ပရီးမီးယားလိဂ်တွေစတော့မယ်ဆိုတော့ ကစားသမားတွေတော့မသိဘူး၊ ကိုယ်တွေအားပေးတဲ့သူတွေက ကိုယ့်
အသင်းအနိုင်ရရေးအဓိကဆိုပေမယ့် ကစားသမားတွေ ဒဏ်ရာကင်းစင်ဖို့ ရာသီကြိုခြေစမ်းပွဲတွေကနေ ဆုတောင်း
ရတာအမောပဲ၊ အခုတောင် မာကိုမာရင်က ရာသီမစရသေးဘူးနာချင်နေပြီ၊ ဘာပဲပြော ကစားသမားတွေ ဒဏ်ရာ
ရခဲ့ရင် ဆေးကုသမှုအပြင် အပိုဆောင်း စိတ်ချမ်းသာဖို့ အဆင်သင့် ဆရာဝန်မလေးတစ်ယောက်ရှိပါတယ်၊
သူကတော့ ပထမအသင်းရဲ့ဆရာဝန်မလေး၊ EPL မှာတော့ Chelsea Hot Doctor လို့လူသိများတဲ့ အီဗာကာနီရို
အကြောင်းကို တင်ဆက်လိုက်ပါတယ်…
ဘောလုံးအသင်းတစ်သင်းမှာ medical staff တွေဘယ်လောက်အရေးပါလဲဆိုတာ ပြီးခဲ့တဲ့နှစ်အတွင်းမှာပဲ
သာဓကအနေနဲ့ဘော်လ်တန်အသင်းကက မူအမ်ဘာ နှလုံးရုတ်တရက်ရပ်သွားတာကို စပါးအသင်းကျန်းမာရေး
ဝန်ထမ်းတွေ အချိန်မှီကယ်တင်နိုင်ခဲ့တာရယ် အီတလီ စီးရီးဘီ လီဗော်နိုအသင်းမှ ကစားသမား မော်ရိုစီနီ
ကွင်းအတွင်းလဲကျသေဆုံးခဲ့ရတဲ့ဖြစ်ရပ်တွေဟာ ဘောလုံးပွဲနိုင်ဖို့တစ်ခုထဲအာရုံစိုက်နေရုံနဲ့ မရဘဲ ကွင်းအတွင်း
ကျန်မာရေးဟာ အသက်တမျှအရေးကြီးတယ်ဆိုတာ သက်သေပြနေပါတယ်….
ဒါ့အပြင် မထင်မှတ်တာလေးတွေနဲ့ကစားသမားတစ်ယောက်ရဲ့ဘ၀ဟာအဆုံးသတ်သွားနိုင်လို့ အသင်းရဲ့
medical treatment တွေကို ကျေနပ်တာရှိသလို မကျေနပ်မှုလေးတွေလည်းရှိတာကို သတိထားမိကြမှာပါ…
အထူးသဖြင့်ပြိုင်ဆိုင်မှုပြင်းထန်ပြီး လခတွေတနင့်တပိုးပေးထားတဲ့ ပရီးမီးယားလိဂ်မှာပိုဆိုးတယ်…
ဥပမာ မန်ယူကနေ မန်စီးတီးကို အိုဝင်ဟားဂရေ့ပြောင်းရွှေ့ခဲ့တုန်းက အသင်းဟောင်းမန်ယူအသင်းဟာ
သူ့ကိုကုသရာမှာအမှားမှားအယွင်းယွင်းတွေရှိခဲ့ပြီး သူ့ရဲ့ကစားသမားဘ၀ကို အဆုံးသတ်ရသွားနိုင်တဲ့အထိ
ဖြစ်ခဲ့ရတယ်လို့ စွပ်စွဲတာကိုဖတ်လိုက်ရတယ်၊ အာဆင်နယ်အသင်း ကျန်းမာရေးဝန်ထမ်းတွေကလည်း
ဝဲလ်ရှိုင်းယား အဂ်လန်အသင်းအတွက် ကစားပေးစဉ်ဒဏ်ရာရရှိပြီး တစ်ရာသီလုံးနားရနေရတဲ့ဖြစ်စဉ်မှာ
အဂ်လန်အသင်းရဲ့ medical staff တွေကုသမှုကိုသဘောမကျခဲ့ဘူးဆိုပြီးလည်း သတင်းတွေမှာတွေ့လိုက်ရတယ်။
ထားပါတော့..
ကျနော်တို့အပြာရောင်အသင်းမှာတော့ အခြားအသင်းများနဲ့မတူ နည်းပြရဲ့နောက်မှာ ကစားသမားယောက်ျားတွေ
ကြားထဲမှာ အပြာရောင်ပန်းလေးတစ်ပွင့် အမြဲရှိနေတတ်ပါတယ်၊ EPL ရဲ့ တစ်ပွင့်တည်းသော ဆရာဝန်မလေး
အီဗာဟာ အခုအချိန်အထိတော့ အသင်းရဲ့မကျေနပ်မှု၊ ငြူစူမှုတွေရှိတယ်လို့တော့ မကြားမိသေးပါဘူး၊ တစ်နည်း
အားဖြင့် ခြသေ့်ပြာတွေဟာ အီဗာရဲ့ ကုသမှုမှာ စီးမျှောအဆင်ပြေနေတယ်လို့ပြောလို့ရပါတယ်…
အီဗာကို ဗြိတိသျှပိုင်ကျွန်းလေးတစ်ကျွန်းဖြစ်တဲ့ Gibraltar မှာမွေးဖွားခဲ့ပြီး ဆေးပညာကို နောတင်ဟမ် ယူနီဗာစီတီ
မှာသင်ယူခဲ့ပါတယ်၊ ကျောင်းပြီးပြီးနောက် စကော့တလန်နဲ့သြစတေးလျတို့ရဲ့ အရေးပေါ်ထိခိုက်မှုဌာနတွေမှာလှည့်
လည်အလုပ်လုပ်ခဲ့ပြီး အတွေ့အကြုံယူခဲ့ပါတယ်.. သူ့ရဲ့ရည်မှန်းချက်ကတော့ အဂ်လန်မှာပဲအခြေချပြီးအောင်မြင်
ကျော်ကြားတဲ့ဆရာဝန်တစ်ယောက်ဖြစ်ဖို့ပါ.. အဲ့ဒီအတွက်လည်း နောက်ထပ်အဆင့်မြင့် မဟာဘွဲ့ဆေးပညာကို
လန်ဒန်မှာရှိတဲ့ Queen Mary ဆေးရုံမှာသင်ယူခဲ့ပြီး ညဏ်ရည်ထက်မြတ်ပြီး ကြိုးစားခဲ့လို့ထူးချွန်စွာအောင်မြင်
ခဲ့ပါတယ်..
အီဗာဟာ မဟာဘွဲ့ဆေးပညာအတွက် Thesis ပြုစုရာမှာ လက်တွေ့အနေနဲ့ လန်ဒန်အနောက်ပိုင်းက ၀က်စ်ဟမ်း
အသင်းမှာကွင်းဆင်းခဲ့ရပါတယ်၊ ဒါဟာ သူမရဲ့ ရည်မှန်းချက်ပြည့်မြောက်ဖို့ ခြေလှမ်းစတင်လိုက်တာဆိုရင်လည်း
မမှားပါဘူး..မဟာဘွဲ့ရပြီးနောက် လန်ဒန်မြောက်ပိုင်းမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဌာနတစ်ခုမှာအလုပ်စတင်
ဝင်ရောက်ခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပဲ အဲ့ဒီအရပ်မှာရှိတဲ့ Olympic Medical Institute မှာလည်းအတိုင်ပင်
ခံအနေနဲ့လုပ်ခဲ့ပါတယ်၊ အီဗာရဲ့ကြိုးစားမှုကြောင့် ၂၀၀၈ ခုနှစ်မှာ ဗြိတိန်ကျန်းမာရေးနဲ့လေ့ကျင့်ရေးပရိုဂရမ်မှာ
Specialist တစ်ယောက်အဖြစ် ခန့်အပ်ခံခဲ့ရသလို အဂ်လန်အမျိုးသမီးဘောလုံးအသင်းမှာလည်း
Medical Specialist တစ်ယောက်အဖြစ်ပါဝင်ခဲ့ရပါတယ်..
၂၀၀၉ ခုနှစ်မှာတော့ သူမရဲ့အရမ်းဖြစ်ချင်နေတဲ့ ရည်မှန်းချက်လမ်းကြောင်းအတိုင်းဆက်လျောက်ရာမှာ ချယ်လ်ဆီး
အရန်အသင်းမှာစတင် တာဝန်ထမ်းဆောင်ခဲ့ပြီး အခုအခါမှာတော့ First Team Doctor ဖြစ်နေပါပြီ…အီဗာဟာ
အောင်မြင်ကျော်ကြားတဲ့ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် အနေအထိုင်က သိုသိပ်လှပြီးသူမရဲ့ပြင်ပ
ဘ၀ကိုသိသူရှားပါးလှပါတယ်..ချစ်သူ fiancé တစ်ယောက်သာစွဲစွဲမြဲမြဲထားရှိပြီး ယခုအချိန်အထိ အပျိုဘ၀ကို
ပိုင်ဆိုင်ထားဆဲဆိုတာကိုတော့ အတည်မပြုနိုင်သေးဘဲ သိရပါတယ်…
ဘာပဲပြောပြောအီဗာရဲ့ ဆွဲဆောင်မှု့ကြောင့် အပြာရောင်တပ်သားတွေ ခဏခဏဒဏ်ရာရရှိနေတာလားလို့တော့
မတွေးသင့်ပေမယ့်လည်း အတွေးထဲတော့ရောက်လာပါတယ်…အီဗာကိုဆက်သွယ်ချင်ရင်တော့
http://www.facebook.com/pages/Eva-Carneiro/226129340765953
0 comments:
Post a Comment