Saturday, 25 August 2012

တစ်ယောက်လျော့ ချယ်လ်ဆီးအသင်းအား အနိုင်ယူပြီး ကွန်မြူနတီဒိုင်းကို မန်စီးတီးဆွတ်ခူး


ချယ်လ်ဆီး ၂ – ၃ မန်စီးတီး
ပရီးမီးယားရာသီကြိုဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ချန်ပီယံနဲ့အက်ဖ်အေချန်ပီယံတို့ရဲ့ ကွန်မြူနတီဒိုင်း
ပြိုင်ပွဲမှာ မန်စီးတီးအသင်းက ချယ်လ်ဆီးအသင်းကို (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက

ဒီမက်တီယိုပြောထားသည့်အတိုင်း တောင့်တင်းတဲ့လူစာရင်းဖြစ်သည့် ၄-၂-၃-၁ ကစားကွက်မှာ ပီတာချက်(ဂိုး)၊
မီခေးလ်၊ လမ်းပတ်(ကွင်းလယ်ခံစစ်)၊ ဟာဇက်၊ မာတာ၊ ရာမီးရက်စ်(ကွင်းလယ်တိုက်စစ်)၊ တောရက်စ်(ရှေ့)တို့နဲ
ပွဲထွက်လာပါတယ်၊ မန်စီးတီးအသင်းကတော့ မနှစ်ကနဲ့မတူဘဲ ၃-၄-၁-၂ ကစားကွက်သုံးပြီး  ပန်တီလီမွန်(ဂိုး)၊
ဆာဗစ်၊ ကွန်ပနီ၊ ဇာဘလက်တာ(နောက်တန်း)၊ ကွင်းလယ်မှာ ဆေးလ်ဗားကို အနားပေးထားပြီး ကိုလာရော့ကို
ကွင်းလယ်အထိ ကိုလိုတိုရေး၊ဒီဂျောင်၊ နာဆရီ တို့နဲ့အတူ အပြောင်းလဲလုပ် ရင်ဆိုင်ခဲ့တာကိုတွေ့ရပါတယ်၊
တိုက်စစ်ကတော့ ထုံးစံအတိုင်း တိဗက်ဇ်၊ အဂူရိုတို့နဲ့ပါ။
ပထမပိုင်းမိနစ်နှစ်ဆယ်လောက်အထိ ပုံမှန်အပေးအယူလုပ်တာကလွဲလို့ ချယ်လ်ဆီးကစားကွက်တည်မရပါဘူး၊
မန်စီးတီးကလည်း ကစားကွက်သာတယ်ဆိုရုံပါပဲ၊ (၁၅)မိနစ်မှာ ချယ်လ်ဆီးအသင်ရဲ့ညာထောင့်ကျဉ်းမှာ နာဆရီ
ပီတာချက်နဲ့တစ်ဦးချင်းတွေ့ပြီး ကန်ခွင့်ရတဲ့အခွင့်အရေးကလွဲလို့ ထိထိရောက်ရောက်တော့မရှိပါဘူး၊ မန်စီးတီး
အသင်းဟာ ပထမပိုင်းတစ်ပိုင်းလုံး ချယ်လ်ဆီးအသင်းရဲ့ ညာခြမ်းကနေပဲ အဓိကထိုးဖောက်သွားတာကို
တွေ့ရပါတယ်။
ချယ်လ်ဆီးရတဲ့ ပထမဂိုးကတော့ (၃၉)မိနစ်မှာ ဘယ်ခြမ်းက ကိုးလ်ပေးပို့တာကတစ်ဆင့် ရာမီးရက်စ်က
မန်စီးတီးနောက်တန်း(၂)ယောက်တားထားတဲ့ကြား ဖောက်ထွက်ပြီး တောရက်စ်ကို ထိုးပေးလိုက်ရာမှာ
ဘယ်ခြေနဲ့ အီနီးကပ်သွင်းယူသွားခဲ့တာပါ၊ တောရက်စ်ဘောလုံးမရမီ ဟာဇက်ကိုယ်ယောင်ပြကောင်းလို့ ဒီဂိုး
ရတာလို့လဲပြောလို့ပါတယ်။ ဒါပေမယ့်ဂိုးရပြီး (၂)မိနစ်အကြာမှာပဲ အီဗန်နိုဗစ်က ကိုလာရော့ဗ်ကို လျောထိုး
ဖျက်ထုတ်တာကြမ်းတယ်ဆိုပြီးအနီကဒ်ပြထုတ်လိုက်ပါတယ်၊ဒီပြစ်ဒဏ်ဟာ ပြင်းထန်လွန်းတယ်လို့ယူဆပါတယ်၊
ရှေ့ထိုးဖျက်ထုတ်မှုမဟုတ်သလို နောက်ကဖျက်ထုတ်တာလည်းမဟုတ်တဲ့အပြင် ဘောလုံးပါရရှိတဲ့အတွက်
အနီကဒ်ဟာ မဖြစ်သင့်ပါဘူး။
ဒီမက်တီယိုက ဒုတိယပိုင်းမှာ ဘာစီလိုနာနဲ့ပွဲတုန်းကလို ရာမီးရက်စ်ကို ညာနောက်ခြမ်းအထိဆင်းကစား
စေခဲ့ပြီးခံစစ်လုံအောင်ပိတ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ (၅၂)မိနစ်မှာ ချယ်လ်ဆီး ဘယ်ခြမ်းကနေ
မီလ်နာဖြတ်တင်ပေးတဲ့ ဘောလုံးကို တယ်ရီဖျက်ထုတ်တာ မသေသပ်တဲ့အတွက် ဒီပွဲရဲ့ man of the match
ယာယာတိုရေးက ဧရိယာထိပ်ကနေ အနိမ့်ဘောကန်သွင်းယူသွားခဲ့တာပါ၊ နောက်တစ်ဂိုးလည်း အလားတူပါပဲ၊
(၅၈)မိနစ်မှာဧရိယာထိပ်ကနေ တိဗက်ဇ်က သူ့ရဲ့ trade mark အပြင်းကန်ချက်နဲ့ ပီတာချက်ရဲ့ ဘယ်ထောင့်
အပေါ်ကို သွင်းယူသွားခဲ့ပါတယ်၊ ဒီဂိုးက လူးဝစ်ပိတ်ထားတဲ့ကြားက တိဗက်ဇ်ကောင်းလွန်းလို့ပါ။
(၂)ဂိုးရပြီးနောက်ပိုင်းအချိန်တော်တော်များများကိုလည်းမန်စီးတီးက စိုးမိုးထားနိုင်ခဲ့ပါတယ်၊တတိယဂိုးကတော့
ညာခြမ်းက ရာမီးရက်စ် တိုက်စစ်မှာကျွံနေတာကို အခွင့်အရေးယူပြီး ကိုလာရော့ ဖြတ်တင်ပေးတဲ့ဘောလုံးကို
နာဆရီကသွင်းယူသွားခဲ့ပါတယ်၊ အဲ့ဒီနောက်ဒီမက်တီယိုက ထိရောက်တဲ့ အပြောင်းအလဲလုပ်လိုက်ပါတယ်၊
မာတာနေရာ စတားရစ်ခ်ျ၊ ခံစစ်ကိုမကူနိုင်တဲ့ ဟာဇက်နေရာဘားထရန့်တို့ကိုထည့်လိုက်မှ ချယ်လ်ဆီးရဲ့ တိုက်စစ်
ပြန်အသက်ဝင်လာပါတယ်၊ အထူးသဖြင့် စတားရစ်ခ်ျဟာ အထောင်တိုက်စစ်မှူးနေရာကလွဲလို့ နောက်ချန်
တိုက်စစ်မှူး(သို့) တောင်ပံတိုက်စစ်တွေမှာ တော်တော်အသုံးဝင်တာကိုတွေ့ရပါတယ်၊ ချယ်လ်ဆီးရဲ့ဒုတိယဂိုးက
သူရဲ့ကန်ချက်ကောင်းလို့ စီးတီးဂိုးသမားဆီကပြန်အံထွက်လာတာကို ဘားထရန့်ဝင်ပိတ်ပြီး သွင်းယူသွားခဲ့တာပါ၊
ဘားထရန့်ကတော့ နောက်ပွဲတွေမှာ super sub အနေနဲ့အသုံးပြုလာဖွယ်ရှိပါတယ်။
ပွဲကိုခြုံငုံသုံးသပ်ရပါက ဒီမက်တီယိုဟာ ရာမီးရက်စ်ကို ညာနောက်ခံဆင်းကစားစေတာထက် ဟတ်ချီဆင်(သို့)
ကားဟေးလ်ကိုထည့်ကစားစေမယ့် Plan B ကောင်းကောင်းချထားခဲ့သင့်ပါတယ်၊ ဟတ်ချီဆင်ကို ဒီပွဲမှာစာရင်း
မထည့်ထားပေမယ့်နောက်ပိုင်းပွဲတွေမှာသုံးဖို့ စဉ်းစားသင့်ပါပြီ၊ ဟာဇက်ကတော့ ထိုးဖောက်မှုတွေကောင်းပေမယ့်
ချိတ်ဆက်မိဖို့နေပါသေးတယ်၊ ဒါပေမယ့် သူ့ကစားပုံဟာ မကြာခင်အထိုင်ကျမယ့်ပုံပါ၊ အသင်းလိုက် ဘောလုံး
အတိုပေးပို့မှု (close passing)တွေ ဒီ့ထက်ကောင်းမွန်ဖို့လိုသေးတာတွေကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့်
ဒီနေ့ပွဲမှာ (၁၀)ယောက်နဲ့ကစားပေမယ့် ခံစစ်သက်သက်ချည်းမဟုတ်ဘဲ တိုက်စစ်ပြန်ကစားနိုင်တာကတော့
ချီးကျူးစရာပါ၊ တောရက်စ်အနေနဲ့လည်း ယုံကြည်မှုရတဲ့ပုံဖြစ်နေသလို ရာသီအစပွဲမှာ ဂိုးသွင်းယူနိုင်တာဟာ
အားရစရာပါ၊ အကယ်၍များ ဒီပွဲမှာ မာရင်၊ အော်စကာတို့ပါလာပြီး (၁၁)ယောက်ချင်း ယှဉ်ပြိုင်ရပြီဆိုရင်တော့ အခုလိုအဖြေထွက်လာနိုင်ဖို့အလားအလာမရှိဘူးလို့ သုံးသပ်မိပါတယ်။ ဟိုက်လိုက်ကြည့်ရန် ဒီနေရာကို ကလစ်ပါ

0 comments:

Post a Comment