
ဟာဇက်နှင့် ချယ်ဆီးတို့ ချုပ်သော စာချုပ်တန်ကြေးမှာ ပေါင်သန်း ၈၀ မျှရှိနေ
တယ်လီဂရပ်ဖ်၏ အဆိုအရ လိုင်လီကို ပေါင် ၃၅.၃သန်း သို့မဟုတ် ယူရို သန်း၄၀ ပေးရမည်ဖြစ်ပြီး ဟာဇက်အတွက် လစာအဖြစ် အခွန်ခမပါ တစ်နှစ်စာ ပေါင် ၄.၆သန်း ပေးရမည်ဖြစ်သည်။ ထို့ကြောင့် တစ်နှစ်စာအတွက် ကစားသမား အသစ်တစ်ယောက်အတွက် ပေါင် ၉သန်းမျှ စုစုပေါင်းကုန်ကျမည်ဖြစ်သည်။ ပျမ်းမျှအားဖြင့် တစ်ပတ်လစာ ပေါင် တစ်သန်းခုနှစ်သောင်း ကုန်ကျမည်ဖြစ်သည်။
အကယ်၍သာ ဟာဇက်မျှော်လင့်ထားသည့်အတိုင်း ငါးနှစ်စာချုပ်ကို သဘောတူခဲ့ပါကာ လက်မှတ်ရေးထိုးခ၊ လစာနှင့် ပြောင်းရွှေ့ကြေး စုစုပေါင်း ပေါင် ၇၈သန်းမျှ ကုန်ကျသွားမည်ဖြစ်ပြီး ယင်းတန်ဖိုးမှာ ချယ်ဆီးရဲ့ အနေအထားအရ များပြားလှသော ရင်းနှီးမြုပ်နှံမှု တစ်ခုလည်း ဖြစ်သွားမည် ဖြစ်သည်။
0 comments:
Post a Comment