
အဆိုပါ ကစားသမား
နှစ်ဦးသည် ပြီးခဲ့သည့် ဘောလုံး ရာသီက ချယ်ဆီး အသင်း၏ ဦးစားပေး
ကစားသမားများ မဟုတ်ခဲ့ကြသော်လည်း မြူးနစ် မြို့တွင် ကစား ခဲ့သည့် ချန်ပီယံ
လိဂ် ဖိုင်နယ် ပွဲစဉ်တွင် ၀င်ရောက် ကစားခွင့် ရရှိခဲ့ကြ သူများ ဖြစ်သည်။
အသက် ၂၆ နှစ် အရွယ်ရှိ
အိုင်ဗရီကို့စ် ကစားသမား ကာလူးမှာ ၂၀၀၆ ခုနှစ်က ဖီရင်နု အသင်းမှ ချယ်ဆီး
အသင်း ထံသို့ မော်ရင်ဟို၏ ခေါ်ဆောင် မှုဖြင့် ရောက်ရှိ လာခဲ့ သူဖြစ်ပြီး
မော်ရင်ဟို ချယ်ဆီး အသင်းမှ ထွက်ခွာ ခဲ့ပြီးနောက် ကာလူးမှာ ချယ်ဆီး
အသင်းနှင့် အချိန် အများစုကို အရန် ခုံတွင် ထိုင်နေရင် ဖြင့်သာ
အချိန်ဖြုန်း ခဲ့ရပြီး ပွဲထွက် ခွင့် နည်းပါး ခဲ့သူလည်း ဖြစ်သည်။
ထို့ပြင် အသက် ၂၉ နှစ်
အရွယ်ရှိ ပေါ်တူဂီ နောက်တန်း ကစားသမား ဘော့စင်ဝါမှာလည်း ၂၀၀၈ ခုနှစ်က
ချယ်ဆီး အသင်းသို့ ရောက်ရှိ ခဲ့ပြီး ၊ ပြီးခဲ့သည့် ဘောလုံး ရာသီက သူ၏
ခြေစွမ်း အတွက် ပရိသတ် များ၏ ဝေဖန် ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။
အဆိုပါ ကစားသမား ၂
ဦးမှာ လက်ရှိ အချိန်တွင် ချယ်ဆီး အသင်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးရန်
တစ်နှစ်သာ ကျန်ရှိတော့သော် လည်း ချယ်ဆီး အသင်းထံမှ စာချုပ် သစ် အတွက်
ကမ်းလှမ်းမှု မရှိခဲ့ သဖြင့် ချယ်ဆီး အသင်းမှ ထွက်ခွာတော့ မည် ဟု
သတင်းများ ထွက်ပေါ် လာခဲ့သည်။ ထို့ပြင် အခြား ချယ်ဆီး အသင်း ကစား သမားများ
ဖြစ်ကြသော အက်ဆီယန် ၊မာလူဒါ ၊ ဖာရဲရား အစရှိသော ကစားသမား များမှာလည်း
ချယ်ဆီး အသင်းမှ ထွက်ခွာ ရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြ ထားခဲ့သည်။
အခြားသော သတင်း တစ်ရပ်
အရ မန်ယူ နှင့် မန်စီးတီး အသင်းတို့မှ အလို ရှိနေသည့် လိုင်လီ အသင်း
ကစားသမား ဟာဇက် အား ခေါ်ယူ လိုသော အသင်းများ စာရင်းတွင် ချယ်ဆီး အသင်းလည်း
ပါဝင် လာကြောင်း သတင်းများ ထွက်ပေါ် လာခဲ့ပြီး အဆိုပါ သတင်းကို ချယ်ဆီး
အသင်း အမှုဆောင် အရာရှိချုပ် ရွန်ဂူလေးမှ ငြင်းဆန် သွား ခဲ့ခြင်း မရှိပေ။
ရွန်ဂူလေး က
“ကျွန်တော်တို့ အသင်းမှာ နောက်နှစ် ရာသီမှာ အပြောင်း အလဲ တွေ
လုပ်သွားမှာပါ။ လက်ရှိ အချိန်မှာလည်း အသင်းက ၀ယ်ယူ လိုတဲ့ ကစားသမား စာရင်း
အများကြီး ရှိနေ ပါတယ်။ အဲ့ဒီ စာရင်းထဲမှာ ဟာဇက် ပါတယ် မပါဘူး ဆိုတာ အခု
အချိန်မှာ မပြောလိုသေး ပါဘူး။ သူ့ကို ရရှိဖို့ ချယ်ဆီး အသင်းက ကမ်းလှမ်း
မှုမျိုးတွေ လုပ်လာ နိုင်ပါ တယ်” ဟု ဟာဇက် နှင့် ပတ်သက်၍ ပြောကြား
သွားခဲ့သည်။
0 comments:
Post a Comment