Saturday, 25 August 2012

အော်စကာ ချယ်လ်ဆီးအသင်းသို့ ရောက်ပြီ


ချယ်လ်ဆီးအသင်းသည် ဘရာဇီးလ်ကွင်းလယ်ကစားသမား အော်စကာအား ‌ခေါ်ယူရန် သဘောတူညီမှု
ရရှိခဲ့ပြီဖြစ်ကြောင်း အသင်း၏၀က်ဘ်ဆိုဒ်မှ တရားဝင်ကြေငြာခဲ့ပါသည်။ အသက်(၂၀)အရွယ် ဘရာဇီးလ် အိုလံပစ်လက်ရွေးစင် ကစားသမားလေးအား ချယ်လ်ဆီး ကင်းထောက်အဖွဲ့မှ ကာလကြာရှည်စွာ
‌စောင့်ကြည့်ခဲ့ပြီး မကြာသေးမီကမှ  ကမ်းလှမ်းမှုများစတင်ပြုလုပ်ခြဲ့ပီးယုံကြည်ရ‌သောသတင်းအရ
‌ပေါင် သန်း(၂၀)ေ ကျာ်ဝန်းကျင်နှင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လောလောဆယ် အော်စကာသည် ဘရာဇီးလ်အိုလံပစ်အသင်းနှင့်အတူ  အဂ်လန်နိုင်ငံသို့ ရောက်ရှိ

‌နေပြီး ပြိုင်ပွဲဝင်‌နေသည်။ အော်စကာမှာ လူးဝစ်၊ ရာမီးရက်စ်၊လူးကပ်စ်ပီရာဇွန် တို့နောက် ချယ်လ်ဆီး အသင်းသို  ရောက်ရှိလာသည့်(၄)ယောက်မြောက်ဘရာဇီးလ်ကစားသမား ဖြစ်လာသည်။ ယခုအခါ ချယ်လ်ဆီးကွင်းလယ်တွင်  မာတာ၊ မာကိုမာရင်၊ ဟာဇက်၊ ဒီဘရုန်း၊ ရာမီးရက်စ်၊
ပီရာဇွန်၊ ယခု အော်စကာအပါဝင် စုစုပေါင်း တိုက်စစ်အားသန်ကစားသမား (၇)ယောက်အထိရှိလာပြီ
ဖြစ်ပြီး  ၄င်းတို့အထဲမှ  မည်သည့်ကစားသမားများကို နည်းပြဒီမက်တီယိုက ပထမဦးစားပေးအဖြစ်
ရွေးချယ်မည်ဆိုသည်မှာစိတ်ဝင်စားဖွယ်ဖြစ်သည်။ အော်စကာနှင့်ပတ်သက်၍ အချက်အလက်များနှင့် ကစားဟန်အနေအထားတို့ကို အောက်ဖော်ပြပါလင့်ခ်တွင်ဖတ်ရှုနိုင်ပါသည်-

0 comments:

Post a Comment