This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, 30 May 2012

ချယ်လ်ဆီးနည်းပြ တာဝန်မယူမီ မိုဗစ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောချင်သည် ဆိုသည့် ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာ..

ချယ်လ်ဆီးနည်းပြ  တာဝန်မယူမီ မိုဗစ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောချင်သည် ဆိုသည့်  ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာ..
ချယ်လ်ဆီးနည်းပြ တာဝန်မယူမီ မိုဗစ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောချင်သည် ဆိုသည့် ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာ..
ဘာစီလိုနာအသင်း၏ နည်းပြဟောင်း ပက်ပ်ဂွါဒီယိုလာက ချယ်လ်ဆီးအသင်း နည်းပြတာဝန်ယူရေး မယူရေး မဆုံးဖြတ်မီ ချယ်လ်ဆီးအသင်းပိုင်ရှင် မိုဗစ်နှင့် မျက်နှာချင်းဆိုင် တွေ့ချင်သည်ဟု ပြောကြောင်း ဆန်းသတင်းစာက ဖေါ်ပြသည်။

ဟာဇက်နှင့် ချယ်ဆီးတို့ ချုပ်သော စာချုပ်တန်ကြေးမှာ ပေါင်သန်း ၈၀ မျှရှိနေ

ဟာဇက်နှင့် ချယ်ဆီးတို့ ချုပ်သော စာချုပ်တန်ကြေးမှာ ပေါင်သန်း ၈၀ မျှရှိနေ
ဟာဇက်နှင့် ချယ်ဆီးတို့ ချုပ်သော စာချုပ်တန်ကြေးမှာ ပေါင်သန်း ၈၀ မျှရှိနေ
လိုင်လီစတား အေဒင်ဟာဇက်အတွက် ပေါင်သန်း ၈၀မျှ ရှိသည့် စာချုပ်တစ်ရပ်ကို ချယ်ဆီးအသင်းသည် ချုပ်ဆိုလိုက်ပြီဖြစ်သည်။

တယ်လီဂရပ်ဖ်၏ အဆိုအရ လိုင်လီကို ပေါင် ၃၅.၃သန်း သို့မဟုတ် ယူရို သန်း၄၀ ပေးရမည်ဖြစ်ပြီး ဟာဇက်အတွက် လစာအဖြစ် အခွန်ခမပါ တစ်နှစ်စာ ပေါင် ၄.၆သန်း ပေးရမည်ဖြစ်သည်။ ထို့ကြောင့် တစ်နှစ်စာအတွက် ကစားသမား

ချယ်ဆီးကို ရွေးချယ်လိုက်တဲ့ ဟာဇက်နှင့် ပတ်သက်ပြီး သူတို့တွေ ဘာပြောကြလဲ?


ချယ်ဆီးကို ရွေးချယ်လိုက်တဲ့ ဟာဇက်နှင့် ပတ်သက်ပြီး သူတို့တွေ ဘာပြောကြလဲ?
ချယ်ဆီးကို ရွေးချယ်လိုက်တဲ့ ဟာဇက်နှင့် ပတ်သက်ပြီး သူတို့တွေ ဘာပြောကြလဲ?
မန်ချက်စတာမြို့ခံပြိုင်ဘက် နှစ်သင်းကို ငြင်းပယ်ပြီး ချန်ပီယံလိဂ်ဖလား ရရုံတင်မက လာမည့်ရာသီရဲ့ ဥရောပချန်ပီယံသရဖူကိုပါ ပြန်လည် ကာကွယ်နိုင်တော့မည့် ချယ်ဆီးအသင်းကို ဘယ်လ်ဂျီယံသား အေဒင်ဟာဇက်သည် ရွေးချယ်ကာ အပြာရောင် ၀တ်စုံကို ၀တ်ဆင်တော့မှာ ဖြစ်ပါတယ်။ အသက် ၂၀ ၀န်းကျင်သာ ရှိသေးတဲ့ ဟာဇက်ဟာ အာမခံချက်အပြည့်နဲ့ ပွဲထွက်ကစားရဖို့ အလိုရှိခဲ့တာပါ။ သူ့ရဲ့ ကိုယ်ပိုင် ကစားဟန်နဲ့ တစ်ပတ်လစာ ပေါင် ၂သိန်းနီးပါးကိုလည်း ရရှိသွားပါပြီ။ ကြားရတဲ့ အသံတွေကတော့ အဲဒီ လိုင်လီစတား အေဒင်ဟာဇက်ဟာ သူရဲ့ တန်ဖိုးထက်ကို ပိုမိုပြိး အလုပ်များတော့မှာလို့

Monday, 28 May 2012

ချန်ပီယံလိဂ်ဖလား ရရှိပြီးနောက် အသင်း၏ အဓိက ကစားသမားများကို ထိန်းသိမ်းနေသော ချယ်လ်ဆီး.. ၂၀၁၆ ခုနှစ် အထိ ချယ်လ်ဆီးအသင်းနှင့် စာချူပ်သက်တမ်း တိုးမြှင့်လိုက်သည့် ပီတာချက်..



ချန်ပီယံလိဂ်ဖလား ရရှိပြီးနောက် အသင်း၏ အဓိက  ကစားသမားများကို ထိန်းသိမ်းနေသော ချယ်လ်ဆီး..  ၂၀၁၆ ခုနှစ်  အထိ ချယ်လ်ဆီးအသင်းနှင့် စာချူပ်သက်တမ်း တိုးမြှင့်လိုက်သည့်  ပီတာချက်..
ချယ်လ်ဆီးအသင်း၏ အဓိက ဂိုးသမား ပီတာချက်သည် ၂၀၁၆ ခုနစ်အထိ သက်တမ်းရှိသော စာချူပ်တစ်ရပ်တွင် လက်မှတ်ရေးထိုးလိုက်ခြင်းအားဖြင့် နောက်ထပ် လေးနှစ်သက်တမ်း တိုးလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

မန်ချက်စတာအသင်းတွေကို ပယ်ပြီး ဟာဇက် ချယ်ဆီးကို ရွေးလိုက်ပြီ



မန်ချက်စတာအသင်းတွေကို ပယ်ပြီး ဟာဇက် ချယ်ဆီးကို ရွေးလိုက်ပြီ
ပေါင် ၃၂သန်းတန် လိုင်လီတိုက်စစ်မှူး ဟာဇက်သည် ယနေ့ညနေပိုင်း တွင် စတန်းဖိုဒ့်ဘရစ်နှင့် ပူးပေါင်းဖို့ လက်မှတ်ရေးတော့မည်ဟု သိရသည်။

မန်ချက်စတာ မြို့ခံပြိုင်ဘက်အသင်းများ ဖြစ်သည့် မန်ယူနှင့် မန်စီးတီးအသင်းများကို ကျော်ကာ ချယ်ီးကို ရွေးချယ်လိုက်ခြင်း ဖြစ်ပြီး သတင်းလေးပတ်ခန့် ကြာညောင်းနေခဲ့သည့် ဟာဇက် အပြောင်းအရွေ့ ဇာတ်လမ်းမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်ဟု ဂိုးလ်ဒေါ့ကွန်းတွင် ဖော်ပြသွားခဲ့သည်။

"စာချုပ်ကိစ္စ ပြီးသွားခဲ့ပါပြီ။ ဟာဇက်ဟာ သူရဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့ပါပြီ သူဟာ လာမည့် ရာသီသစ်မှာ ချယ်ဆီးအတွက် ကစားပေးတော့မှာပါ။"
ဟု Goal.com ၏ သတင်း အရင်းအမြစ် တစ်ခုမှ ကောက်နုတ်ချက်တွင် ပါရှိသွားခဲ့သည်။

တွဒ်တာတွင်လည်း "မင်္ဂလာရှိတဲ့ ညနေခင်းပါ ခင်ဗျာ၊ ကျွန်တော့်ရဲ့ စိတ်အာရုံကို လန်းဆန်းစေလိုက်ပါပြီ နောက်မှ တွေ့ကြတာပေါ့ "ဟု ဟာဇက်ကိုယ်တိုင်ေ၇းသားသွားခဲ့သည်။

ဟာဇက်ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ဖလားရရှိသွားခဲ့သည့် ချယ်ဆီးအသင်းကို စိတ်ယိုင်နေကြောင်းကို ပြီးခဲ့သည့် ရက်အနည်းငယ်တုန်းက ချယ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားရပြီး နောက်နေ့တွင် ဟာဇက်ကိုယ်တိုင် စကားတချို့ကို ဖွင့်ဟ သွားခဲ့သေးသည်။

"ချယ်ဆီးဟာ ကျွန်တော့်ကို အခုဆိုရင် စိတ်ဝင်စားနေပါပြီ၊ သူတို့ဟာ ချန်ပီယံလိဂ်ဖလားကို ရသွားခဲ့ပါတယ် လာမည့်ရာသီသစ်မှာလည်း အဲဒီပြိုင်ပွဲကြီးမှာ သူတို့ ရှိနေအုံးတော့မှာပါ။ ဒီပြိုင်ပွဲကြီးမှာ ကစားရဖို့ ကျွန်တော့်အတွက် အရေးကြီးဆုံးပါဘဲ။ ချယ်ဆီးဟာ တကယ့်ကစားသမားကောင်း တချို့နဲ့အတူ ရှိနေတဲ့ အသင်းကြီး တစ်သင်းပါ။ ဖြစ်နိုင်တာကတော့ ပြောမနေပါနဲ့တော့"ဟု ပြောသွားခဲ့သည်။

ယူနိုက်တက်နှင့် စီးတီးတို့သည် အချိန်အတော်ကြာကတည်းက ဟာဇက်အတွက် နှစ်ကောင်တည်းပြေးတဲ့ မြင်းပြိုင်ပွဲ ဖြစ်ခဲ့သော်လည်း အေးဂျင့်ဖြစ်သူ အလိုရှိနေသည့် ပေါင် ၅သန်းတောင်းဆိုမှုကြောင့် နောက်ကျသွားခဲ့ရဖွယ် ရှိနေသည်။

အဆိုပါ အပြောင်းအရွေ့ဈေးကွက်ထဲသို့ ချယ်ဆီးသည် ရုတ်တရက် ခုန်ဝင်လာခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ အီဗရာမိုဗစ်၏ ရာသီသစ်အတွက် အသင်းဖွဲ့စည်းပုံ အပြောင်းအလဲ လုပ်ဖို့ ငွေကြေးမှာလည်း အလုံအလောက် ရှိနေသည်ကလည်း တပန်းသာသွားဖွယ် ရှိနေသည်။

ဟာဇက်သည် လိုင်လီအတွက် ဂိုးပေါင်း ၂၀ သွင်းယူခဲ့ပြီး အခြားသူများ ဂိုးရအောင်လည်း ၂၂လုံးအထိ ကူညီပေးခဲ့သည်။

Friday, 25 May 2012

ဥရောပ ဖလားတွင် စပိန် အသင်းနှင့် အတူ ၀င်ကစားခွင့် မရနိုင် တော့ဟုပင် တွေးမိဖူးကြောင်း တောရက်စ် ၀န်ခံ

ဥရောပ ဖလား ပြိုင်ပွဲဝင် စပိန် လက်ရွေးစင် အသင်းအတွက် မိမိ ကိုယ်စားပြုခွင့် မရနိုင်တော့ဟုပင် တွေးတောကာ စိတ်အား ငယ်ခဲ့မိကြောင်း ဖာနန်ဒို တောရက်စ်က ဖွင့်ဟ ၀န်ခံခဲ့သည်။

တောရက်စ်သည် ချယ်လ်ဆီး အသင်းတွင် ယခုရာသီ ကာလရှည်ကြာ ဂိုးပေါက်ပျောက်ကာ ယုံကြည်မှု ကျဆင်း နေခဲ့သည့်နောက် စပိန် လက်ရွေးစင် အသင်းက ၎င်းကို ချန်လှပ် ထားခဲ့ဖူးသည်။ စပိန်နည်းပြ ဒဲလ်ဘော့စကေး ကိုယ်တိုင်က တောရက်စ် အနေဖြင့် ဥရောပ ဖလား လူစာရင်းတွင် သေချာပေါက် နေရာတစ်ခု ရရှိမည် မဟုတ်ဟု ပြောဆို ထားခဲ့ဖူးသော်လည်း ယခု အခါတွင် အသက်(၂၈)နှစ်ရှိ ကစားသမားသည် ယခုအခါ ပိုလန်နှင့် ယူကရိန်းတွင် ကျင်းပမည့် ပြိုင်ပွဲကြီးသို့ လိုက်ပါခွင့် ရရှိတော့မည် ဖြစ်သည်။


တောရက်စ်သည် ဖေဖော်ဝါရီလက စပိန်အသင်း ဗင်နီဇွဲလားနှင့် ခြေစမ်းပွဲ ကစားစဉ် လူစာရင်းမှ ချန်လှပ် ခံခဲ့ရသည်။ လက်ရှိ စပိန် အသင်းတွင် ဒေးဗစ်ဗီလာ မပါဝင်နိုင်ခြင်းကြောင့် တောရက်စ်သည်

ယူရို၂၀၁၂ ပြိုင်ပွဲကို ပရိသတ်တွေ ဘာကြောင့် စိတ်ဝင်စားကြသလဲ

(၂၀၁၂)ခုနှစ်၊ ဥရောပ ဖလား ဘောလုံး ပြိုင်ပွဲကြီး စတင်ဖို့ တစ်စထက် တစ်စ နီးကပ် လာနေပြီ ဖြစ်ပါတယ်။ ဥရောပ နိုင်ငံ အသီးသီးက အမှတ်ပေး ပွဲစဉ်တွေ ပြီးဆုံး သွားပေမယ့် ထိပ်တန်း ဘောလုံး သမားတွေဟာ မိခင်နိုင်ငံ အသင်းတွေကို ကိုယ်စားပြုပြီး ဥရောပ ဖလားမှာ ၀င်နွှဲဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဘောလုံး ပရိသတ်တွေကလည်း ဥရောပရဲ့ အခမ်းနား၊ အကြီးကျယ်ဆုံး ဘောလုံး ပြိုင်ပွဲကြီးမှာ အူလှိုက်သည်းလှိုက် အားပေးဖို့ တက်ကြွ နေကြပြီလို့ ဆိုနိုင်ပါတယ်။ ပိုလန်နဲ့ ယူကရိန်းတို့မှာ ပူးတွဲကျင်းပမယ့် ပြိုင်ပွဲကြီးကို ပရိသတ်တွေ စိတ်ဝင်စားမှု အရှိန်အဟုန် မြင့်သည်ထက် မြင့်တက် လာစေတဲ့ အကြောင်းတရား (၁၅)ခုကို Four Four Two မဂ္ဂဇင်းက ခုလိုမျိုး အစထုတ် ဖော်ပြလိုက်ပါတယ်။

၁။ ဘယ်သူမဆို ဗိုလ်စွဲနိုင်တယ်
ဥရောပ ဖလား ဘောလုံး ပြိုင်ပွဲတိုင်းရဲ့ အဓိက ၀ိညာဉ် တစ်ခုက ပြိုင်ဆိုင်မှု ပြင်းထန် လွန်းတာပဲ ဖြစ်ပါတယ်။ (၁၆)သင်းသာ ကစားခွင့် ရတဲ့ ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲ အဆင့်ဆင့်ကို ဖြတ်သန်း လာတဲ့နောက် လက်ကျန် အသင်း အားလုံးဟာ သူ့အစွယ်နဲ့ သူချည်းပါပဲ။ ဒါကြောင့် ဥရောပ ဖလား ပြိုင်ပွဲမှာ ဘယ်အသင်း မဆို ဗိုလ်စွဲနိုင်တယ်လို့ ဆိုရင် မလွန်ပါဘူး။ (၂၀၀၄)ခုနှစ်က ဂရိအသင်းဆိုတာ အုပ်စုမှာတောင် အိမ်ဖြည့် အဆင့်လောက် သတ်မှတ် ခံရပေမယ့် ဥရောပ ချန်ပီယံ ဖြစ်ခွင့် ရခဲ့တယ်။ (၁၉၉၂)ခုနှစ်က ချန်ပီယံ ဒိန်းမတ်နဲ့ (၁၉၇၆)ခုနှစ် ချန်ပီယံ ချက်တို့ဟာလည်း ပြိုင်ပွဲမှာ လုံးဝ ရေပန်း မစားတဲ့ အသင်းတွေပါ။ ဥရောပ ဖလားဟာ (၁၃)ကြိမ်မှာ ချန်ပီယံ (၉)သင်း ထွက်ပေါ်စေခဲ့တယ်။ စပိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့သာ (၁)ကြိမ်ထက် ပိုပြီး ဗိုလ်စွဲ ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီနှစ် ပြိုင်ပွဲမှာလည်း ဒဿမမြောက် ချန်ပီယံ အသင်းသစ် တစ်ခုခု ထွက်ပေါ် လာရင်လည်း အံ့ဩစရာ မရှိပါဘူး။


၂။ ဆလာဗက်နဲ့ ဆလက်ဗ်ကို

ပုံမှန်အားဖြင့် ကမ္ဘာပေါ်မှာ အခမ်းနားဆုံး ဘောလုံးပြိုင်ပွဲကြီးတွေ ကျင်းပတဲ့အခါ လာဘ်ကောင် အရုပ်လေးတွေ တီထွင်လေ့ ရှိကြပါတယ်။ (၂၀၁၂)ခုနှစ်၊ ဥရောပ ဖလားအတွက် လာဘ်ကောင်လေးတွေကတော့ ဆလာဗက်နဲ့ ဆလက်ဗ်ကိုတို့ပါ။ ယူကရိန်းနဲ့ ပိုလန်တို့ကို ကိုယ်စားပြုတဲ့ အရုပ်လေးတွေဟာ တရားဝင် အတည်ပြု ရွေးချယ်ခဲ့စဉ် ကတည်းက ပရိသတ်တွေရဲ့ နှစ်သက်မှုကို ခံယူနိုင်ခဲ့ပါတယ်။ ဆလာဗက်က ပိုလန်ကို ကိုယ်စားပြုတယ်။ နောက်ပြီး ဆလက်ဗ်ကိုက ယူကရိန်း အတွက်ပေါ့။ ဒီအရုပ်လေးတွေကလည်း (၂၀၁၂)ခုနှစ်၊ ဥရောပ ဖလားရဲ့ လှပခမ်းနားတဲ့ ဖမ်းစားမှုလေးတွေ ဖြစ်နေမှာပါ။

၃။ FIFA စွက်ဖက်လို့ မရတဲ့ပွဲ
ဥရောပ ဖလား ပြိုင်ပွဲတွေရဲ့ ရပ်တည်မှုဟာ ထူးခြားပါတယ်။ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ကပဲ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း အားလုံးကို ကိုင်တွယ် ဆုံးဖြတ်တယ်။ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA)က ဒီပြိုင်ပွဲမှာ ဘာမှ ဩဇာပေး စွက်ဖက်လို့ မရပါဘူး။ နေရာတကာ ဩဇာ ပေးချင်တဲ့ FIFA ဥက္ကဋ္ဌကြီး ဆပ်ဘလတ္တာ အနေနဲ့ ကမ္ဘာ အရပ်ရပ်က ဘောလုံး ပရိသတ်တွေ အားလုံးကို ဆွဲဆောင် ဖမ်းစားနိုင်တဲ့ ပြိုင်ပွဲကြီး တစ်ခုမှာ သူ့ရဲ့ အရှိန်အ၀ါ သက်ရောက်ခွင့် မရတဲ့အပေါ် အံတကြိတ်ကြိတ် ဖြစ်နေပါမယ်။ UEFAဟာ အခြေခံအရ FIFAထက် ရပ်တည်ချက် ပိုပြတ်သားတတ်သလို အဓိပ္ပါယ် ရှိတဲ့ ရွေးချယ်မှုတွေ လုပ်ပြခဲ့ပါတယ်။ (၂၀၁၂)ခုနှစ် ပြိုင်ပွဲကတော့ အသင်းအရေအတွက် ကျစ်ကျစ်လစ်လစ်နဲ့ ရင်ခုန်စရာ ကောင်းနေမှာပါ။ (၂၀၁၆)ခုနှစ် ပြိုင်ပွဲမှာ အသင်း အရေအတွက် (၂၄)သင်းထိ တိုးလိုက်တာကတော့ UEFA ရဲ့ ခြေလှမ်း မှန်မမှန် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

၎။ လူကြိုက်များနိုင်တဲ့ ဘောလုံး
ကမ္ဘာ့ဖလားနဲ့ ဥရောပဖလားလို ပြိုင်ပွဲတွေ ကျင်းပတိုင်း ဘောလုံးနဲ့ ပတ်သက်လို့ စောဒက တက်မှုတွေကို ခဏခဏ ရင်းနှီး ခဲ့ပြီးပါပြီ။ ပေါ့လွန်းလို့၊ လေးလွန်းလို့၊ လမ်းကြောင်း ပြောင်းတတ်လွန်းလို့ စသဖြင့် မျိုးစုံ ပြောခဲ့ကြပါတယ်။ (၂၀၁၀) ကမ္ဘာ့ ဖလားတုန်းက ဂျာဘူလာနီ ဘောလုံးဟာ ပေါ့ပါးလွန်းတို့ တိုက်စစ်မှူးတွေ ကန်လိုက်တိုင်း မိုးပေါ် ထောင်နေတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်လာသေးတယ်။ ခုတော့ Adidas ဟာ ဥရောပဖလား အတွက် Tango 12ကို ဖန်တီးခဲ့ပါပြီ။ ကမ္ဘာပေါ်မှာ ထုတ်လုပ် ရောင်းချဖူးသမျှ ဘောလုံး အားလုံးမှာ Tango 12ဟာ စစ်ဆေးမှု အကြိမ် အရေအတွက် အများဆုံး ပြုလုပ်ခြင်း ခံရတယ်ဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင် ထားပါတယ်။ ဂျာမနီ အားကစားပစ္စည်း ကုမ္ပဏီကြီးဟာ Tango 12ကို စက်ရုပ်ခြေထောက်တွေနဲ့ ကန်ခိုင်းပြီး လမ်းကြောင်း အတိအကျ မရှိအောင် အကြိမ်ကြိမ် ပြုပြင် မွမ်းမံခဲ့တယ်။ ဒီဘောလုံးကိုတော့ ဥရောပဖလား ပြိုင်ပွဲဝင် ကြယ်ပွင့် ကစားသမားတွေ အကြိုက်တွေ့မယ်လို့ ယူဆရပါတယ်။

၅။ နိုင်ငံရေးနဲ့လည်း နည်းနည်းနွယ်တယ်
နိုင်ငံရေးနဲ့ နွယ်တယ် ဆိုတာက ကမ္ဘာ့သမိုင်း တစ်လျှောက်လုံး နိုင်ငံရေး အားပြိုင်မှုတွေ ရှိဖူးတဲ့ ပြိုင်ဘက်တွေပါ တွေ့ဆုံနေတာကို ဆိုလိုတာပါ။ ပရိသတ်တွေ အနေနဲ့ ဘောလုံးပွဲရဲ့ အနိုင်အရှုံးကို မူတည်ပြီး အားပေးဖို့ အဓိက ထားမယ် ဆိုဦးတော့၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက် ဆက်နွယ်နေတဲ့ နိုင်ငံရေး အမြင်တချို့ကလည်း သူတို့စိတ်ထဲမှာ ရှိနေနိုင်တာပဲ မဟုတ်လား။ ပြင်သစ်နဲ့ အင်္ဂလန်တို့ဟာ ဥရောပ ယူနီယံ ထိပ်သီး တွေ့ဆုံဆွေးနွေးပွဲမှာ မပြေလည်မှု နည်းနည်း ရှိခဲ့တယ်။ ကွန်မြူနစ် နိုင်ငံတွေ အနေနဲ့ ရပ်တည်ခဲ့ဖူးတဲ့ ရုရှားနဲ့ ပိုလန်တို့ရဲ့ ရင်ဆိုင်မှုကလည်း စိတ်ဝင်စားစရာပါ။ ပြီးတော့ အိမ်ရှင် ယူကရိန်းမှာ ထောင်ဒဏ် ကျခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှန်ကို ဥရောပဖလား မတိုင်ခင် ပြန်မလွတ်လာရင် ဥရောပ ယူနီယံက ပြိုင်ပွဲအပေါ် သပိတ်မှောက်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းတချို့ ထွက်ပေါ်နေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ပွဲစဉ်တိုင်းမှာတော့ တစ်ဖက်မှာ (၁၁)ယောက်စီ ပါဝင်တဲ့ တပ်မတော်နှစ်ခု ရင်ဆိုင်စစ်ပြုရင်း အနိုင်ရလဒ်ကို ရှာဖွေကြမှာပါပဲ။ အားကစားရဲ့ အမြုတေ၊ အနှစ်သာရမှာတော့ နိုင်ငံရေး လွှမ်းမိုးမှု ကင်းစင်နေပါလိမ့်မယ်။

၆။ အချိန်ကောင်းမှာ ကစားမယ်

ဒီအချက်ကို Four Four Twoက ထည့်သွင်းတွက်ချက် ထားပေမယ့် အာရှတိုက်က ပရိသတ်တွေနဲ့တော့ တိုက်ရိုက် မပတ်သက်ပါဘူး။ ဥရောပမှာတော့ ပွဲကြည့်လို့ ကောင်းတဲ့ အချိန်မျိုးမှာ ကစားကြမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို အာဖရိကတိုက်မှာ ကျင်းပတုန်းက ဥရောပက ဘောလုံး ၀ါသနာအိုးတွေ တော်တော် အိပ်ရေး ပျက်ခဲ့ကြတယ်။ နောက်ပြီး မနက်ပိုင်းလည်း အလုပ်နောက်ကျလို့ ပြဿနာ တော်တော် တက်ခဲ့ကြတယ်။ ယူကရိန်းနဲ့ ပိုလန်မှာ ကျင်းပမယ့် ပြိုင်ပွဲကတော့ ဗြိတိန်နဲ့ ဥရောပ တလွှားက ပရိသတ်တွေ ဘ၀င်ခွေ့မယ့် အချိန်မျိုးပေါ့။ ဒါကြောင့် ဥရောပမှာတော့ ကမ္ဘာ့ဖလားထက်တောင် စောင့်ကြည့်သူ အရေအတွက် ပိုများလာနိုင်ပါတယ်။

၇။ ဆန်းဆန်းပြားပြား ဆန္ဒပြမှုတွေ
(၂၀၁၂)ခုနှစ်၊ ဥရောပဖလား ပြိုင်ပွဲ မစတင်ခင် ယူကရိန်းမှာ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း ဆန္ဒပြမှု တချို့က ဒီပြိုင်ပွဲအပေါ် လူစိတ်ဝင်စားမှုကို မြင့်တက် လာစေပါတယ်။ ယူကရိန်းက အမျိုးသမီးတွေက ဘောလုံးပရိသတ်တွေ အုံနဲ့ကျင်းနဲ့ စီးဝင်လာတဲ့ ကာလတွေမှာ သူတို့နိုင်ငံကို လိင်ဝန်ဆောင်မှု လုပ်ငန်း ထိုးဖောက် စိမ့်ဝင်ပြီး ပေါ်ပေါ်ထင်ထင် ဖြစ်လာမှာကို မလိုလားကြပါဘူး။ ဒါကြောင့် ယူကရိန်း လှပျိုဖြူ တချို့ဟာ ဥရောပဖလားမှာ ပြည့်တန်ဆာ လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာစေချင်ကြောင်း ဆန္ဒပြကြပါတယ်။ ဆန္ဒပြပုံက တော်တော် ဆန်းပါတယ်။ မိန်းကလေးတွေဟာ အပေါ်ပိုင်း ဗလာကျင်းပြီးတော့ သူတို့ရဲ့ လိုလားချက်၊ ကန့်ကွက်ချက်တွေ ရေးထားတဲ့ စာတန်းတွေကို ကိုင်ပြကြပါတယ်။ ၀ိုင်းအုံကြည့်တဲ့ လူတွေကလည်း ကြည့်၊ ဓာတ်ပုံရိုက်တဲ့ သတင်းထောက်တွေကလည်း ရိုက်ပေါ့။ နောက်ဆုံး ရဲတွေက အမျိုးသမီးတွေကို သူတို့ဆန္ဒပြနေရာက အတင်းဖယ်ရှားခဲ့မှ ဇာတ်လမ်း ပြီးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်စဉ်တွေကြောင့် ယူကရိန်းကို အရောက်သွားဖို့ ဘောလုံးပရိသတ် အမျိုးသားတွေ ပိုတောင် တက်ကြွလာမလားလို့ တွေးချင်စရာပါပဲ။

ဆက်လက် ဖော်ပြပါမည်။
မှတ်ချက်။   ။ SM Journal Vol.1 No.31 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

ဒီမက်တီယိုရဲ့ လက်နက်နဲ့ဗျူဟာ ဘာလဲ


ချယ်လ်ဆီးကို ရုရှားသူဌေး အေဘရာမို ဗစ်ခ်ျက (၂၀၀၄)ခုနှစ်မှာ လွှဲပြောင်း ရယူပြီးနောက် ဥရောပရဲ့ အောင်မြင်တဲ့ အသင်းတစ်သင်း ဖြစ်ဖို့ တည်ဆောက်ခဲ့တယ်။အကောင်းဆုံး မန်နေဂျာတွေကို ခေါ်ယူ တာဝန် ပေးခဲ့တယ်။ ရာနီယာရီ၊ မော်ရင်ဟို၊ အေဘရမ် ဂရန့်၊ စကိုလာရီ၊ ဂုစ်ဟစ်ဒင့်၊ အန်ဆယ်လော့တီနဲ့ ဘိုအာ့စ်ဆိုတဲ့ နာမည်ကြီး မန်နေဂျာတွေဟာ အသင်းပိုင်ရှင် မိုဗစ်ခ်ျရဲ့ အာသာ ဆန္ဒပြင်းပြ နေတဲ့ ချန်ပီယံလိဂ် ဆုဖလားကို ချယ်လ်ဆီး အသင်းနဲ့ အတူ ရယူပေးဖို့ ကြိုးပမ်းနိုင်ခြင်း မရှိခဲ့ကြပါဘူး။ ခုတော့ မန်နေဂျာ အဆက်ဆက် ပျက်ကွက်ခဲ့တဲ့ တာဝန်ကို ယာယီနည်းပြ ရောဘတ်တို ဒီမက်တီယိုက

နှစ်ပေါင်း (၂၀)ကြာ ပရီးမီးယား လိဂ်ရဲ့ အတောက် ပဆုံး ကစား သမား (၁၀)ယောက်

                        အင်္ဂလန် အမှတ်ပေး ပြိုင်ပွဲတွေကို ပထမတန်း ဆိုတဲ့ နာမည်ကနေ ပရီးမီးယားလိဂ် ဆိုပြီး ပြောင်းလဲ သတ်မှတ် ကျင်းပ ခဲ့တာ နှစ်ပေါင်း(၂၀) ပြည့် ပါတော့မယ်။ ဖြတ်သန်း ခဲ့တဲ့ အဲဒီ နှစ်အပိုင်း အခြားတွေမှာ အင်္ဂလန် ဘောလုံးလောက ဟာ ဥရောပ အဆင့် မှာရော၊ ကမ္ဘာ့ အဆင့် မှာပါ တိုးတက် ဖြစ်ထွန်း လာတယ် ဆိုတာ လက်တွေ့ မြင်သာ ပါတယ်။ နှစ်(၂၀)ဆိုတဲ့ ရှည်လျား လှတဲ့ အချိန် ကာလတွေ အတော အတွင်းမှာ ကစား သမားကောင်းတွေ အမြောက် အမြား ပေါ်ထွက် ခဲ့သလို ပြော စမှတ် ပြုလောက် စရာ ဖြစ်ရပ်တွေ လည်း အစုံအလင် ပေါ်ပေါက် ခဲ့ပါတယ်။

ချယ်ဆီး အသင်းမှာ ဆက်နေသွားဖို့ ဆုံးဖြတ် ခဲ့တဲ့ တောရက်စ်

  ချယ်ဆီး အသင်း၏ စပိန် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ် သည် ချယ်ဆီး အသင်းမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး နောက်တွင် ချယ်ဆီး အသင်း တွက် ဆက်လက် ကစား သွားရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့သည်။
တောရက်စ် သည် ၂၀၁၀ ခုနှစ် ဆောင်း ရာသီ အပြောင်း အရွေ့က မှ လီဗာပူး အသင်းထံမှ ချယ်ဆီး အသင်းထံ သို့ ပေါင် သန်း ၅၀ ဖြင့် ပြောင်းရွေ့ လာခဲ့သူ ဖြစ်ပြီး ၊ ပြီးခဲ့သည့် ဘောလုံး ရာသီက ချယ်ဆီး အသင်း တွင် ပွဲထွက် ကစားခွင့် များများ မရရှိ ခဲ့ပေ။ ထို့ပြင် တောရက်စ် သည် မြူးနစ် မြို့တွင် ကစား ခဲ့သည့် ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ်တွင် ဒီမက်တီယို ၏ ချယ်ဆီး အသင်း ပွဲထွက် လူစာရင်း တွင် မပါဝင်ခဲ့ပဲ လူစားဝင် ကစား သမား အဖြစ်သာ ကစား ခဲ့ရသလို ၊ အဆုံး အဖြတ် ပင်နယ်တီ ကန်သွင်းမှု စာရင်းတွင်လည်း တောရက်စ် မပါ ၀င်ခဲ့သဖြင့် မပျော် မရွင် ဖြစ်မိကြောင်း အင်တာဗျူး တစ်ခုတွင် ထုတ်ဖော် ပြောကြား ခဲ့သူလည်း ဖြစ်သည်။

လူးကပ်စ်ကို ချယ်လ်ဆီးအသင်း ရရန်နီးစပ်‌နေ


ဘရာဇီးလ်‌ဆော်‌ပေါ်လိုကလပ် ဥက္ကဌ Juvenal Juvencio က ဥ‌ရောပအသင်းကြီးများပစ်မှတ် လူးကပ်စ် ‌မော်ရာ ကိုရရှိရန်
ချယ်လ်ဆီးအသင်းသာအနီးစပ်ဆုံးဖြစ်‌ကြောင်း ‌ပြောကြားလိုက်‌ကြောင်း SkySports က‌ဖော်ပြခဲ့သည်။ အသက်(၁၉)နှစ်
အရွယ်သာရှိ‌သေးသည့် လူးကပ်စ်အား မန်ယူအသင်းကစိတ်ဝင်‌စား‌နေသကဲ့သို့ ရီးရဲမဒရစ်၊ အင်တာမီလန်အသင်းကြီး

ချယ်လ်ဆီး ချန်ပီယံလိဂ်ရလာဒ်‌ကြောင့် ထိပ်သီး(၃)သင်း ၀င်‌ငွေ ‌ပေါင်သန်းချီ‌ ‌လျော့နည်းမည်


ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့၍ လာမည့်နှစ်အတွက် ‌ခြေစစ်ပွဲဝင်ကစားရန် မလိုအပ်‌ပဲ တိုက်ရိုက်ဝင်ခွင့်
ရ‌‌သော‌ကြောင့် ပရီးမီးယားလိဂ်မှ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသည့်အသင်းများဖြစ်သည့် မန်စီးတီး၊ မန်ယူ၊ အာဆင်နယ်
အသင်းများသည် UEFA မှ ယခုနှစ်ရုပ်သံဝင်‌ငွေမှရရှိသည့် ‌ငွေ‌ကြေးများ ခွဲတ‌မ်းချရာတွင် ‌ပေါင်သန်းချီ‌လျော့နည်း
သွား‌မည်ဖြစ်‌ကြောင်းသိရှိရသည်။
ပုံမှန်အတိုင်းဆိုပါက UEFA သည် ပရီးမီးယားလိဂ် ‌ခြေစစ်ပွဲ‌အောင်(၄)သင်းအတွက် ရုပ်သံဝင်‌ငွေကို အချိုးကျ

“ကျ‌နော် အသင်းမှာ ‌လုပ်စရာ‌တွေအများကြီး ရှိ‌ပါ‌သေးတယ်” ‌တောရက်စ်


တိုက်စစ်မှူး‌တောရက်စ်နှင့် အသင်းသတင်း‌ထောက်တို့(၂၄-၅-၂၀၁၂)ရက်‌နေ့က အင်တာဗျူး‌ပြောကြားများကို
‌ကောက်နှုတ်တင်ပြလိုက်ပါတယ်..
‌မေး – FA Cup နဲ့ ချန်ပီယံလိဂ်မှာ တိုက်စစ်၊ ခံစစ် အသင်းရဲ့ မတူညီတဲ့ကစားပုံနှစ်မျိုးကို ‌တွေ့ခဲ့ရတယ်၊ ဘယ်ဟာက
အသင်းရဲ့ အဓိက ကစားဟန်လို့ထင်လဲ?

‌ဖြေ – ဒီလိုမျိုးမတူညီတဲ့ ကစားဟန်(၂)မျိုးက အမြဲတမ် ပြိုင်‌နေရတာပါ၊ ကျ‌နော်တို့ပြိုင်ဘက်အသင်းရဲ့ အားသာချက်ကို

ဒီဒီရာ ဒရော့ဘာ၏ နှုတ်ဆက်စကား :


၈ရာသီ ကြာပြီးနောက်မှာတော့ ချန်ပီယံလိဂ်အောင်မြင်မှုနှင့်အတူ ကြီးမားတဲ့ ၀မ်းနည်းမှုနဲ့တကွ အသင်းက စွန့်ခွာရပါတော့မယ်။ အရမ်းကောင်းတဲ့ ပုံပြင်တောင်မှ နောက်ဆုံးမှာတော့ အဆုံးသတ်ရပါတယ်။ ကျွှန်တော့်ရဲ့ စာချူပ်က ကုန်သွားပါပြီ။ Blues ကနေ ထွက်ခွာဖို့ ပြင်ဆင်ရပါတော့မယ်။ ဒါဟာ တကယ်ကို ၀မ်းနည်းစရာ အလွန်ကောင်းပြီး ချယ်လ်ဆီးကထွက်ခွာတော့မယ်ဆိုတာ ကြေငြာချင်ပါတယ်။

နှစ်ရှည် စာချုပ်သက်တမ်းဖြင့် မကမ်းလှမ်း ခဲ့ပါက ချဲလ်ဆီး ကို ဒီမက်တီရို စွန့်ခွာဖွယ် ရှိနေ

ချဲလ်ဆီး အသင်းကို ချန်ပီယံလိဂ် ဖလား ရယူပေး ထားသော အီတလီ သား ရော်ဘတ်တို ဒီမက်တီရို သည် ချဲလ်ဆီး အသင်းမှ အမြဲတမ်း မန်နေဂျာ ရာထူး အဖြစ် သက်တမ်း ရှည် စာချုပ် ဖြင့် ကမ်းလှမ်းမှု မလုပ် ခဲ့ပါက စတန်းဖို့ဒ် ဘရစ်ခ်ျ မှ ထွက်ခွာဖွယ် ရှိသည်ဟု TheSun မှ ဖော်ပြ ခဲ့သည်။
ယခင် ထွက်ပေါ် လာသော သတင်း များ အရ ချဲလ်ဆီး အသင်း ပိုင်ရှင် အေဗရာမိုဗစ်ခ်ျ သည် ဒီမက်တီရို အား ၁၂ လ သက်တမ်း သာ ရှိသော စာချုပ် သက်တမ်း ကိုသာ ကမ်းလှမ်း သွား မည် ဖြစ်သည် ဟု သိရပြီး လာမည့် ဘောလုံး ရာသီ အပြီးတွင် မှ ဆက်လက် ဆွေးနွေး သွားမည် ဟု ဆိုသည်။ သို့သော်လည်း ဒီမက်တီရို သည် ချဲလ်ဆီး အသင်းတွင် လိုအပ်သည် ထက် ပိုမို စွမ်းဆောင် ထားနိုင် ပြီဟု ယုံကြည်နေရာ နောက်ထပ် တစ်နှစ် စမ်းသပ် မည့် တစ်နှစ်သက်တမ်း ကမ်းလှမ်း မှုကို လုံလောက်မှု မရှိဟု ယူဆနေ သည်။

ချယ်ဆီး အသင်း ကစား သမားများ ဖြစ်ကြသော နောက်ခံလူ ဘော့စင်ဝါ နှင့် တိုက်စစ်မှူး ကာလူး တို့မှာ နောက်နှစ် ဘောလုံး ရာသီတွင် ချယ်ဆီး အသင်းတွင် ဆက်ရှိ ရန် မသေချာပဲ အသင်းမှ ထွက်ခွာ သွားရဖွယ် ရှိနေကြောင်း သိရသည်။
အဆိုပါ ကစားသမား နှစ်ဦးသည် ပြီးခဲ့သည့် ဘောလုံး ရာသီက ချယ်ဆီး အသင်း၏ ဦးစားပေး ကစားသမားများ မဟုတ်ခဲ့ကြသော်လည်း မြူးနစ် မြို့တွင် ကစား ခဲ့သည့် ချန်ပီယံ လိဂ် ဖိုင်နယ် ပွဲစဉ်တွင် ၀င်ရောက် ကစားခွင့် ရရှိခဲ့ကြ သူများ ဖြစ်သည်။
အသက် ၂၆ နှစ် အရွယ်ရှိ အိုင်ဗရီကို့စ် ကစားသမား ကာလူးမှာ ၂၀၀၆ ခုနှစ်က ဖီရင်နု အသင်းမှ ချယ်ဆီး အသင်း ထံသို့ မော်ရင်ဟို၏ ခေါ်ဆောင် မှုဖြင့် ရောက်ရှိ လာခဲ့ သူဖြစ်ပြီး မော်ရင်ဟို ချယ်ဆီး အသင်းမှ ထွက်ခွာ ခဲ့ပြီးနောက် ကာလူးမှာ ချယ်ဆီး အသင်းနှင့် အချိန် အများစုကို အရန် ခုံတွင် ထိုင်နေရင် ဖြင့်သာ အချိန်ဖြုန်း ခဲ့ရပြီး ပွဲထွက် ခွင့် နည်းပါး ခဲ့သူလည်း ဖြစ်သည်။

နူးညံ့တဲ့ အပြာရောင် ခြင်္သေ့ (သို့) လိမ္မော်ရောင် နိုင်ငံသား ဒရော့ဂ်ဘာ

ဒီဒီယာ ဒရော့ဂ်ဘာ လို့ ဆိုလိုက် ရင် လူကောင် ခပ်ထွားထွား၊ ထီ မထင်တဲ့ မျက်နှာနဲ့ ပြိုင်ဘက် အသင်းတွေရဲ့ ခံစစ်ကြောင်း ကို ဒုက္ခ တစ်မျိုးမဟုတ် တစ်မျိုး ပေးတတ် တဲ့ အာဖရိက သားကြီးကို ချက်ချင်း မြင်ယောင် မိကြမှာပါ။ ရက်စက်ကြမ်းတမ်း တဲ့ ရုပ်ရည်နဲ့ ပြိုင်ဘက်တွေ ကို အညှာ အတာ မဲ့ ဂိုးတွေ တဒိုင်းဒိုင်း သွင်းပြ တတ်တဲ့ ဒရော့ဂ်ဘာမှာ နူးညံ့တဲ့ နှလုံးသား တစ်ခု ပိုင်ဆိုင် ထားတယ် ဆိုတာ ကတော့ သတိထားမိတဲ့ ပရိသတ် အနည်း အကျဉ်းလောက်ပဲ ရှိ ပါတယ်။
ဒရော့ဂ်ဘာရဲ့ အရည်အသွေး

ဖာနန်ဒို တောရက်စ်ရဲ့ ဆုတောင်း

ဘောလုံး က အနီရောင်တွေ ရဲ့ခြေထောက်ထဲ မှာပါ။သူတို့ ကွင်း သူတို့ ပရိတ်သတ်ရှေ့ မှာ ခြေနဲ့ ဘောလုံးထိ လိုက် တိုင်း၊ တိုက်စစ် ဆင်လာတိုင်း၊ ဂိုးကန်သွင်း လိုက်တိုင်း ကျယ်လောင် တဲ့ အားပေးသံတွေ က ဘဝဂ်ထံ ညံ သွားသလား ထင်ရောက်လောက်အောင် ပဲ။ ကျွန်တော် ချစ်တဲ့ အသင်း ကတော့ သူတို့ရဲ့ တိုက်စစ်အောက်မှာ အလူး အလဲပေါ့။ ကျွန်တော့် ရဲဘော် ရဲဘက်တွေ က  အားချင်း မမျှပေမယ့် အစွမ်းကုန် ကာကွယ်နေ ပါတယ်။ ကျွန်တော်လဲ သူတို့ လိုပဲ အသင်း အတွက် အစွမ်း ကုန်ပေးဆပ်ချင်လိုက်တာ ဗျာ။ ဒါပေမယ့်…. ကျွန်တော်ဟာ ကွင်းဘေး တစ်နေရာ ကနေ ဒီမြင်ကွင်း ကို စိတ်ပျက်လက်ပျက် ငေးကြည့်နေ တာပါ။ တကယ်တော့ ချယ်ဆီး အသင်းကို ရောက်လာတဲ့ အချိန် က စ ပြီး ဒီနေရာလေး ဟာ ကျွန်တော့် အတွက် သတ်မှတ် ထား သလား ထင် ရအောင် ရင်းနှီး ကျွမ်းဝင်နေ ပါပြီ။ ကျွန်တော့် အနေနဲ့ ဒီ ခံစားချက်တွေ နဲ့ အသား ကျနေတာ နှစ်နဲ့ ချီနေ ပါပြီ။ ဘာကြောင့် ဒီနေ့မှ ခါတိုင်းထက် ထူးထူးခြားခြား ပိုခံစားနေရလဲ ဆိုတာ ကိုတော့ ကိုယ့်ကိုကိုယ် ပဲ စကားလုံး မဲ့ မေးခွန်း ထုတ်နေ မိပါတယ်။
“ဂိုး” ဆိုတဲ့ အသံကြီးက မိုးခြိမ်းသံ လို ကျယ်ကျယ်လောင်လောင် နဲ့ ဟိန်းထွက်

Thursday, 24 May 2012

Chelsea FC Blue Day free mp3 downloads

Wednesday, 23 May 2012

အေဘရာမိုဗစ်၏ ပေါင်၂၄သန်း အကောင်းတကာ့အကောင်းဆုံး ခေါ်ယူမှု – ဒရော့ဘာ


ဒရော့ဘာနဲ့ ပတ်သတ်ပြီး ဘာတွေ ပြောစရာရှိသေးလဲ? မနေ့က သူထွက်ခွာမယ်လို့ အတည်ပြုပြီးနောက်ပိုင်းမှာတော့ ထွက်မယ်မထွက်ဘူး ကောလဟာလတွေဟာ စိတ်ပျက်ဖွယ်ရာ အဆုံးသတ်သွားခဲ့ပါပြီ။ ဒရော့ဘာက
ကျွှန်တော်နဲ့ပတ်သတ်လို့ သတင်းပေါင်းစုံထွက်နေတာတွေကို အဆုံးသတ်ချင်ပါပြီ။ ကျွှန်တော် အသင်းကနေ ထွက်ခွာပါတော့မယ်။ ဒါဟာ ကျွှန်တော့်အတွက် အလွန်ပင်ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး ကျွှန်တော်တို့ အောင်မြင်မှုရရှိခဲ့တာတွေကို အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် အခုအချိန်ဟာ စိန်ခေါ်မှုအသစ်ကို စတင်ရင်ဆိုင်ဖို့ အချိန်ကျရောက်လာခဲ့ပါပြီ။
အသင်းနှင့်အတူ ကျွှန်တော်တို့ အောင်မြင်ခဲ့ပြီး ခုချိန်မှာ မရခဲ့ဖူးတဲ့ ဖလားဆိုတာ မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ စနေနေ့ဟာ ကလပ်မှာရှိတဲ့ လူတိုင်းအတွက်ကော၊ ပရိတ်သတ်တွေ အတွက်ပါ အရမ်းကို ကောင်းမွန်တဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကျွှန်တော့်ရဲ့ အိမ်လိုဖြစ်နေတဲ့ ကလပ်အတွက် များပြားလှတဲ့ ဖလားတွေ ကျွှန်တော်ကစားခဲ့တဲ့ ၈နှစ်အတွင်းမှာ ရယူပေးနိုင်ခဲ့တဲ့အတွက်လဲ ဂုဏ်ယူမိပါတယ်။
ကျွှန်တော် ကလပ်မှာ ရှိတဲ့သူအားလုံး အထူးသဖြင့် ရိုမန်နှင့် အသင်းဖော်တွေကို

Tuesday, 22 May 2012

လန်ဒန်မြို့တွင်း အောင်ပွဲခံသည့် ချယ်လ်ဆီးနှင့် အခြားဗီဒီယိုများ

‌‌အောင်ပွဲခံပါတီ ဆင်နွဲခဲ့ကြသည့် ချန်ပီယံအသင်းသားအချို့


ပြီးခဲ့သည့် စ‌နေ‌နေ့တွင် ချယ်လ်ဆီးအသင်းသားအချို့သည် ‌အောင်ပွဲများအထိမ်းအမှတ် ပါတီပွဲကို လန်ဒန်မြို့ရှိ
Boujis nightclub ၌ဆင်နွဲခဲ့‌ကြောင်း သတင်းများက‌ဖော်ပြခဲ့သည်။ ထူးခြားမှုအ‌နေနှင့် ယင်းပွဲကို
နာမည်ကြီး Celebrity အဆို‌တော် Rehinna က အသင်းမှ ကစားသမား‌များဖြစ်သည့် မီရားလက်စ်၊ အက်ဆီယံ၊

ချယ်လ်ဆီးအသင်းကို ဂုဏ်ပြုလိုက်တဲ့ ဘိုအက်ရှ်


ချယ်လ်ဆီးသင်းနည်းပြ‌ဟောင်းဘိုအက်ရှ်က ၄င်း၏အသင်း‌ဟောင်း ချန်ပီယံလိဂ်၌ ဗိုလ်စွဲခဲ့သည့်
အတွက် ဂုဏ်ပြုချီးကျူးစကား‌ပြောကြားလိုက်‌သည်။ ဘိုအက်ရှ်က RTP သတင်းစာသို့
“ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတယ်ဆိုတာ အကြီးမားဆုံး ဂုဏ်ရလာဒ်ပါပဲ၊ အဲ့ဒီအတွက် နည်းပြ
ဒီမက်တီယိုနဲ့ ကစားသမား‌တွေကို ချီးကျူးဂုဏ်ပြုပါတယ်” ဟု ‌‌ပြောကြားခဲ့သည်။
အသက်(၃၄)နှစ်ရှိ ‌ပေါ်တူဂီသား ဘိုအက်ရှ်သည် မတ်လဆန်းပိုင်းက အသင်းရလာဒ်များ
ဆိုးဝါးမှု‌ကြောင့် ချယ်လ်ဆီး အသင်းမှ ထုတ်ပယ်ခံခဲ့ရပြီး ယခုအခါ အသင်းလက်မြဲ့ဖစ်‌နေသည်။
၎င်းအား လီဗာပူးအသင်းမှ ချည်းကပ်လျက်ရှိ‌ကြောင်း သတင်းများလည်း ထွက်‌ပေါ်လျက်
ရှိ‌နေသည်။

ဖလားနှစ်လုံးရ ချယ်ဆီးရဲ့ အောင်ပွဲခံ လှည့်လည်ပုံများ (ဓါတ်ပုံများ)

ဖလားနှစ်လုံးရ ချယ်ဆီးရဲ့ အောင်ပွဲခံ လှည့်လည်ပုံများ (ဓါတ်ပုံများ)
ဖလားနှစ်လုံးရ ချယ်ဆီးရဲ့ အောင်ပွဲခံ လှည့်လည်ပုံများ (ဓါတ်ပုံများ)
ဖလားနှစ်လုံးရ ချယ်ဆီးရဲ့ အောင်ပွဲခံ လှည့်လည်ပုံများ (ဓါတ်ပုံများ)

(L-R) Members Of The Chelsea Squad, Portuguese Mid-fielder Raul Meireles, Team Captain John Terry, Portuguese Defender



Chelsea Team Players

(L-R) Members Of The Chelsea Squad, Portuguese Mid-fielder Raul Meireles, Team Captain John Terry, Portuguese Defender

(L-R) Members Of The Chelsea Squad, Portuguese Mid-fielder Raul Meireles, Team Captain John Terry, Portuguese Defender

(L-R) Members Of The Chelsea Squad, Portuguese Mid-fielder Raul Meireles, Team Captain John Terry, Portuguese Defender

(L-R) Members Of The Chelsea Squad, Portuguese Mid-fielder Raul Meireles, Team Captain John Terry, Portuguese Defender

(L-R) Members Of The Chelsea Squad, Portuguese Mid-fielder Raul Meireles, Team Captain John Terry, Portuguese Defender

Sunday, 20 May 2012

ဘိုင်ယန် ၁-၁ ချဲလ်ဆီး FULL HIGHLIGHT

ဒရော့ဘာဟာ မြူးနစ်ဖိုင်နယ်ရဲ့ ဟီးရိုးပါ - ဖရန့်လမ်းပတ်

ဒရော့ဘာဟာ မြူးနစ်ဖိုင်နယ်ရဲ့ ဟီးရိုးပါ - ဖရန့်လမ်းပတ်
ဒရော့ဘာဟာ မြူးနစ်ဖိုင်နယ်ရဲ့ ဟီးရိုးပါ - ဖရန့်လမ်းပတ်
ချယ်လ်ဆီးကွင်းလယ်လူ ဖရန့်လမ်းပတ်က တိုက်စစ်မှူး ဒရော့ဘာ၏ စွမ်းဆောင်မှုများကြောင့်သာ ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားရရှိခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဘေယန်မြူးနစ်အသင်းအား အချိန်ပိုပြီးချိန်အထိ (၁-၁)သရေကျပြီးနောက်၊ ပင်နယ်တီအဆုံးအဖြတ်တွင် (၄-၃)ရလဒ်ဖြင့် အနိုင်ရရှိသွားခဲ့သည်။

လမ်းပတ်သည် အဆုံးအဖြတ်ပင်နယ်တီကန်သွင်းမှုတွင် ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သည်။ သို့ပါသော်လည်း သူက ဒရော့ဘာ၏ စွမ်းဆောင်မှုများမှာ အောင်ပွဲအတွက် အဓိကကျခဲ့ကြောင်း ချီးကျူးပြောကြားသွားခဲ့သည်။

အိုင်ဗရီကို့စ်တိုက်စစ်မှူးသည် ပွဲချိန် (၈၂)မိနစ်တွင် သောမတ်စ်မူလာ ဘေယန်မြူးနစ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းပြီး၊ နှစ်မိနစ်အကြာတွင် ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့သည်။

ဒီမက်တီယိုအား အမြဲတမ်းနည်းပြခန့်ရန် ချယ်လ်ဆီးအသင်းအား တောင်းဆိုလိုက်သည့် ဂျွန်တယ်ရီ

ဒီမက်တီယိုအား အမြဲတမ်းနည်းပြခန့်ရန် ချယ်လ်ဆီးအသင်းအား တောင်းဆိုလိုက်သည့် ဂျွန်တယ်ရီ
ဒီမက်တီယိုအား အမြဲတမ်းနည်းပြခန့်ရန် ချယ်လ်ဆီးအသင်းအား တောင်းဆိုလိုက်သည့် ဂျွန်တယ်ရီ
ပျော်ရွှင်နေသည့် ချယ်လ်ဆီးကပ္ပတိန် ဂျွန်တယ်ရီက အသင်း၏ ယာယီနည်းပြ ဒီမက်တီယိုအား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သွားရန် အသင်းတာဝန်ရှိသူများအား မနေ့ညက တောင်းဆိုလိုက်သည်။

ချယ်လ်ဆီးပိုင်ရှင် အေဗရာမိုဗစ်ခ်ျသည် မနေ့ညက ချယ်လ်ဆီးအသင်း၏ ပထမဆုံးချန်ပီယံလိဂ်ဖလား အောင်မြင်မှုအတွက် ၀မ်းသာလွန်းသဖြင့် မျက်ရည်ကျသည်အထိ ဖြစ်ခဲ့သည်။

ဒီမက်တီယိုသည် ထုတ်ပယ်ခံခဲ့ရသည့်နည်းပြ ဘိုအက်ရှ်၏နေရာအား ဆက်ခံပြီးနောက်၊ နှစ်လခွဲသာသာ အချိန်အတွင်း ချယ်လ်ဆီးအသင်းအတွက် ချန်ပီယံလိဂ်ဖလားနှင့် အက်ဖ်အေဖလားနှစ်လုံးအား မယုံနိုင်စရာ ရယူပေးခဲ့သည်။

အကောင်းဆုံးအသင်း ရှုံးနိမ့်သွားတာပါ - သောမတ်စ်မူလာ
အကောင်းဆုံးအသင်း ရှုံးနိမ့်သွားတာပါ - သောမတ်စ်မူလာ
ဘေယန်မြူးနစ်တိုက်စစ်မှူး သောမတ်စ်မူလာက အကောင်းဆုံးအသင်းသည် အမြဲတမ်းအနိုင်မရကြောင်း မနေ့ညက ချယ်လ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲအပြီးတွင် ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ဂျာမန်တိုက်စစ်မှူးသည် ပွဲပြီးရန် ခုနှစ်မိနစ်အလိုတွင် ဘေယန်မြူးနစ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သော်လည်း၊ နောက် ငါးမိနစ်အကြာတွင် ဒရော့ဘာက ပြန်လည်ချေပသွားခဲ့ပြီး၊ ပင်နယ်တီအဆုံးအဖြတ်တွင် ဘေယန်မြူးနစ်မှာ ချယ်လ်ဆီးအသင်းအား (၄-၃)ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။

“ဒါဟာ ဘောလုံးပါပဲ၊ ဒီလိုအဖြစ်အပျက်မျိုးတွေ ကျွန်တော်တို့အတိတ်မှာလည်း မြင်ခဲ့ဖူးပါတယ်၊ ပိုကောင်းတဲ့အသင်းဟာ အမြဲတမ်းအနိုင်မရပါဘူး၊ ခင်ဗျားဟာ ကိုယ့်ရဲ့ပရိသတ်တွေ ရှေ့မှောက်မှာပဲ ဂိုးသွင်းယူခဲ့ပြီး၊ အောင်ပွဲနဲ့နီးစပ်ခဲ့တယ်၊ ပြီးတော့ ချယ်လ်ဆီးအသင်း ဖလားကိုင်မြှောက်တာကို ကြည့်ခဲ့ရတယ်၊ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့တာကို ခင်ဗျား တွေ့ပါလိမ့်မယ်”

“အဲဒီအဖြစ်အတွက် စကားလုံး ရှာမရပါဘူး၊ ဒါပေမယ့် ဘောလုံးဟာ အရာအားလုံး မဟုတ်ပါဘူး”ဟု သောမတ်စ်မူလာက ပြောကြားသွားခဲ့သည်။

ချန်ပီယံလိဂ်တွင် ဒုတိယရရှိခဲ့သည့် ဘေယန်မြူးနစ်သည် ဘွန်ဒက်လီဂါ အမှတ်ပေးပြိုင်ပွဲနှင့် ဂျာမန်ပိုကယ်လ်ဖလားပြိုင်ပွဲများတွင်လည်း ဒုတိယဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

သမိုင်းတခေတ် ဆန်းသစ်ခဲ့ပြီး ချန်ပီယံလိဂ် ဖလား ပိုက်နိုင်ခဲ့သည့် ချဲလ်ဆီး ( ဘိုင်ယန်မြူးနစ် ၁-၁ ချဲလ်ဆီး) (ပင်နယ်သီ ဘိုင်ယန် ၃-၄ ချဲလ်ဆီး)

သမိုင်းတခေတ် ဆန်းသစ်ခဲ့ပြီး ချန်ပီယံလိဂ် ဖလား ပိုက်နိုင်ခဲ့သည့် ချဲလ်ဆီး ( ဘိုင်ယန်မြူးနစ် ၁-၁ ချဲလ်ဆီး) (ပင်နယ်သီ ဘိုင်ယန် ၃-၄ ချဲလ်ဆီး)
သမိုင်းတခေတ် ဆန်းသစ်ခဲ့ပြီး ချန်ပီယံလိဂ် ဖလား ပိုက်နိုင်ခဲ့သည့် ချဲလ်ဆီး ( ဘိုင်ယန်မြူးနစ် ၁-၁ ချဲလ်ဆီး) (ပင်နယ်သီ ဘိုင်ယန် ၃-၄ ချဲလ်ဆီး)
ယနေ့ ယှဉ်ပြိုင်သည့် ချန်ပီယံလိဂ် ချန်ပီယံ ဗိုလ်လုပွဲတွင် ဂျာမဏီ နိုင်ငံတွင် ကျင်းပပြီး ဂျာမဏီ အသင်းဖြစ်သည့် ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရ ဘိုင်ယန်မြူးနစ်နှင့် ဧည့်သည် ချဲလ်ဆီး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြခြင်း ဖြစ်သည်။ ဧည့်သည် ချဲလ်ဆီး အသင်း၏ ပထမပိုင်း လူထုတ် စာရင်းသည် ရင်ခုန်ဖွယ် ကောင်းလှပြီး စိတ်ဝင်စားမှု အပြည့်နှင့် ဖြစ်သည်။ အက်ခ်ျလေကိုးလ် နေရာတွင် အစားထိုး ကစားနေခဲ့သည့် လူငယ် နောက်ခံ ကစားသမား ဘားထရန့်အား ရှေ့တန်း နောက်ချန် အဖြစ် တင်ကစားကာ အခြား ကွင်းလယ် အဖျက် ကစားသမားများ ဖြစ်သည့် အက်စီယံ၊ မာလူဒါ၊ တိုက်စစ်မှူး စတာရိုက်တို့ နေရာ အစား ထည့်သွင်း အသုံးပြုသွားခဲ့သည်။ နောက်တန်းတွင် အဝါကတ် နှစ်ကတ်ထိ အိုင်ဗန် နိုဗစ်နှင့် ဘာစီလိုနာနှင့် ပွဲတွင် တိုက်ရိုက် အနီကပ် ထိထားသော အသင်းခေါင်းဆောင် တယ်ရီတို့ မပါဝင်ပဲ ကွင်းလယ် ဗဟိုတွင် လူငယ်များ ဖြစ်သည့် လူးဝစ်နှင့် ကာဟေးတို့ဖြင့် တွဲကစားခဲ့ပြီး ဘယ်ညာ နှစ်ဘက်တွင် ဘို့စင်ဝါနှင့် အက်ခ်ျလေကိုးလ်တို့ဖြင့် ပွဲထွက်ခဲံသည်။ ကွင်းလယ်တွင် လမ်းပတ်နှင့် မီခေးလ်တို့ ကစားခဲ့ပြီး ကွင်းလယ်နှင့် နောက်ချန် တိုက်စစ် အဖြစ် မာတာ၊ ကာလူးနှင့် ဘားထရန့်တို့အား ထားကစားခဲ့ပြီး အထောင် တိုက်စစ်မှူး ဒရော့ဘာအား ကစားစေခဲ့သည်။ နောက်တန်းများ အမှားနှင့် ဘိုင်ယန် တိုက်စစ်အား ကောင်းကောင်း ကာကွယ်မှု ပြုလုပ်နေသည့် ပီတာဆတ်ခ်ျမှ ချဲလ်ဆီး ဂိုးပေါက်အား တာဝန်ယူသွားခဲ့သည်။

ပယ်နသီကန်သွင်းချက်များ

ချဲလ်ဆီးအသင်းနဲ့ အားပေးသူ ပရိသတ်တို့ရဲ့ ပျော်ရွှင်ကြည်နူးဖွယ် စနေညချမ်း ချန်ပီယံလိဂ် အောင်ပွဲ

ချဲလ်ဆီးအသင်းနဲ့ အားပေးသူ ပရိသတ်တို့ရဲ့ ပျော်ရွှင်ကြည်နူးဖွယ် စနေညချမ်း ချန်ပီယံလိဂ် အောင်ပွဲ
ချဲလ်ဆီးအသင်းနဲ့ အားပေးသူ ပရိသတ်တို့ရဲ့ ပျော်ရွှင်ကြည်နူးဖွယ် စနေညချမ်း ချန်ပီယံလိဂ် အောင်ပွဲ
    စနေနေ့ရဲ့ ညချမ်းလေးကတော့ အိပ်ရေးပျက်ခံပြီး စောင့်စားခဲ့ရတဲ့ အပြာရောင် အဖွဲ့သားတွေနဲ့ ဘောလုံးချစ် ပရိသတ်တွေအဖို့ ရင်ခုန်စရာ အံ့အားသင့်စရာတွေနဲ့ ဘောလုံးအားကစားရဲ့ ရသတစ်ခုကို ခံစားမိစေခဲ့ပါတယ်။ ၀မ်းသာ ပျော်ရွှင်ရပါတယ် ချဲလ်ဆီးပရိသတ်တို့ရေ... ဂုဏ်ယူပါတယ်ဗျာ။ ချဲလ်ဆီးအသင်းရဲ့ ရုရှားသူဌေး မိုဗစ် လိုချင်တောင့်တနေတဲ့ အိပ်မက်လေး တစ်ခုတော့ ပြည့်ဝသွားပြီဖြစ်သလို ချဲလ်ဆီးအသင်းရဲ့ သမိုင်းမှာတော့ ပထမဆုံးသော ချန်ပီယံလိဂ်ဖလား ဆုကြီးကို ရရှိခဲ့တဲ့ သမိုင်းတွင်ရစ် သွားခဲ့ပြီ ဖြစ်ပါတယ်။
စနေနေ့ရဲ့ သူရဲကောင်းတွေကတော့ နည်းပြကို အရင်ဆုံး ပြရမှာဖြစ်ပြီး တိုက်စစ်မှူး ဒရော့ဘာနဲ့ ချဲလ်ဆီးအသင်းရဲ့ ဂိုးပေါက်ကို လုံခြုံမှု အပြည့်အ၀ပေးခဲ့တဲ့ ပီတာချက်တို့ပါပဲ။ အဲဒီအထဲမှာ ချဲလ်ဆီးအသင်းကို အားပေးသူ ပရိသတ်တွေကိုလည်း ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ဘေယန်အသင်းတို့မှာ ကျွန်တော် သတိထားမိတဲ့ ကစားသမားနှစ်ဦးကတော့ ချဲလ်ဆီးရဲ့ တိုက်စစ်မှူး ဒရောဘာနဲ့ ဘေယန်ဂိုးသမား နူအာတို့ပဲ ဖြစ်ပါတယ်။ ဒရော့ဘာရဲ့ သွင်းဂိုးတွေကို ဘေယန်ဂိုးသမား ထိန်းချုပ်နိုင်မလား? ဘေယန်ဂိုးသမားရဲ့ တာဝန်တွေကိုရော ဒရော့ဘာက ဖျက်ဆီးပစ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေက စာရေးသူအတွက် ဘယ်သူနိုင်မယ်ဆိုတာ ခန့်မှန်းရခက်စေခဲ့ပါတယ်။nextChelsea supporters celebrate the victory of their team after the Champions League final soccer match against Bayern Munich in Munich

ဘေယန်မြူးနစ်အသင်းရဲ့ Allianz Areanကွင်းကြီးမှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီကို လာရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်ဟာ ၆၉,၉၀၁ ဦးအထိ ရှိခဲ့ပါတယ်။ နှစ်သင်းစလုံး ဒဏ်ရာပြဿနာတွေ ၊ ပွဲပဲခံရမှုတွေ ကြားထဲက အကောင်းဆုံး ကစားသမားတွေကို အသုံးပြုခဲ့ကြပါတယ်။ ဘေယန်မြူးနစ်ရဲ့ ကစားသမား စာရင်းမှာ ဂိုး - နူအာ ၊ နောက်တန်း - ဖီးလစ်လန်းစ် ၊ ဘိုတန် ၊ တီမိုရှဟတ် ၊ ကွန်တန်တို၊ အလယ်တန်း - ရှဝိန်းစတိုင်ဂါ ၊ သောမတ်စ်ကူးစ် ၊ အာဂျန်ရော်ဘင် ၊ သောမတ်စ်မူလာ၊ ရီဘာရီ ၊ ရှေ့တန်း - ဂိုမက်စ်တို့ ပါဝင်ကစားခဲ့ကြပါတယ်။ ဂိုမက်စ်ကို အထောင်ထားကာ တောင်ပံမှ ရော်ဘင်နဲ့ ရီဘာရီတို့က ၀န်းရံစေကာ သောမတ်စ်မူလာကို နောက်ချန်တိုက်စစ်မှူးအနေနဲ့ ကစားစေပြီး ၄-၅-၁ ပုံစံမှ ၄-၄-၁-၁ ပုံစံနဲ့ ကစားသွားတာ တွေ့ရပါတယ်။
Chelsea supporters celebrate the victory of their team after the Champions Chelsea supporters celebrate the victory of their team after the Champions League final soccer match against Bayern Munich in
ချဲလ်ဆီးအသင်းကတော့ ရာမီယက်စ် ၊ မီရာလက်စ် ၊ အိုင်ဗန်နိုဗစ်နဲ့ တယ်ရီတို့ မပါဝင်နိုင်ခဲ့လို့ နည်းပြအတွက် အခက်အခဲ ဖြစ်သွားပုံရပါတယ်။ ဘယ်တောင်ပံမှာ ချန်ပီယံလိဂ် အတွေ့အကြုံ မရှိသေးတဲ့ ဘာထရန်ကို ထုတ်သုံးသွားတာ တွေ့ရပါတယ်။ ဂိုး- ပီတာချက် ၊ နောက်တန်း - ဘောင်ဆင်ဝါ ၊ ဒေးဗစ်လူးဝစ် ၊ ကာလ်ဟေး ၊ အက်ရှလေကိုး ၊ အလယ်တန်း - မီခေးလ် ၊ လမ်းပတ် ၊ ကာလူး ၊ မာတာ ၊ ဘာထရန် ၊ ရှေ့တန်း - ဒရော့ဘာတို့ ကစားခဲ့ကြပါတယ်။ လူစာရင်းထုတ်ပုံ ကစားကွက်ကအစ နှစ်သင်းစလုံး တူညီခဲ့ကြပြီး ကွင်းလယ်တွင်တော့ ဘေယန်၏ တိုက်စစ်အား ချဲလ်ဆီးတို့ အကြိမ်ကြိမ် အခါခါ ရှင်းထုတ်ခဲ့ရသည်။ ချဲလ်ဆီးအသင်း၏ နောက်တန်းမှာ ကောင်းစွာ တာဝန်ကျေခဲ့သည်။ ကွင်းလယ်တွင်တော့ ဘေယန်အသင်းအား မယှဉ်နိုင်ခဲ့၍ ပိုင်ဆိုင်မှုလည်း အားနည်းခဲ့ရပြီး ဘေယန်အသင်းမှာ အိမ်ကွင်းအားသာချက်ကြောင့် ချဲလ်ဆီးအသင်းအား ဖိအားပေးနိုင်ခဲ့သည်။Chelsea Team Pose   AFP PHOTO / ADRIAN DENNISADRIAN DENNIS/AFP/GettyImages AFP/Getty Images

ပွဲစလျှင်စချင်း ဘေယန်အသင်းမှ တရစပ် တိုက်စစ်ဆင်ခဲ့သည် ။ အစပိုင်း ၂မိနစ်တွင် အက်ရှ်လေကိုး၏ ဖျက်ထုတ်မှုမှ ဘေယန်တို့ ဖရီးကစ်ကန်ခွင့် ရခဲ့ပြီး ရော်ဘင်ကန်ရာ ဘောင်ဆင်ဝါ ဖျက်ထုတ်နိုင်ခဲ့သည် ။ ၃မိနစ်တွင် ဘေယန်မှ ရှဝိန်းစတိုင်ဂါ လက်ထိဘောကြောင့် တစ်ဝါထိခဲ့ရသည်။ တောင်ပံမှ ဖြတ်တင်ဘောအား သောမတ်စ်မူလာ မနားတန်း ကန်သွင်းရာ ဂိုးပေါက်နှင့် အနည်းငယ် လွဲချော်သွားသောကြောင့် ဘေယန်တို့ ဂိုးကံခေခဲ့ရသည်။ ဒရော့ဘာ၏ ရုတ်တရက် အဝေးမှ ကန်သွင်းချက်လည်း ဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။ ဘေယန်မှ ဂိုမက် အပိုင်ကန်သွင်းခွင့် နှစ်ကြိမ်ထက်မနည်း ရရှိခဲ့သော်လည်း ချဲလ်ဆီးနောက်တန်း၏ အဟန့်အတားကြောင့် ကံခေခဲ့ရသည်။ ချဲလ်ဆီးအသင်းမှ ဘောင်ဆင်ဝါနှင့် ဘယ်တောင်ပံမှ ဘာထရန်တို့ ခြေစွမ်းပြနိုင်မှု မရှိခဲ့သောကြောင့် ဘေယန်အား ကောင်းစွာ မချိန်းခြောက်နိုင်ခဲ့ပေ။ ပထမပိုင်းတွင် ဘေယန်အသင်းမှ ပိုင်ဆိုမှု ၅၄% -   ၄၆% ဖြင့် ချဲလ်ဆီးအသင်းအား အသာစီးဖြင့် ကစားနိုင်ခဲ့သည်။ ပထမပိုင်းတွင်ပင် ဘေယန်တို့ ထောင့်ကန်ဘော ၁၀လုံးကျော် ကန်ခွင့်ရခဲ့ပြီး