တောရက်စ်ကို အထောင်ထား ဟာဇက်ကို
နောက်ချန်တိုက်စစ်မှူး အဖြစ်ထားကာ ရာမီရက်စ်၊ မာတာ၊ လမ်းပတ်တို့
ကွင်းလယ်မှာ နေရာယူပြီး မီခေးလ်ကို အဖျက်နဲ့ ကိုးလ်၊ တယ်ရီ၊ ကာဟေးလ်နဲ့
အိုင်ဗန်နိုဗစ်တို့ နောက်တန်းကို တာဝန်ယူစေတဲ့ ချန်ပီယံလိဂ်ဖလားကို
ပထမဆုံးအကြိမ် ဆွတ်ခူးပေးခဲ့တဲ့ နည်းပြ ရော်ဘတ်တို ဒီမက်တီယိုရဲ့
ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲကြိုအဖြစ် ပေါ့ဂရီညှက်၊ မက်စ်ကလဲရီ၊
ကာရာကန်၊ မက်စ်အန်ဖ်၊ ဂူထရီ၊ လိုင်ဂီဝုဒ်၊ ဂန်တာ၊ ပီးရီစ်၊ ဂေါကစ်၊ ဟာတီနဲ့
ဂိုးသမား ဖီဒါရီယိုရီတို့ ပါဝင်တဲ့ တန်းတက် ရီးဒင်းကို ယနေ့ညမှာ
စတန်းဖို့ဒ်ဘရစ်ကွင်းမှာ ဧည့်ခံကစားသွားခဲ့ပါတယ်။

ချယ်ဆီးကတော့ ရာမီးရက်စ်နဲ့ ကာဟေးလ်တို့ ၀င်ရောက်လာတာကလွဲရင် ပထမဆုံး ၀ီဂန်ကို ၂-၀ နဲ့ နိုင်တဲ့ပွဲက လူစါရင်းအတိုင်း ပွဲထွက်လာခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ရီးဒင်းနဲ့ တွေ့ဆုံဖူးတဲ့ ငါးပွဲမှာ တစ်ပွဲမှ မရှုံးသေးတဲ့စံချိန်ကို ဆက်လက်ထိန်းဖို့ ကြားပွဲတစ်ပွဲကို လူစါရင်း ပြောင်းလဲမှု သိပ်မရှိဘဲ ကစားသွားခဲ့ပါတယ်။ ရီးဒင်းကတော့ ပွဲဦးထွက်မှာ စတုတ်ကို သရေကျခဲ့တာကြောင့် အားတက်နေတဲ့ အားမာန်တွေနဲ့ ရင်ဆိုင်ကစားသွားခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ပွဲစတဲ့ ဆိုတာနဲ့ တိုက်စစ်ဆင် ကစားခဲ့ရာ ဟာဇတ်ရဲ့ ပံပိုးမှု မာတာရဲ့ ဖြတ်တင်ဘောတွေနဲ့ ရီးဒင်းနောက်တန်းကို ကောင်းကောင်းကြီး စတင်ခြိမ်းခြောက် ကစားသွားခဲ့ပါတယ်။ ပွဲချိန် ၇ မိနစ်မှာ မာတာ ဖန်တီးပေးတာကနေ ရာမီးရကစ် ဂိုးရဖို့ အပိုင်ကြိုးစားခဲ့ပေမဲ့ ပျက်ဆီးသွားခဲ့ရပါတယ်။ မကြာပါဘူး ရီးဒင်းဘက်ကနေ ဂူထရီရဲ့ ဆွဲပြေးမှုကနေ တိုက်စစ်မှူး ပေါ့ ကနေ ဂိုးသွင်းဖို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ပါသေးတယ်။ သို့ပေမဲ့ ချယ်ဆီးရဲ့ ထိန်းချုပ်မှု အောက်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ တဆက်တည်းမှာဘဲ ဘယ်နောက်ခံလူ အက်ရှ်လေကိုးရဲ့ ဖြတ်တင်ဘောကို တောရက်စ်ရယူပြီး ဂိုးအဖြစ် ဖန်တီးဖို့ ကြိုးစားခဲ့ပေမဲ့ ဂေါကစ်က ဖြတ်ထုတ်သွားခဲ့ပြန်ပါတယ်။ ဒီကနေ့ပွဲမှာ ရီးဒင်းရဲ့ ပြေးအားဟာ ထင်မထားတဲ့ နှုန်းနဲ့
ချယ်ဆီးကို ပြန်ပြီး ဖိအားပေးဖို့ ကြိုးစားသွားတာကို တွေ့ရပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ၀ီဂန်နဲ့ ပထမဆုံးပွဲကတည်း ခြေစွမ်းပြနေတဲ့ လူသစ်ဟာဇက်ရဲ့ အလိမ်အခေါက်တွေကြားမှာ ရီးဒင်းနောက်ခံလူရဲ့ မပါးနှပ်မှုကနေ အဖျက်ကြမ်းသလို ဖြစ်ကာ ဟာဇက်မှောက်လဲသွားတာကြောင့် အိမ်ရှင်အသင်းဟာ ပယ်နယ်တီ ရရှိသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၀ီဂန်နဲ့ ပွဲတုန်းကလည်း ဟာဇက်ကြောင့်ဘဲ ပယ်နယ်တီ ရခဲ့တာ ဖြစ်ပြီး ယခုပွဲမှာလည်း ၀ီဂန်နဲ့ ပွဲတုန်းကလို လမ်းပတ်ကဘဲ ကန်သွင်းပြီး အဖွင့်ဂိုးကို ဦးဆောင်သွားနိုင်ခဲ့ပါတယ်။


ချယ်ဆီးတို့ ဂိုးရသွားပြီးနောက်မှာ နောက်တန်းပေါ့ဆမှုတွေ ဆက်တိုက်ဖြစ်လာပါတယ်။ အဲဒီပေါ့ဆမှုကနေ ရီးဒင်းဟာ ၂၄မိနစ်မှာ ခြေပဂိုးကို ရရှိသွားခဲ့ပါတယ်။ အဲဒီဂိုးကိုတော့ ကာဟေးလ်ရဲ့ ပေါ့ဆမှုကနေ မက်စ်လာရီကနေ လှပတဲ့ ဖြတ်ထိုးပေးမှုကနေ ရီးဒင်းတိုက်စစ်မှူး ပေါ့က လှလှပပဘဲ ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။ ကာဟေးလ်နဲ့ တယ်ရီတို့ ဗဟိုခံစစ်မှူး ၂ ယောက်စလုံး ခံစစ်ပိုင်း ဟာနေတာကြောင့် နောက်ထပ် ၄ မိနစ်မှာ ရီးဒင်းဟာ ပြစ်ဒါဏ်ဘောကနေ တိုက်ရိုက်ဘဲ ပီတာချက်ရဲ့ ဂိုးပေါက်ထဲကို ကန်သွင်းပြီး ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲကို ပြန်လည် ဦးဆောင်သွားခဲ့ပါတယ်။ ချယ်ဆီးဟာ ခြေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ၄မိနစ်အတွင်း ပေးလိုက်ရပြီးနောက် ဂိုးသမား ပီတာချက်စ်က အစ နောက်တန်းရော ကွင်းလယ်ပါ အမှားမှား အယွင်းယွင်းတွေ ဖြစ်ရုံမက တကိုယ်ကောင်းဆန်စွာ ရီးဒင်းဂိုးပေါက်ကို ကန်သွင်းနေတာကြောင့် ခြေပဂိုးရဖို့ ခက်ခဲသွားခဲ့ပါတယ်။ တောရက်စ်နဲ့ ဟာဇက်အပြင် မီခေးလ်နဲ့ ရာမီရက်စ်တို့ဟာ လူပေးအမှားဆုံး ဂိုးပေါက်အလွဲဆုံးဖြစ်နေခဲ့ပါတယ်။
ပထမပိုင်း ၄၅ မိနစ်ပြိးဆုံးချိန်အထိ ချယ်ဆိးဟာ တချိန်လုံး ဂိုးပေါက် ကန်သွင်းနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားသွားခဲ့သလို ရီးဒင်းကလည်း တန်ပြန်တိုက်စစ်ကနေ ရရင် ရသလို ဆက်တိုက် ပြန်လည် ခြိမ်းခြောက်သွားခဲ့ပါတယ်။
ဒုတိယပိုင်း
ပြန်စချိန်မှာလည်း ရာမီးရက်စ်ဟာ ထင်သလောက် ကစားအား တက်မလာခဲ့ပြန်ပါဘူး။
အက်ရှ်လေကိုးလ်နဲ့ လမ်းပတ်တို့ရဲ့ 0ne - Two Touch ကနေ ကိုးလ်ဟာ
ဖြတ်တင်ပေးလိုက်ပေမဲ့ ဒီည တစ်ချိန်လုံး ဖြတ်တင်ဘောတွေမှာ အားနည်းနေတဲ့
ကိုးလ်ရဲ့ ဘောလုံးဟာ တောရက်စ်ဆီ မရောက်ဘဲ ပျက်သွားခဲ့ပြန်ပါတယ်။
နောက်ပိုင်းမှာ တယ်ရီ၊ အိုင်ဗန်နိုဗစ်တို့ရဲ့ တိုက်စစ်ကို လိုက်ပါ
ဖန်တီးပေးမှုတွေကနေ ဂိုးရဖို့ မျှော်လင့်ချက်များ ရှိလာသလို ရီးဒင်းရဲ့
တန်ပြန် တိုက်စစ်ဟာလည်း ကြောက်စရာကောင်းလောက်အောင် အပေးအယူ တိကျမှုတွေကို
မြင်တွေ့ခဲ့ရပါတယ်။ ဟာဇက်ရဲ့ အတို့အလှည့်၊ ရှေ့တန်းဘယ်ညာ အပြည့်ကစားပုံနဲ့
တိုက်စစ်ဆင်ပုံကြောင့် ရီးဒင်းနောက်တန်းဟာ ဟာဇက်အတွက် ၃ ယောက်လောက်
အလုပ်များနေခဲ့ပါတယ်။ အဲဒီနောက်မှာ ရာမီရက်စ်အစား ဘရာဇီးလူငယ်လေး လူသစ်
အော်စကာကို နည်းပြ ဒီမက်တီယိုဟာ လဲလိုက်ပါတယ်။ အော်စကာ
ဝင်လာပြီးတဲ့နောက်မှာ လမ်းပတ်ဟာ တိုက်စစ်ကို သိပ်မလိုက်တော့ဘဲ နောက်မှာဘဲ
ချန်ကာ ဖန်တီးမှုတွေကို ပြုလုပ်လာခဲ့ပါတယ်။

စက်တင်ဘာလကုန်လောက်ဆိုရင် ညာတောင်ပံ တိုက်စစ်မှူးအဖြစ် အမြဲတမ်း ၀င်ကစားရဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားခံရတဲ့ အော်စကာဟာ ဒီကနေ့မှာတော့ ဘောလုံးအပျက်များနေတာကို တွေ့ရပါတယ်။ ချယ်ဆီးနဲ့ အံမ၀င်သေးတဲ့ သဘောပါ။ တခါတရံမှာ လှပတဲ့ လှည့်စားမှုတွေနဲ့ အော်စကာရဲ့ ဖန်တီးမှုတွေကို တွေ့ရပေမဲ့ ၀ီဂန်နဲ့ ပွဲတုန်းကလောက် မကောင်းခဲ့ပါဘူး။ တောရက်စ်ကလည်း ဂိုးကံခေနေသေးတာကြောင့် ချယ်ဆိးဟာ ပွဲချိန် ၆၉ မိနစ်အထိ ရီးဒင်းရဲ့ ဦးဆောင်မှုကို ပြန်လည် မချေပနိုင်ခဲ့ပါဘူး။ မီခေးလ်အစား တိုက်စစ်မှူး စတားရိုက် ၀င်လာခဲ့ပါတယ်။ သို့ပေမဲ့ ထင်မှတ်မထားတဲ့ အပေးအယူကနေ ချယ်ဆီးဗဟိုခံစစ်မှူး ကာဟေးလ်ဟာ ကိုက် ၂၀ လောက်ကနေ အပြင်းကန်သွင်းလိုက်တာကြောင့် ချယ်ဆီးတို့ ခြေပဂိုး ပြန်လည် ရရှိသွားပြီး အသက်ရှုအနည်းငယ် ချောင်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ချယ်ဆီးဟာ တောက်လျှောက် ဖိကစားသွားခဲ့သလို အနိုင်ဂိုးရဖို့ကို ဆက်တိုက်ကို တိုက်စစ်ဆင်သွားခဲ့ပါတယ်။

သို့ပေမဲ့ မာတာရဲ့ ဂိုးပေါက် လွဲချော်မှုဟာ ဒိကနေ့ညအတွက်တော့ ပြောစရာ ဖြစ်သွားခဲ့ပါတယ်။ အပိုင်ကန်ချက်များအပြင် အဝေးကစ်တွေပါ လွဲနေတာကြောင့် ချယ်ဆီးအတွက် အနိုင်ဂိုးရဖို့ ခက်ခဲနေခဲ့ပြန်ပါတယ်။ တောရက်စ်ရဲ့ တကိုယ်တော် ဖန်တီးမှုတွေ ဟာဇက်ရဲ့ ဘယ်ညာအပြည့် လှည့်ပတ် ကစားပုံတွေကြောင့် တဖြည်းဖြည်းနဲ့ ရီးဒင်းနောက်တန်းဟာ ဟာကွက်တွေ ပြန်ပေါ်လာခဲ့ပြီး မာတာကနေ တောရက်စ်၊ တောရက်စ်ကနေ ဘယ်အစွန်တစ်လျှောက် ပြေးတက်လာတဲ့ အက်ရှ်လေကိုးလ်ဆီ တဆင့် ပေးလိုက်ရာ အဆိုပါ အင်္ဂလန်လက်ရွေးစင်ရဲ့ ဂိုးပေါက်ရှေ့ အသာအယာ ဖြတ်တင်ပေးမှုကနေ တိုက်စစ်မှူး တောရက်စ်ဟာ ဒီရာသီအတွက် ပထမဆုံးဂိုးကို ဘောလုံးနှင့် ဖိနပ် ထိရုံလေးဖြင့် ရယူသွားနိုင်ခဲ့ပါတယ်။
ချယ်ဆီးဟာ အနိုင်ဂိုးသွင်းပြီး ၃-၂ ဆိုသည့် ရလဒ်ကိုလည်း ရပြီဖြစ်တာမို့ ပွဲချိန်ကလည်း ၁၀မိနစ်ခန့်သာ ကျန်တော့တာမို့ ကစားအား အနည်းငယ်ချလိုက်တဲ့အပြင် ချယ်ဆီးရဲ့ ဒုတိယပိုင်း တိုက်စစ်ကို တချိန်လုံး လိုက်ပါနေပြီး အပိုင်လုံးတွေကို ဖြုန်းတီးနေတဲ့ မာတာအစား မီရာလက်စ်ကို ထည့်လိုက်ပါတယ်။ ခံစစ်ပိုင်းကို အသာပေးလာတဲ့ ချယ်ဆီး ကစားပုံကြောင့် ရီးဒင်းတို့ဟာ တရစပ်တိုက်စစ်ဆင်ကာ ခြေပဂိုးရဖို့ အားထည့်လာခဲ့ပြန်ပါတယ်။

အချိန်ပို ၅ မိနစ်အထိ ဒိုင်အဖွဲ့က သတ်မှတ်ပေးပြီးမှာ ရီဒင်း တသင်းလုံး ဖိကစားလာပါတယ်။ ပွဲချိန် ၉၅ မိနစ်အရောက်မှာတော့ ရီးဒင်းဘက်က ရတဲ့ ဒေါင့်ကန်ဘောကို ရီးဒင်းရဲ့ ဂိုးသမားကိုယ်တိုင် တက်ကန်လာတာကို မြင်တွေ့လိုက်ရပါတယ်။ ဒါဟာ သိပ်ကို အန္တရယ်များတဲ့ စွန့်စားမှု ဖြစ်ပေမဲ့ ဧည့်သည်အသင်းဟာ သရေ တစ်မှတ် ရဖို့ နောက်ဆုံးမိနစ် မျှော်လင့်ချက်ကြောင့် အခုလို စွန့်စားသွားခဲ့တာ ဖြစ်ပါတယ်။ သို့ပေမဲ့ အဆိုပါ ဒေါင့်ကန်ဘောဟာ ပျက်သွားခဲ့ပြီး ဟာဇက်ဆွဲပြေးကာ ရီဒင်းဂိုးပေါက်မှာ ဂိုးသမားမရှိတော့တာမို့ တဖက်ကလည်း အိုင်ဗန်နိုဗစ်ရဲ့ ပါးနပ်မှုရှိရှိနဲ့ ပြေးသွားခဲ့တာကြောင့် ချယ်ဆီးအသင်းဟာ ၄ ဂိုး ၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ ဘာကာလေပရီးမီးယားလိဂ်ဇယားကို တစ်ပွဲကြိုနဲ့ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။
ဒီကနေ့ပွဲမှာ ၂ပွဲကန် ၂ဂိုးသွင်းခဲ့တဲ့ လမ်းပတ်နဲ့ အိုင်ဗန်နိုဗစ် ၊ ၂ပွဲပေါင်း ၃ဂိုးဖန်တီးခဲ့တဲ့ ဟာဇက်တို့အပြင် ချယ်ဆီးနောက်ခံလူတွေရဲ့ ဂိုးသွင်းသေချာမှုတွေကြောင့် ချယ်ဆီးဟာ ယခုလို ၂ပွဲကစား ၂ပွဲနိုင်နဲ့ အမှတ်ပြည့် ၆ မှတ်နဲ့ ပရီးမီးယားလိဂ် စစ်မျက်နှာပြင်မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
လမ်းပတ်ဟာ ပရီးမီးယားလိဂ် ပယ်နယ်တီဂိုးပေါင်း ၃၉ဂိုးအထိ ရရှိသွားခဲ့ပြီး အလန်ရှီးယားရဲ့ ၅၆ ဂိုး နောက်မှာ ဒုတိယနဲ့ ဆက်လက် ဦးဆောင်သွားနိုင်ခဲ့ပါတယ်။
ဒီကနေ့ညရဲ့ ဒိုင်လူကြီးကတော့ လီမာဆွန် ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ အ၀ါကဒ် အနီကဒ် တစ်ခုမှ မရခဲ့ပေမဲ့ ရီးဒင်းအသင်းကတော့ အ၀ါကဒ် ၂ကဒ် ပိုင်ဆိုင်သွားခဲ့ပါတယ်။
Chelsea (4-2-3-1): Cech; Ivanovic, Cahill, Terry (c), Cole; Mikel (Sturridge 67), Lampard; Ramires (Oscar 57), Hazard, Mata (Meireles 84); Torres.
Unused subs Turnbull, Bertrand, Essien, Romeu.
Scorers Lampard pen 18,Cahill 68, Torres 80, Ivanovic 90+5.
Reading (4-4-1-1): Federici; Gunter, Pearce, Gorkss, Harte; McCleary (Robson-Kanu 85), Karacan (Le Fondre 71), Leigertwood, McAnuff (c); Guthrie; Pogrebnyak (Hunt 77).
Unused subs Tabb, Mariappa, McCarthy, Cummings.
Scorers Pogrebnyak 24, Guthrie 28.
Booked Karacan 57, Pogrebnyak 64.
Referee Lee Mason
Crowd 41,733




ပွဲစဉ် ( ၃ ) ချဲလ်စီး vs ရီးဒင်း ဟိုက်လိုက်ကြည့်ရန် ဒီနေရာကို ကလစ်ပါ
0 comments:
Post a Comment