စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂)
နောက်ကျပွဲ အဖြစ် နယူးကာဆယ်နှင့် ချဲလ်ဆီး အသင်းတို့
စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားသွား ခဲ့ရာ ချဲလ်ဆီး အသင်းတွင် တိုက်စစ်မှုး
တောရက်စ် ခြေစွမ်းပြမှုနှင့် အတူ နယူးကာဆယ် အသင်းအား ၂ဂိုး ဂိုးမရှိဖြင့်
အနိုင် ရရှိ ခဲ့သည်။ ချဲလ်ဆီး အသင်းအတွက် အဖွင့်ဂိုးကို တောရက်စ်ကြောင့်
ရရှိ ခဲ့သည့် ပင်နယ်တီမှ တဆင့် ဟာဇတ် သွင်းယူ ခဲ့ပြီး၊ ဒုတိယဂိုးကို
တိုက်စစ်မှုး တောရက်စ် ဟာဇတ်နှင့် အပေးအယူ လုပ်၍ လှလှပပ သွင်းယူ ခဲ့ခြင်း
ဖြစ်သည်။
ယနေ့ပွဲတွင် အိမ်ရှင်ချဲလ်ဆီး အသင်း၌
တိုက်စစ်မှုး တောရက်စ်ကို အထောင် တိုက်စစ်မှုးအဖြစ် ကစားစေ၍ ဘတ်ထရန်၊ ဟာဇတ်၊
မာတာ၊ မီယာလက်စ်၊ မီကေးလ် တို့ဖြင့် ဝန်းရံ စေခဲ့သည်။ ဂိုးသမား
ပီတာဆက်ခ်ျနှင့်အတူ နောက်တန်း ခံစစ်တွင်တော့ ကာဟေးလ်၊ လူးဝစ်၊ ကိုးလ်
အိုင်ဗန်နိုဗစ် တို့အား တွေ့ခဲ့ရသည်။ နယူးကာဆယ် တွင် တိုက်စ်စမှုး ဘာနှင့်
ဆစ်ဆီ တို့အား တွဲ ကစားစေ ခဲ့ပြီး ဂူတီယာရက်ဇ်၊ ကာဘာယီ၊ အနီတာ၊ ဘင်အာဖာ
တို့ဖြင့် ကွင်းလယ်ကို တည်ဆောက် ခဲ့သည်။ ခံစစ် လူများ အဖြစ် ဆင်မ်ဆန်၊
ကိုလော့စီနီ၊ တေလာ၊ ဆန်တန် တို့ကို အသုံးပြု ခဲ့ပြီး ကရူးလ် ကိုတော့
ဂိုးပေါက်ကိုကာကွယ်စေ ခဲ့သည်။
ယခုပွဲတွင် နှစ်သင်း ကစားအား ညီခဲ့ပြီး
အပြန်အလှန် ထိုးဖောက်မှု များနှင့် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့သည်။ ပွဲချိန်
၁၇ မိနစ်တွင်ပင် ချဲလ်ဆီး အသင်း အပိုင် ဂိုးသွင်းခွင့် ရခဲ့သော်လည်း လူငယ်
ကစားသမား ဘတ်ထရန်၏ ဖြုန်းတီးမှုကြောင့် ဂိုးစောစော ရမည့်အခွင့်အရေး လွဲချော်
ခဲ့ရသည်။ နောက်ခံလူ ကာဟေးလ် ခံစစ်မှ တဆင့် ကန်တင်ပေးခဲ့သည့် ဘောလုံး
တိုက်စစ်မှုး တောရက်စ် ဖမ်းယူ ခဲ့ပြီး ဘတ်ထရန် ကို အပိုင်ဂိုးသွင်းခွင့်
ဖန်တီးပေး ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘတ်ထရန်၏
အနီးကပ် ကန်သွင်းချက်
ပျော့ခဲ့သလို ဂိုးသမား အတည့် ဖြစ်ခဲ့တာကြောင့် တွန်ခရူးလ် အလွယ်တကူ
ဖမ်းယူနိုင် ခဲ့သည်။
ချဲလ်ဆီး အသင်း၏ ဦးဆောင်ဂိုး ကိုတော့
ပွဲချိန် ၂၂ မိနစ်တွင် သွင်းယူနိုင် ခဲ့သည်။ ယင်းဂိုးကို ပင်နယ်တီ
အခွင့်အရေး မှ ရရှိ ခဲ့ခြင်း ဖြစ်သည်။ တိုက်စစ်မှုး တောရက်စ်၏
ထိုးဖောက်မှုကို အနီတာ ဖြတ်ထုတ်ရာမှ တဆင့် ကွင်းလယ်ဒိုင်မှ ပင်နယ်တီ သတ်မှတ်
ခဲ့ပြီး ဟာဇတ် အမှားအယွင်း မရှိ ကန်သွင်းခဲ့ကာ ၎င်း၏ ပထမဆုံးသော
ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်စေ ခဲ့သည်။ ချဲလ်ဆီး အသင်းသည် ဒီမက်တီရို
လက်ထက် တွင် ကစားပုံ ပိုမို ကောင်းမွန် လာခဲ့သည့် ခံစစ် အားသာချက်ကို
အသုံးပြုကာ တန်ပြန် တိုက်စစ်များဖြင့် နယူးကာဆယ် အသင်းကို ခြိမ်းခြောက်
သွားခဲ့သည်ကို တွေ့ရပြီး တိုက်စစ်မှုး တောရက်စ်လည်း ခြေစွမ်း ပြသွားနိုင်
ခဲ့သည်။
ပွဲချိန် မိနစ် (၃၀) နောက်ပိုင်းတွင်တော့
ချဲလ်ဆီး အသင်း ကစားအား ပိုမို ကောင်းမွန် လာခဲ့ပြီး ကွင်းလယ် အသာစီး
ရယူနိုင် ခဲ့သည်ကို တွေ့ရသည်။ ဟာဇတ်၊ မာတာ၊ တောရက်စ် တို့၏ လျင်မြန်သည့်
တိုက်စစ် အတွဲသည် နယူးကာဆယ် အသင်းအား အခက်တွေ့စေ ခဲ့ပြီး ဖိအားများစေ
ခဲ့သည်။ ပွဲချိန် မိနစ် ၄၀တွင်တော့ ချဲလ်ဆီး တိုက်စစ်မှုး တောရက်စ်
ကွင်းလယ်ဒိုင်အား စောဒက တက်ခဲ့၍ အဝါကဒ်ပြ ခံခဲ့ရ သည်။ ထို့နောက် ပထမပိုင်း
လက်ကျန် မိနစ်များတွင် နယူးကာဆယ် အသင်း ဖိအားပေး တိုက်စစ်ဆင်နိုင်သော်လည်း
အပိုဆောင်း မိနစ်တွင် ချဲလ်ဆီး အသင်း ထပ်မံ ဦးဆောင်ဂိုး သွင်းယူနိုင်
ခဲ့သည်။ ယင်းဂိုးကိုတော့ ဟာဇတ်နှင့် အပေးအယူ လုပ်၍ ခြေစွမ်းပြနေသည့်
တောရက်စ် ဂိုးအပေါ်ထောင့်သို့ လှလှပပ ကန်သွင်း ယူခဲ့ခြင်း ဖြစ်သည်။
ဒုတိယပိုင်းတွင်လည်း နှစ်သင်းလုံး
အပြောင်းအလဲ မရှိ ပွဲထွက် လာခဲ့သည်။ ဒုတိယ ပိုင်း ပွဲချိန်တွင် နယူးကာဆယ်
အသင်း၏ ကစားအား ပိုမို ကောင်းမွန် လာခဲ့ပြီး ဖိအားပေး တိုက်စစ်ဆင်နိုင်
ခဲ့သည်ကို တွေ့ခဲ့ရသည်။ သို့သော်လည်း အိမ်ရှင်၏ ခံစစ်ကိုမူ
ကျော်ဖြတ်နိုင်ရန် ရုန်းကန် ခဲ့ရသည်။ အထူးသဖြင့် တောင်ပံ တိုက်စစ်ဖြင့်
အင်အားသုံး ကစားခဲ့သော နယူးကာဆယ် သည် ဖြတ်တင်ဖန်တီးမှု ပြုလုပ်တိုင်း
အမှားများနေ ခဲ့သည်ကို တွေ့ရပြီး ဂိုးဧရိယာ ထဲမှ တိုက်စစ်မှုး များဆီသို့
ဂိုးသွင်းခွင့် ရရှိရန် မထောက်ပံ့နိုင် ခဲ့ချေ။
ပွဲချိန် ၆၆ မိနစ်တွင်တော့ ချဲလ်ဆီး
မန်နေဂျာ ဒီမက်တီရို ကွင်းလယ် အပြောင်းအလဲ လုပ်ခဲ့ပြီး ကစားအား ကျလာသော
မာတာ အစား ရာမီးရက်စ် ကို ထည့်သွင်း ကစားခဲ့သည်။ ထို့နောက်တွင် ချဲလ်ဆီး၏
ကွင်းလယ် ကစားပုံ သွက်လာခဲ့ကာ နယူးကာဆယ်၏ တန်ပြန် တိုက်စစ်များကို
ထိန်းချုပ်လာနိုင် ခဲ့သည်။ ထို့ကြောင့် ပွဲချိန် နောက်ပိုင်း
ရောက်လာသည်နှင့် အမျှ ဧည့်သည် နယူးကာဆယ် ဖိအား များလာခဲ့ပြီး အမှားများ
ပြုလုပ် လာခဲ့သည်။ ပွဲချိန် မိနစ် ၇၀ကျော် အချိန်များတွင် ချဲလ်ဆီး အသင်းမှ
တဖက်သတ် ဖိအားပေး တိုက်စစ်ဆင် ခဲ့သည်ကို တွေ့ခဲ့ရပြီး အဝေးကန်ချက်များ
ဖြင့် ဂိုးပေါက် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်။
ပွဲချိန် ၈၃ မိနစ်တွင် ဧည့်သည် နယူးကာဆယ်
အသင်း ချေပဂိုး ရရှိရန် အခွင့်အရေး အလွတ်အကျွတ် ရရှိ ခဲ့သော်လည်း ဘာ
အသုံးမချနိုင် ခဲ့ချေ။ ဘင်အာဖာ၏ အနီးကပ် ခေါင်းတိုက် ဖန်တီးမှု မှ တဆင့်
ဂိုးဧရိယာ ထဲတွင် ရှိနေသော ဘာ အလွတ်အကျွတ် ကန်သွင်း ခဲ့ရာ ပထမ ကန်သွင်းမှု
ချော်သွား ခဲ့သလို၊ ဒုတိယ အကြိမ် ကန်သွင်း ခဲ့ရာတွင်လည်း ကန်ချက် ပျော့
ခဲ့ပြီး ဂိုးသမား ပီတာဆက်ခ်ျ လက်စွမ်းပြ ကာကွယ် ခဲ့သည်။ ထို့နောက်တွင်တော့
အနိုင်ရလဒ်ကို ထိန်းရန် ချဲလ်ဆီး အသင်း လူစားလဲမှု ပြုလုပ် ခဲ့ပြီး
မီယာလက်စ် အစား လမ်းပက် ဝင်ရောက် ကစားခဲ့သည်။
ထို့နောက် ချဲလ်ဆီး အသင်းသည် လက်ကျန်
ပွဲချိန် များတွင် ၎င်း တို့၏ အနိုင်ရလဒ်အား ထိန်းသိမ်းရန် အပေးအယူ
စိတ်စိတ်ဖြင့် ပွဲကို ထိန်းချုပ် ကစားခဲ့သည်ကို တွေ့ခဲ့ရသည်။ ပွဲချိန်
အပိုဆောင်း မိနစ် (၄) မိနစ် ပေးခဲ့သော်လည်း နယူးကာဆယ် သည်
ဂိုးသွင်းခွင့်များ ဖန်တီးရန် ခက်ခဲနေခဲ့ကာ ဖြစ်ပြီး
စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ရမှတ် မရယူနိုင် ခဲ့ချေ။ ယခုပွဲ ရလဒ်ကြောင့်
ချဲလ်ဆီး သည် ပရီးမီးယားလိဂ် အဖွင့်ပွဲ သုံးပွဲ ကစား သုံးပွဲလုံး အနိုင်
ရရှိခဲ့ပြီး ရမှတ် (၉) မှတ်ဖြင့် အမှတ်ပေးဇယားအား ဆက်လက် ဦးဆောင်နိုင်
ခဲ့သည်။ ပွဲစဉ် ( ၂ ) ချဲလ်စီး vs နယူးကာဆယ် ဟိုက်လိုက်ကြည့်ရန် ဒီနေရာကို ကလစ်လိုက်ပါ
0 comments:
Post a Comment