
မာဆေးလ်အသင်း ညာနောက်ခံလူ ဆီဇာ အက်ဇ်ပီလီကျူတာအား ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့တွင် ချယ်လ်ဆီးအသင်းမှ တရားဝင် အတည်ပြု ထုတ်ပြန်ကြေငြာခဲ့သည်..။
အသက် (၂၂) နှစ်ရှိ စပိန်အိုလံပစ် လက်ရွေးစင် ညာနောက်ခံလူသည် မွေးရပ်မြေဖြစ်သော အိုဆာဆူနာ ဘောလုံးအကယ်ဒမီထွက်ဖြစ်ပြီး ပြင်သစ်လီဂူး၊ မာဆေးလ်အသင်းတွင် နှစ်နှစ်ကြာ ကစားခဲ့သည်..။ သူ၏ကြေးစားဘောလုံးသမား ဘ၀အစတွင် ကွင်းလယ်တိုက်စစ်မှူးအဖြစ် ကစားခဲ့သော်လည်း နောက်ပိုင်းတွင် ညာနောက်ခံလူအဖြစ် ပြောင်ရွေ့ကစားခဲ့သည်..။ သူ၏လာလီဂါ ပွဲဦးထွက်မှာ ၂၀၀၇၊ ဧပြ (၇) ရက်နေ့တွင် ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်သော ရီးရဲလ်
မက်ဒရစ်အသင်းနှင့်ပွဲတွင် ဖြစ်သည်..။ နောက်ပိုင်းတွင် အမာခံ ပွဲထွက်နေရာကို ရရှိခဲ့ပြီး ၂၀၁၀ နွေရာသီ အပြောင်းအရွှေ့တွင် ပြင်သစ်လီဂူးမှ မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်..။ ပွဲဦးထွက်ရာသီတွင် ဒူးဒဏ်ရာရခဲ့သောကြောင့် တစ်ရာသီလုံးနီးပါး နားခဲ့ရသည်..။ ၂၀၁၁- ၁၂ ဘောလုံးရာသီတွင်မူ ခြေစွမ်းပြသနိုင်ခဲ့သောကြောင့် စပိန်အိုလံပစ်အသင်းအတွက် ရွေးချယ်ခြင်း ခံခဲ့ရသည်..။ သူသည်ဘောလုံးအထိန်းအသိမ်းနှင့် ပေးပို့မှု ကောင်းမွန်သူတစ်ဦးဖြစ်သည်ဟု သိရသည်..။ စပိန်လက်ရွေးစင် လူငယ်အသင်းအဆင့်ဆင့်တွင် ကစားခဲ့ပြီး အသက် (၁၆) နှစ်အောက် အသင်းအတွက် ၂၀၀၅၊ ဥရောပလူငယ် ဖလားဆုကို ၂၀၀၇ ခုနှစ်တွင် အသက် (၁၉) နှစ်အောက် လက်ရွးစင်အဖြစ် ဆွတ်ခူးနိုင်ခဲ့သည်..။ ၂၀၁၁ ခုနှစ်တွင် ဥရောပ လူငယ်တံခွန်စိုက်ဖလားကို အသက် (၂၁) အောက်အသင်းနှင့် ထပ်မံရရှိခဲု့ပြန်သည်..။ စတန်းဖို့ ဘရစ်ခ်ျတွင် အက်ဇ်ပီလီကျူတာသည် အခြားစပိန်အသင်းဖော်များဖြစ်သော ဖာနန်ဒို တောရက်စ်၊ မာတာ၊ ရိုမီးယူတို့နှင့် တွဲဖက်ကစားရမည်..။
0 comments:
Post a Comment