
ဒီမက်တီယိုအား အမြဲတမ်းနည်းပြခန့်ရန် ချယ်လ်ဆီးအသင်းအား တောင်းဆိုလိုက်သည့် ဂျွန်တယ်ရီ
ချယ်လ်ဆီးပိုင်ရှင် အေဗရာမိုဗစ်ခ်ျသည် မနေ့ညက ချယ်လ်ဆီးအသင်း၏ ပထမဆုံးချန်ပီယံလိဂ်ဖလား အောင်မြင်မှုအတွက် ၀မ်းသာလွန်းသဖြင့် မျက်ရည်ကျသည်အထိ ဖြစ်ခဲ့သည်။
ဒီမက်တီယိုသည် ထုတ်ပယ်ခံခဲ့ရသည့်နည်းပြ ဘိုအက်ရှ်၏နေရာအား ဆက်ခံပြီးနောက်၊ နှစ်လခွဲသာသာ အချိန်အတွင်း ချယ်လ်ဆီးအသင်းအတွက် ချန်ပီယံလိဂ်ဖလားနှင့် အက်ဖ်အေဖလားနှစ်လုံးအား မယုံနိုင်စရာ ရယူပေးခဲ့သည်။
အနီကတ်ပြစ်ဒဏ်ကြောင့် ဖိုင်နယ်နှင့်လွဲချော်ခဲ့သော်လည်း၊ ဒုကပ္ပတိန်လမ်းပတ်နှင့်အတူ၊ ချန်ပီယံလိဂ်ဖလားအား ကိုင်မြှောက်ခဲ့သည့် ဂျွန်တယ်ရီက -
“ဒီမက်တီယိုဟာ အသင်းကို ရောက်လာကတည်းက အံ့အားသင့်ဖွယ်တွေ လုပ်ပြခဲ့တာပါ၊ ဆုဖလားကို ကြည့်လိုက်ပါ၊ ဒီဆုဖလားဟာ ကျွန်တော်တို့ နှစ်ပေါင်းများစွာ စောင့်ခဲ့ရတဲ့အရာပါ၊ ဒီဖလားဟာ အသင်းပိုင်ရှင် မျှော်လင့်နေခဲ့တဲ့အရာပါ၊ ဒီဖလားဟာ အသင်းပိုင်ရှင်ကို မျက်ရည်ကျစေခဲ့တဲ့အရာပါ”
“အသင်းပိုင်ရှင်ဟာ ဒီဖလားရရှိဖို့ အများကြီး ရုန်းကန်ခဲ့ရပြီး၊ ငွေကြေးတွေ အများကြီး ရင်းနှီးခဲ့ရပါတယ်၊ အခုတော့ ကျွန်တော်တို့ ဒီဖလားကို ရရှိလိုက်ပါပြီ”
“ဒီမက်တီယိုဟာ အများကြီး ဂုဏ်ပြုခံသင့်သူပါ၊ သူ အမြဲတမ်းနည်းပြဖြစ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ သူဟာ တကယ့်ကို အံ့အားသင့်ဖွယ်ပါ၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား နှစ်လုံးရရှိဖို့ဆိုတာ လုံးဝမလွယ်ကူပါဘူး”ဟု ဂျွန်တယ်ရီက ဒီမက်တီယိုအား ချီးကျူးပြောကြားသွားခဲ့သည်။
0 comments:
Post a Comment