင့်
အသင်းခေါင်းဆောင် ဂျွန်တယ်ရီ ဦးဆောင်ပြီး အိုင်ဗန်နိုဗစ်၊ အက်ခ်ျလေကိုးလ်၊
ဘို့စင်ဝါတို့ နောက်တန်းတွင် ပါဝင်ခဲ့ပြီး၊ ကွင်းလယ်တွင် လမ်းပတ်၊
မီးခေးလ်တို့မှ ကွင်းလယ် အဖျက်နှင့် မာတာ၊ ရာမီးယက်၊ ကာလူးတို့မှ
ကွင်းလယ်နှင့် တိုက်စစ် အတွဲအဖြစ် တိုက်စစ်တွင် ဒရော့ဘာအား အထောင်ထားကာ
၎-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက် လာခဲ့သည်။ လီဗာပူးလ် အသင်းတွင် ဂိုးသမား
ရိန်နာ၊ နောက်တန်းတွင် အင်ရီကွီး၊ အက်ဂါ၊ စကာတယ်နှင့် ဂျွန်ဆင်၊ ကွင်းလယ်
အဖျက်တွင် စပီးရီး၊ ဟန်ဒါဆန်၊ ကွင်းလယ်တွင် ဘင်လာမီ၊ ဂျရတ်နှင့် ဒေါင်းနင်း
တိုက်စစ်အထောင် အဖြစ်ဆွာရက်ကို ထားကာ ချဲလ်ဆီးနှင့် အတူ ပွဲထွက်ကာ အကြိတ်
အနယ် ယှဉ်ပြိုင်ခဲ့တော့သည်။

ပွဲစတင် ကစားသည်နှင့် ချဲလ်ဆီး
အသင်းနှင့် လီဗာပူးလ် အသင်းတို့သည် နောက်ဆုံးဗိုလ်ပွဲ ဖြစ်သည်နှင့် အညီ
အကြိတ်အနယ် ရှိလှသည်။ ၁၁ မိနစ် အရောက်တွင် ချဲလ်ဆီး အသင်းအတွက်
အဖွင့်ဂိုးအား ကွင်းလယ်မှ မာတာ၏ ခင်းပေးမှုမှ တစ်ဆင့် ရာမီးယာက်က
နောက်တန်းများနှင့် ယှဉ်လုရင်း ဂိုးသမား ရိန်နာ၏ ဘယ်ဘက်ဒေါင့်ကျဉ်း
အတွင်းသို့ အပြင်းကန်သွင်း ယူသွားခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၁၄
မိနစ်အရောက်တွင် ဘင်လာမီ၏ ကန်သွင်းချက်အား အိုင်ဗန်နိုဗစ်နှင့်
ဂိုးသမားတို့ အပြင်းအထန် ကာကွယ် လိုက်ရသည်။ ပွဲချိန် မိနစ် ၂၀ အရောက် အထိ
တစ်ဘက်နှင့် တစ်ဘက် မတိမ်းမယိမ်း ထိုးဖောက် မှုများနှင့် အတူ ဗိုလ်လုပွဲသည်
အသက်ဝင်ခဲ့ပြီး လီဗာပူးလ် အသင်းအနေဖြင့် ချေပဂိုးရရှိရန် အကြိတ်အနယ်
ကြိုးစားခဲ့သလို ဦးဆောင်ဂိုး သွင်းယူထားသည့် ချဲလ်ဆီး အသင်းသည်လည်း
ထိုးဖောက်မှုများ ရရှိရန် ထပ်မံကြိုးစားခဲ့တော့သည်။

ယနေ့ ပွဲစဉ်အတွင်း ယခင် လီဗာပူးလ်
ကစားသမားဟောင်း တိုက်စစ်မှူး တောရက်စ်အား ချဲလ်ဆီး အသင်းမှ ချန်လှပ်
ထားခဲ့ပြီး ဒရော့ဘာအား အားပြု ကစားခဲ့သလို လီဗာပူးလ် အသင်းမှ ကာလရှည်
အနားပေးထားသော ဆွာရက်ဇ်အား အားထား ကစားခဲ့သည်ကို တွေ့ခဲ့ရသည်။ ပွဲချိန် ၂၄
မိနစ်တွင် ကာလူး၏ ထိုးဖောက်မှုအား လီဗာပူးလ်နောက်တန်းများ ဂိုးဧရိယာ
အတွင်းမှ အကြိတ်အနယ် ဖြတ်ထုတ် ကစားခဲ့မှုကြောင့် ဂိုးသွင်းခွင့် မရရှိခဲ့ပေ။
ပွဲချိန် ၂၈ မိနစ်အထိ ချဲလ်ဆီး အသင်းမှ လီဗာပူးလ် အသင်း၏ တိုက်စစ်များအား
ကွင်းလယ်တွင် ဖျက်တား နိုင်ခဲ့ပြီး ကွင်းလယ် အဖျက် အားသာ ခဲ့သည်။ လီဗာပူးလ်
အသင်းအနေဖြင့် တိုက်စစ် အတွက် ကွင်းလယ်မှ ဂျရတ်၏ ဘောလုံး ခင်းပေးမှု
မရရှိခဲ့သဖြင့် တိုက်စစ်အား နှောင့်နှေးရသည်ဟု ဆိုရမည် ဖြစ်သည်။

ပွဲချိန် ၃၄ မိနစ်တွင် လီဗာပူးလ်
အသင်းဘက်သို့ ချဲလ်ဆီး အသင်းမှ တိုက်စစ်မှူးများ အပြင်းအထန် ပိတ်သွင်းမှု
ပြုလုပ်ရင်း ဒရော့ဘာ ကျွံထွက်ကာ ဘောလုံး ရရှိသွားပြီး ကန်သွင်းရန်
ကြိုးစားခဲ့သော်လည်း လီဗာပူးလ် နောက်တန်းများ ဖြတ်ထုတ် တားဆီး
နိုင်လိုက်သည်။ ပွဲချိန် ၃၆ မိနစ်တွင် ပြစ်ဒဏ်ဘောမှ တစ်ဆင့် လီဗာပူးလ်
အသင်းမှ ဖြတ်တင်ပေးမှုအား လီဗာပူးလ် နောက်ခံလူ စကာတယ်မှ ခေါင်းတိုက်ရန်
ကြိုးစားခဲ့သော်လည်း လူကြွံဘော ဖြစ်သွားခဲ့သည်။ ပွဲချိန် ၃၈
မိနစ်အရောက်တွင် ယခုပွဲအတွင်း ပထမဆုံး အဝါကတ် အဖြစ် မီးခေးလ်မှ ဂျရတ်နှင့်
ညိကာ အဝါထိခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၃၅ မိနစ်မှ မိနစ် ၄၀ အရောက် အထိ
လီဗာပူးလ် အသင်းမှ ချေပဂိုး ရရှိရန် ပြန်လည် ကြိုးစားခဲ့ပြီး
ဒေါင့်ကန်ဘောနှင့် ပြစ်ဒဏ်ဘောများမှ တစ်ဆင့် ဂိုးရရှိရန် ကြိုးစား
ခဲ့သော်လည်း ဆွာရက်ဇ် ခေါင်းတိုက်ချက်များ ဂိုးလွန်ဘော ဖြစ်ခဲ့သလို
ကွင်းလယ်မှ ပံ့ပိုးမှုများအား ချဲလ်ဆီး နောက်တန်းများ ဖြတ်ထုတ် တားဆီး
နိုင်ခဲ့ကြသည်။

ပထမပိုင်း ပြီးခါနီး အချိန်များတွင်
လီဗာပူးလ် အသင်းမှ ပိုမိုပြင်းထန်သည့် တိုက်စစ်များနှင့် အတူ တိုက်စစ်
ဖွင့်ကာ ကစားခဲ့သည်ကို တွေ့ခဲ့ရသော်လည်း ပွဲချိန် ၄၄ မိနစ်အထိ ထိရောက်သည့်
ထိုးဖောက်မှုမျိုး မရရှိခဲ့ပေ။ ဒုတိယ အဝါကတ် အနေဖြင့် လီဗာပူးလ် အသင်းမှ
ပွဲချိန် ၄၅ မိနစ်တွင် မီခေးလ်နှင့်ညိကာ အက်ဂါမှ အဝါထိသွားခဲ့တော့သည်။
နောက်ဆုံး အချိန်ပို ၁ မိနစ်ပေးခဲ့သော်လည်း လီဗာပူးလ် အသင်းအနေဖြင့်
ပြန်လည် ချေပမှု မပြုလုပ်နိုင်ပဲ ပထမပိုင်းအား ချဲလ်ဆီး အသင်း၏ ကွင်းလယ်
တိုက်စစ် ရာမီးယာက်၏ သွင်းဂိုးဖြင့် ပွဲစဉ်အား ဦးဆောင် သွားနိုင်ခဲ့ကာ
ပထမပိုင်း ပြီးဆုံး သွားခဲ့ပေတော့သည်။

ဒုတိယပိုင်း ပြန်လည် စတင်သည်နှင့်
တစ်ပြိုင်နက် နှစ်ဘက် အသင်းမှ အပြောင်းအလဲ မရှိ ပွဲထွက်ခဲ့ပြီး ဆက်လက်
ယှဉ်ပြိုင် ကစားခဲ့သည်။ ပွဲစတင်ပြီး ၄ မိနစ်ခန့် အချိန်အတွင်း တစ်ဘက်
တစ်လုံးစီ ဒေါင့်ကန်ဘော ရရှိခဲ့သော်လည်း ပွဲအဖြေအား ထူးခြား ပြောင်းလဲမည့်
အခွင့်အရေးများ ရရှိခဲ့ခြင်း မရှိပေ။ သို့သော်လည်း ချဲလ်ဆီး အသင်းအတွက်
ဒုတိယမြောက်ဂိုးအား ပွဲချိန် ၅၂ မိနစ်အရောက်တွင် ချဲလ်ဆီး အသင်းမှ ဒီဒီယာ
ဒရော့ဘာ၏ ကန်သွင်းချက်ဖြင့် ရယူသွားနိုင်ခဲ့ပြန်သည်။ ပွဲချိန် ၅၂ မိနစ်တွင်
ကွင်းလယ်မှ လမ်းပတ်၏ ခင်းပေးမှုမှ တစ်ဆင့် လီဗာပူးလ် နောက်တန်း
စကာတယ်နှင့်အပြိုင် ဘောလုံးရယူ သွားသော ဒရော့ဘာသည် စကာတယ်၏ ပေါင်းကြားမှ
တစ်ဆင့် ရိန်နာ၏ ဘယ်ဒေါင့်သို့ တိုက်ရိုက် ကန်သွင်း ယူပြီး ဦးဆောင်
နိုင်ခဲ့ပေတော့သည်။ ပွဲချိန် ၅၄ မိနစ်တွင်လည်း ဒရော့ဘာမှ လီဗာပူးလ်
ဂိုးဧရိယာ အတွင်း အပြင်းကန်သွင်းခွင့် ရရှိခဲ့သော်လည်း ဂိုးလွန်ဘော
ဖြစ်သွားခဲ့သည်။ ၅၅ မိနစ်အရောက်တွင် လီဗာပူးလ် အသင်းမှ စပီရီ အစား
တိုက်စစ်မှူး ကာရိုးဝင်ရောက် ကစားခဲ့သည်။

ပွဲချိန် ၅၉ မိနစ်တွင် ကာလူးမှ
တစ်ယောက်တည်း အပိုင် ပိတ်သွင်းခွင့် ရရှိခဲ့သော်လည်း ဂိုးလွန်ဘော
ဖြစ်သွားခဲ့တော့သည်။ ၆၄ မိနစ်အရောက်တွင် မာတာ၏ ခင်းပေးမှုမှ တစ်ဆင့် ဒရော့ဘာ
အပြင်းကန်သွင်း ခဲ့သော်လည်း ဂိုးလွန်ဘော ဖြစ်သွားခဲ့သည်။ ပွဲချိန် ၆၅
မိနစ် အရောက်တွင် လီဗာပူးလ် အသင်းအတွက် ချေပဂိုး တစ်ဂိုးအား အင်ဒီကာရိုးမှ
ပိတ်သွင်းယူခဲ့သည်။ ဘို့စင်ဝါဘက်မှ ပေါက်ထွက်လာသော ဘောလုံးအား ချဲလ်ဆီး
ဂိုးဧရိယာ အတွင်းရှိ ကာရိုးမှ ချဲလ်ဆီး နောက်တန်း တယ်ရီအား လှည့်ပတ်ကာ
ဘယ်ခြေဖြင့် အပြင်းပိတ်သွင်း ယူခဲ့ခြင်း ဖြစ်သည်။ ချေပဂိုး ရရှိပြီးနောက်
အားတက်လာသည့် လီဗာပူးလ် အသင်းအနေဖြင့် အပြင်းအထန် ဂိုးသွင်းခွင့် ထပ်မံ
ရရှိရန် ကြိုးပမ်းခဲ့ပြီး တိုက်စစ် ဖွင့်ကစားခဲ့သည်။ အားတက်လာသည့်
လီဗာပူးလ် အသင်းအတွက် ပွဲချိန် ၇၅ မိနစ်တွင်တောင်ပံမှ တစ်ဆင့်
ဖြတ်တင်ပေးမှုအား ကာရိုး ခေါင်းတိုက် သွင်းယူသော်လည်း ဆန္ဒစောနေသဖြင့်
ဂိုးလွန်ဘောသာ ဖြစ်သွားခဲ့သည်။ လီဗာပူးလ် အသင်းအနေဖြင့် ချေပဂိုး တစ်ဂိုး
ရရှိပြီးနောက် တိုက်စစ် ပိုမို ကစားခဲ့ပြီး ချဲလ်ဆီး အသင်းအနေဖြင့်
ဒရော့ဘာ၏ အားကိုသာ အသုံးပြုပြီး နောက်တန်း ခုံမာစေရန် အတွက် ကစားခဲ့သည်ကို
တွေ့ခဲ့ရသည်။

ပွဲချိန် ၇၆ မိနစ်တွင် ယနေ့
ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည့် ရာမီးယာက် အစား လီဗာပူးလ် ကစားသမားဟောင်း
ရာအူး မီယာလက် ဝင်ရောက် ကစားခဲ့သည်။ ၇၈ မိနစ်အရောက်တွင် လီဗာပူးလ် အသင်းမှ
ဘင်လာမီ အစား ကူးရစ်ဖြင့် အစားထိုး လဲလှယ်ခဲ့သည်။ ပွဲချိန် ပြီးဆုံး
ခါနီးသည့် အချိန်အတွင်း လီဗာပူးလ် အသင်းမှ တိုက်စစ် ပိုမိုအားပြု ကစားရန်
ကြိုးပမ်းမှု ပြင်းထန်လေ ဖြစ်သည်။ ပွဲချိန် ၈၂ မိနစ် အရောက်တွင် ကာရိုးလ်၏
ခေါင်းတိုက်ချက်သည် ဂိုးသည့် အခြေအနေ ဖြစ်ခဲ့သော်လည်း ပီတာဆတ်ခ်ျ၏
ပုတ်ထုတ်မှုအား အိုင်ဗန်နိုဗစ်မှ ဂိုးစည်းပေါ်မှ တားဆီးဖြတ်ထုတ် နိုင်ခဲ့သည်။
အဆိုပါ အငြင်းပွားမှုကြောင့် ဆွာရက်ဇ်မှ စည်းကြပ်ဒိုင်အား သွားရောက်
ပြောခဲ့မှုကြောင့် အဝါကတ် ထိခဲ့တော့သည်။ ပီတာဆတ်ခ်ျ အနေဖြင့် ကာရိုးလ်၏
အနီးကပ် အပိုင် ခေါင်းတိုက် ပိတ်သွင်းခွင့်အား စည်းပေါ်မှ ဖြတ်ထုတ်မှု
ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၈၈ မိနစ်အရောက်တွင် ချဲလ်ဆီး အသင်း၏
ဘီးကုတ် ထိပ်မှ နေပြီး ဂျရတ်မှ ဖရီးကစ် ကန်သွင်းခွင့် ရရှိခဲ့သော်လည်း
ဒေါင့်ကန် ဘောသာ ဖြစ်ခဲ့တော့သည်။
မိနစ် ၈၀ နောက်ပိုင်း အတွင်း
လီဗာပူးလ် အသင်း၏ တိုက်စစ်အား ချဲလ်ဆီး အသင်းမှ ပိတ်ဆို့ ကစားခဲ့ပြီး
ဂိုးမပေးရရေး အတွက်သာ ဦးစားပေးခဲ့သည်ကို တွေ့ခဲ့ရသည်။ ပွဲချိန် မိနစ် ၉၀
အရောက်တွင် ကွင်းလယ် တိုက်စစ် မာတာအား ထုတ်ကာ မာလူဒါဖြင့် လဲလှယ်
ကစားခဲ့သည်။ နာကျင် အချိန်ပို အဖြစ် ၅ မိနစ်အထိ ပေးခဲ့ကာ ပွဲအား ဆက်လက်
ကစားစေခဲ့သည်။ ပွဲချိန် ပြီးဆုံးခါနီး အချိန်ရောက်လေ ချဲလ်ဆီး
အသင်းအနေဖြင့် ရယူထားသည့် အနိုင်ဂိုးအား မပေးရရေး အတွက်သာ ဦးစားပေး
ကစားခဲ့ပြီး ခံစစ်အနေအထား ရှိနေခဲ့သည်။ အဆိုပါ အခွင့်အရေးအား အသုံးချကာ
လီဗာပူးလ် အသင်းမှ တိုက်စစ်ပိုမို ဖွင့်ကစား နိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။
ပွဲချိန် ၉၄ မိနစ်တွင် ချဲလ်ဆီး အသင်းမှ ဒရော့ဘာကြောင့် ရရှိသည့်
ပြစ်ဒဏ်ဘောအား လမ်းပတ်မှ တိုက်ရိုက် ကန်သွင်းရာ ကန်ချက် ကော်ငးလှသော်လည်း
ဂိုးသမား ရိန်နာ ပုတ်ထုတ် ကာကွယ်မှု လုပ်နိုင်ခဲ့သည်။ ယင်းနောက်တွင်
တိုက်စစ်မှူးများနှင့် ရိန်နာတို့ ဖြတ်တင်ဘောမှ တစ်ဆင့် ယှဉ်လုရင်း
ကျွံကြလာသည့် ဘောလုံးအား ဂိုးလွတ်နေသည့် ဂိုးပေါက်သို့ ကာလူးမှ
ကန်သွင်းသော်လည်း စကာတယ် ဖြတ်ထုတ် သွားနိုင်ခဲ့ပြန်သည်။ ယင်းနောက်တွင်တော့
အချိန်ပို ၅ မိနစ်ပီးဆုံးကာ ချဲလ်ဆီး အသင်းမှ လီဗာပူးလ် အသင်းအား ၂-၁ ဖြင့်
အနိုင်ရရှိကာ အင်္ဂလန်၏ သက်တမ်းရှည် အကျော်ကြားဆုံး ဖလားတစ်လုံးဖြစ်သည့်
အက်ဖ်အေ ဖလားအား ရရှိသွားခဲ့ပေတော့သည်။ ယခုဖလားအား ဆွတ်ခူးသွားခဲ့သည့်
ချဲလ်ဆီး အသင်းအနေဖြင့် ဥရောပ ကလပ်များ ချန်ပီယံ ဖြစ်သည့် ချန်ပီယံလိဂ်
ချန်ပီယံ ဖလားလုပွဲအတွက် လာမည့် ၁၉ ရက်နေ့တွင် ဂျာမဏီနိုင်ငံ
မြူးနစ်မြို့တွင် ယှဉ်ပြိုင် ကစားရပေဦးတော့မည် ဖြစ်ပေတော့သည်။

စာကြွင်း။ ။ ပျော်ရွှင်ဖွယ် အဖြစ်
ဆုပေးပွဲ အခမ်းအနားပြီးနောက် ချဲလ်ဆီးအသင်းသား အားလုံးတို့သည် ပရိတ်သတ်များ
ဘက်သို့ လှည့်လည်ကာ အောင်ပွဲခံစဉ်အတွင်း ချဲလ်ဆီး အသင်းမှ ကာလူးနှင့်
မီခေးတို့သည် အချိန်အတော်ကြာ ကာလူးနောက်သို့ မီခေးလ်မှ
လိုက်ကာ ပြေးတမ်းလိုက်တမ်းကစား ခဲ့သည်ကို တွေ့ခဲ့ရပေတော့သည်။ ယင်းနောက်တွင်
ချဲလ်ဆီး အသင်းသားများမှ အသင်း၏ ယာယီနည်းပြ ဒီမက်ဒီယိုအား ကိုင်မြောက်
ပင့်မြောက်ကာ ပျော်ရွှင်စွာဖြင့် ယနေ့ ဝင်ဘာလေတွင် ကစားခဲ့သည့် အဂ်လန်
အက်ဖ်အေ ဖလားပွဲ ဗိုလ်လုပွဲမှာ ပြီးဆုံးသွားခဲ့ ပေတော့သည်။

0 comments:
Post a Comment