
၂၀၁၂-၂၀၁၃ ဘောလုံးရာသီအတွက် ချယ်လ်ဆီးအသင်း၏ တတိယ၀တ်စုံကို အသင်းမှ တရားဝင်ထုတ်ပြန်ခဲ့ပါသည်။
ဝတ်စုံဒီဇိုင်းမှာ အမည်းရောင်ဖြစ်ပြီး ရှေ့ရင်ဘတ်ပေါ်တွင် Adidas နှင့် အသင်းတံဆိပ်နေရာများတွင် တောက်ပသည့်
အ၀ါရောင်အစင်းများ ထည့်ထားပါသည်။ အ၀ါရောင်ခံထား၍ ပိုမိုထင်ရှားစေရန် အသင်း အ၀ိုင်းတံဆိပ်မှာ အပြာမှ
အနက်ရောင်သို့ပြောင်းလဲထားပါသည်။
ဝတ်စုံဒီဇိုင်းအား နာမည်ကျော် Adidas Co. မှ နောက်ဆုံးပေါ် “Techfit” နည်းပညာဖြင့်ထုတ်လုပ်ထားခြင်းဖြစ်ပြီး
အရောင်းဆိုင်များတွင် စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။ တရားဝင်ရောင်းဈေးများမှာ လက်တို+ဘောင်းဘီတစ်စုံလျှင်
အမေရိကန်ဒေါ်လာ (၉၇.၁၀)၊ လက်ရှည်+ဘောင်းဘီတစ်စုံလျှင် အမေရိကန်ဒေါ်လာ (၁၀၄.၈၀)ကျသင့်မည်
ဖြစ်ကြောင်း သိရှိရသည်။
0 comments:
Post a Comment