This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, 25 August 2012

ပွဲစဉ် ( ၂ ) ချဲလ်စီး vs နယူးကာဆယ်

စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) နောက်ကျပွဲ အဖြစ် နယူးကာဆယ်နှင့် ချဲလ်ဆီး အသင်းတို့ စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားသွား ခဲ့ရာ ချဲလ်ဆီး အသင်းတွင် တိုက်စစ်မှုး တောရက်စ် ခြေစွမ်းပြမှုနှင့် အတူ နယူးကာဆယ် အသင်းအား ၂ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိ ခဲ့သည်။ ချဲလ်ဆီး အသင်းအတွက် အဖွင့်ဂိုးကို တောရက်စ်ကြောင့် ရရှိ ခဲ့သည့် ပင်နယ်တီမှ တဆင့် ဟာဇတ် သွင်းယူ ခဲ့ပြီး၊ ဒုတိယဂိုးကို တိုက်စစ်မှုး တောရက်စ် ဟာဇတ်နှင့် အပေးအယူ လုပ်၍ လှလှပပ သွင်းယူ ခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲတွင် အိမ်ရှင်ချဲလ်ဆီး အသင်း၌ တိုက်စစ်မှုး တောရက်စ်ကို အထောင် တိုက်စစ်မှုးအဖြစ် ကစားစေ၍ ဘတ်ထရန်၊ ဟာဇတ်၊ မာတာ၊ မီယာလက်စ်၊ မီကေးလ် တို့ဖြင့် ဝန်းရံ စေခဲ့သည်။ ဂိုးသမား ပီတာဆက်ခ်ျနှင့်အတူ နောက်တန်း ခံစစ်တွင်တော့ ကာဟေးလ်၊ လူးဝစ်၊ ကိုးလ် အိုင်ဗန်နိုဗစ် တို့အား တွေ့ခဲ့ရသည်။ နယူးကာဆယ် တွင် တိုက်စ်စမှုး ဘာနှင့် ဆစ်ဆီ တို့အား တွဲ ကစားစေ ခဲ့ပြီး ဂူတီယာရက်ဇ်၊ ကာဘာယီ၊ အနီတာ၊ ဘင်အာဖာ တို့ဖြင့် ကွင်းလယ်ကို တည်ဆောက် ခဲ့သည်။ ခံစစ် လူများ အဖြစ် ဆင်မ်ဆန်၊ ကိုလော့စီနီ၊ တေလာ၊ ဆန်တန် တို့ကို အသုံးပြု ခဲ့ပြီး ကရူးလ် ကိုတော့ ဂိုးပေါက်ကိုကာကွယ်စေ ခဲ့သည်။
ယခုပွဲတွင် နှစ်သင်း ကစားအား ညီခဲ့ပြီး အပြန်အလှန် ထိုးဖောက်မှု များနှင့် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့သည်။ ပွဲချိန် ၁၇ မိနစ်တွင်ပင် ချဲလ်ဆီး အသင်း အပိုင် ဂိုးသွင်းခွင့် ရခဲ့သော်လည်း လူငယ် ကစားသမား ဘတ်ထရန်၏ ဖြုန်းတီးမှုကြောင့် ဂိုးစောစော ရမည့်အခွင့်အရေး လွဲချော် ခဲ့ရသည်။ နောက်ခံလူ ကာဟေးလ် ခံစစ်မှ တဆင့် ကန်တင်ပေးခဲ့သည့် ဘောလုံး တိုက်စစ်မှုး တောရက်စ် ဖမ်းယူ ခဲ့ပြီး ဘတ်ထရန် ကို အပိုင်ဂိုးသွင်းခွင့် ဖန်တီးပေး ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘတ်ထရန်၏

ပွဲစဉ် ( ၃ ) ချဲလ်စီး vs ရီးဒင်း

တောရက်စ်ကို အထောင်ထား ဟာဇက်ကို နောက်ချန်တိုက်စစ်မှူး အဖြစ်ထားကာ ရာမီရက်စ်၊ မာတာ၊ လမ်းပတ်တို့ ကွင်းလယ်မှာ နေရာယူပြီး မီခေးလ်ကို အဖျက်နဲ့ ကိုးလ်၊ တယ်ရီ၊ ကာဟေးလ်နဲ့ အိုင်ဗန်နိုဗစ်တို့ နောက်တန်းကို တာဝန်ယူစေတဲ့ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးပေးခဲ့တဲ့ နည်းပြ ရော်ဘတ်တို ဒီမက်တီယိုရဲ့ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲကြိုအဖြစ် ပေါ့ဂရီညှက်၊ မက်စ်ကလဲရီ၊ ကာရာကန်၊ မက်စ်အန်ဖ်၊ ဂူထရီ၊ လိုင်ဂီဝုဒ်၊ ဂန်တာ၊ ပီးရီစ်၊ ဂေါကစ်၊ ဟာတီနဲ့ ဂိုးသမား ဖီဒါရီယိုရီတို့ ပါဝင်တဲ့ တန်းတက် ရီးဒင်းကို ယနေ့ညမှာ စတန်းဖို့ဒ်ဘရစ်ကွင်းမှာ ဧည့်ခံကစားသွားခဲ့ပါတယ်။
Chelsea's Frank Lampard (right) celebrates with team-mate Ramires after scoring his side's first goal of the game


ချယ်ဆီးကတော့ ရာမီးရက်စ်နဲ့ ကာဟေးလ်တို့ ၀င်ရောက်လာတာကလွဲရင် ပထမဆုံး ၀ီဂန်ကို ၂-၀ နဲ့ နိုင်တဲ့ပွဲက လူစါရင်းအတိုင်း ပွဲထွက်လာခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ရီးဒင်းနဲ့ တွေ့ဆုံဖူးတဲ့ ငါးပွဲမှာ တစ်ပွဲမှ မရှုံးသေးတဲ့စံချိန်ကို ဆက်လက်ထိန်းဖို့ ကြားပွဲတစ်ပွဲကို လူစါရင်း ပြောင်းလဲမှု သိပ်မရှိဘဲ ကစားသွားခဲ့ပါတယ်။ ရီးဒင်းကတော့ ပွဲဦးထွက်မှာ စတုတ်ကို သရေကျခဲ့တာကြောင့် အားတက်နေတဲ့ အားမာန်တွေနဲ့ ရင်ဆိုင်ကစားသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ပွဲစတဲ့ ဆိုတာနဲ့ တိုက်စစ်ဆင် ကစားခဲ့ရာ ဟာဇတ်ရဲ့ ပံပိုးမှု မာတာရဲ့ ဖြတ်တင်ဘောတွေနဲ့ ရီးဒင်းနောက်တန်းကို ကောင်းကောင်းကြီး စတင်ခြိမ်းခြောက် ကစားသွားခဲ့ပါတယ်။ ပွဲချိန် ၇ မိနစ်မှာ မာတာ ဖန်တီးပေးတာကနေ ရာမီးရကစ် ဂိုးရဖို့ အပိုင်ကြိုးစားခဲ့ပေမဲ့ ပျက်ဆီးသွားခဲ့ရပါတယ်။ မကြာပါဘူး ရီးဒင်းဘက်ကနေ ဂူထရီရဲ့ ဆွဲပြေးမှုကနေ တိုက်စစ်မှူး ပေါ့ ကနေ ဂိုးသွင်းဖို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ပါသေးတယ်။ သို့ပေမဲ့ ချယ်ဆီးရဲ့ ထိန်းချုပ်မှု အောက်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ တဆက်တည်းမှာဘဲ ဘယ်နောက်ခံလူ အက်ရှ်လေကိုးရဲ့ ဖြတ်တင်ဘောကို တောရက်စ်ရယူပြီး ဂိုးအဖြစ် ဖန်တီးဖို့ ကြိုးစားခဲ့ပေမဲ့ ဂေါကစ်က ဖြတ်ထုတ်သွားခဲ့ပြန်ပါတယ်။ ဒီကနေ့ပွဲမှာ ရီးဒင်းရဲ့ ပြေးအားဟာ ထင်မထားတဲ့ နှုန်းနဲ့

ပွဲစဉ် ( ၁ ) ၀ီဂန် vs ချဲလ်စီး

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ၀ီဂန်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဟာဇက်ရဲ့
ခြေစွမ်းပြမှုနဲ့(၂)ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် (၁၄)ရာသီတလျောက် ရှုံးပွဲမရှိစံချိန်ကို
ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ၀ီဂန်အသင်းကလည်း မနှစ်ကအိမ်ကွင်းမှာ ချယ်လ်ဆီး၊ လီဗာပူး
အသင်းတွေကိုသရေ၊ မန်ယူ၊ နယူးကာဆယ်အသင်းတွေကို အနိုင်ကစားခဲ့အသင်းဖြစ်လို့ အိမ်ကွင်း

အသင်း၏ တတိယ ၀တ်စုံသစ်ထုတ်ပြန်


၂၀၁၂-၂၀၁၃ ဘောလုံးရာသီအတွက် ချယ်လ်ဆီးအသင်း၏ တတိယ၀တ်စုံကို အသင်းမှ တရားဝင်ထုတ်ပြန်ခဲ့ပါသည်။
ဝတ်စုံဒီဇိုင်းမှာ အမည်းရောင်ဖြစ်ပြီး ရှေ့ရင်ဘတ်ပေါ်တွင် Adidas နှင့် အသင်းတံဆိပ်နေရာများတွင် တောက်ပသည့်
အ၀ါရောင်အစင်းများ ထည့်ထားပါသည်။ အ၀ါရောင်ခံထား၍ ပိုမိုထင်ရှားစေရန် အသင်း အ၀ိုင်းတံဆိပ်မှာ အပြာမှ

အော်စကာ ချယ်လ်ဆီးအသင်းသို့ ရောက်ပြီ


ချယ်လ်ဆီးအသင်းသည် ဘရာဇီးလ်ကွင်းလယ်ကစားသမား အော်စကာအား ‌ခေါ်ယူရန် သဘောတူညီမှု
ရရှိခဲ့ပြီဖြစ်ကြောင်း အသင်း၏၀က်ဘ်ဆိုဒ်မှ တရားဝင်ကြေငြာခဲ့ပါသည်။ အသက်(၂၀)အရွယ် ဘရာဇီးလ် အိုလံပစ်လက်ရွေးစင် ကစားသမားလေးအား ချယ်လ်ဆီး ကင်းထောက်အဖွဲ့မှ ကာလကြာရှည်စွာ
‌စောင့်ကြည့်ခဲ့ပြီး မကြာသေးမီကမှ  ကမ်းလှမ်းမှုများစတင်ပြုလုပ်ခြဲ့ပီးယုံကြည်ရ‌သောသတင်းအရ
‌ပေါင် သန်း(၂၀)ေ ကျာ်ဝန်းကျင်နှင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လောလောဆယ် အော်စကာသည် ဘရာဇီးလ်အိုလံပစ်အသင်းနှင့်အတူ  အဂ်လန်နိုင်ငံသို့ ရောက်ရှိ

တစ်ယောက်လျော့ ချယ်လ်ဆီးအသင်းအား အနိုင်ယူပြီး ကွန်မြူနတီဒိုင်းကို မန်စီးတီးဆွတ်ခူး


ချယ်လ်ဆီး ၂ – ၃ မန်စီးတီး
ပရီးမီးယားရာသီကြိုဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ချန်ပီယံနဲ့အက်ဖ်အေချန်ပီယံတို့ရဲ့ ကွန်မြူနတီဒိုင်း
ပြိုင်ပွဲမှာ မန်စီးတီးအသင်းက ချယ်လ်ဆီးအသင်းကို (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက

Eva Carneiro (သို့) Chelsea Hot Doctor


ပရီးမီးယားလိဂ်တွေစတော့မယ်ဆိုတော့ ကစားသမားတွေတော့မသိဘူး၊ ကိုယ်တွေအားပေးတဲ့သူတွေက ကိုယ့်
အသင်းအနိုင်ရရေးအဓိကဆိုပေမယ့် ကစားသမားတွေ ဒဏ်ရာကင်းစင်ဖို့ ရာသီကြိုခြေစမ်းပွဲတွေကနေ ဆုတောင်း
ရတာအမောပဲ၊ အခုတောင် မာကိုမာရင်က ရာသီမစရသေးဘူးနာချင်နေပြီ၊ ဘာပဲပြော ကစားသမားတွေ ဒဏ်ရာ
ရခဲ့ရင် ဆေးကုသမှုအပြင် အပိုဆောင်း စိတ်ချမ်းသာဖို့ အဆင်သင့် ဆရာဝန်မလေးတစ်ယောက်ရှိပါတယ်၊
သူကတော့ ပထမအသင်းရဲ့ဆရာဝန်မ‌လေး၊ EPL မှာတော့ Chelsea Hot Doctor လို့လူသိများတဲ့ အီဗာကာနီရို
အ‌ကြောင်းကို တင်ဆက်လိုက်ပါတယ်…
‌ဘောလုံးအသင်းတစ်သင်းမှာ  medical staff ‌တွေဘယ်‌လောက်အ‌ရေးပါလဲဆိုတာ ပြီးခဲ့တဲ့နှစ်အတွင်းမှာပဲ
သာဓကအ‌နေနဲ့‌ဘော်လ်တန်အသင်းကက မူအမ်ဘာ နှလုံးရုတ်တရက်ရပ်သွားတာကို စပါးအသင်းကျန်းမာ‌ရေး
ဝန်ထမ်း‌တွေ အချိန်မှီကယ်တင်နိုင်ခဲ့တာရယ် အီတလီ ‌စီးရီးဘီ လီ‌ဗော်နိုအသင်းမှ ကစားသမား ‌မော်ရိုစီနီ
ကွင်းအတွင်းလဲကျ‌သေဆုံးခဲ့ရတဲ့ဖြစ်ရပ်‌တွေဟာ‌ ဘောလုံးပွဲနိုင်ဖို့တစ်ခုထဲအာရုံစိုက်‌နေရုံနဲ့ မရဘဲ ကွင်းအတွင်း
ကျန်မာ‌ရေးဟာ အသက်တမျှအ‌ရေးကြီးတယ်ဆိုတာ သက်‌သေပြ‌နေပါတယ်….
ဒါ့အပြင် မထင်မှတ်တာ‌လေး‌တွေနဲ့ကစားသမားတစ်‌ယောက်ရဲ့ဘ၀ဟာအဆုံးသတ်သွားနိုင်လို့ အသင်းရဲ့
medical treatment ‌တွေကို ‌ကျေနပ်တာရှိသလို မ‌ကျေနပ်မှု‌လေး‌တွေလည်းရှိတာကို သတိထားမိကြမှာပါ…
အထူးသဖြင့်ပြိုင်ဆိုင်မှုပြင်းထန်ပြီး လခ‌တွေတနင့်တပိုး‌ပေးထားတဲ့ ပရီးမီးယားလိဂ်မှာပိုဆိုးတယ်…
ဥပမာ မန်ယူက‌နေ မန်စီးတီးကို‌ အိုဝင်ဟားဂ‌ရေ့ပြောင်းရွှေ့ခဲ့တုန်းက အသင်း‌ဟောင်းမန်ယူအသင်းဟာ
သူ့ကိုကုသရာမှာအမှားမှားအယွင်းယွင်း‌တွေရှိခဲ့ပြီး သူ့ရဲ့ကစားသမားဘ၀ကို အဆုံးသတ်‌ရ‌သွားနိုင်တဲ့အထိ
ဖြစ်ခဲ့ရတယ်လို့ စွပ်စွဲတာကိုဖတ်လိုက်ရတယ်၊ အာဆင်နယ်အသင်း ကျန်းမာ‌ရေးဝန်ထမ်း‌တွေကလည်း
ဝဲလ်ရှိုင်းယား  အဂ်လန်အသင်းအတွက် ကစား‌ပေးစဉ်ဒဏ်ရာရရှိပြီး တစ်ရာသီလုံးနားရ‌နေရတဲ့ဖြစ်စဉ်မှာ
အဂ်လန်အသင်းရဲ့ medical staff ‌တွေကုသမှုကိုသ‌ဘောမကျခဲ့ဘူးဆိုပြီးလည်း သတင်း‌တွေမှာ‌တွေ့လိုက်ရတယ်။

အက်ဇ်ပီလီကျူတာအား ခေါ်ယူနိုင်ခဲ့ပြီ..။



မာဆေးလ်အသင်း ညာနောက်ခံလူ ဆီဇာ အက်ဇ်ပီလီကျူတာအား ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့တွင် ချယ်လ်ဆီးအသင်းမှ တရားဝင် အတည်ပြု ထုတ်ပြန်ကြေငြာခဲ့သည်..။
အသက် (၂၂) နှစ်ရှိ စပိန်အိုလံပစ် လက်ရွေးစင် ညာနောက်ခံလူသည် မွေးရပ်မြေဖြစ်သော အိုဆာဆူနာ ဘောလုံးအကယ်ဒမီထွက်ဖြစ်ပြီး ပြင်သစ်လီဂူး၊ မာဆေးလ်အသင်းတွင် နှစ်နှစ်ကြာ ကစားခဲ့သည်..။ သူ၏ကြေးစားဘောလုံးသမား ဘ၀အစတွင် ကွင်းလယ်တိုက်စစ်မှူးအဖြစ် ကစားခဲ့သော်လည်း နောက်ပိုင်းတွင် ညာနောက်ခံလူအဖြစ် ပြောင်ရွေ့ကစားခဲ့သည်..။ သူ၏လာလီဂါ ပွဲဦးထွက်မှာ ၂၀၀၇၊ ဧပြ (၇) ရက်နေ့တွင် ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်သော ရီးရဲလ်

မော့ဆက် ချယ်လ်ဆီးအသင်းသို့ တရားဝင်ရောက်ရှိ



ဝီဂန်အသင်းတောင်ပံတိုက်စစ်မှူး မော့ဆက်အား အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ချယ်လ်ဆီးအသင်းမှ
တရားဝင်ကြေညာခဲ့ပါသည်။  အသက်(၂၁)နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူးသည် ၄င်း၏ လူငယ်ဘောလုံး
ဘ၀အား လိဂ်ချန်ပီယံရှစ် ကလပ်အသင်းဖြစ်သည့် ခရစ်တယ်လ်ပဲလေ့စ်၏ အကယ်ဒမီသင်တန်းကျောင်းတွင်
စတင်ခဲ့ပြီး ၄င်း၏ ခြေစွမ်းပြမှုကြောင့် ၂၀၀၇ ခုနှစ်တွင် အသင်းကြီး၌ စတင်ပါဝင်ကစားခွင့်ရခဲ့သည်။